တရုတ်နိုင်ငံ ပြည်ပပို့ကုန်တင်ပို့မှု ဆက်လက်ကျဆင်း


19 June, 2023

တရုတ်နိုင်ငံ ပြည်ပပို့ကုန်တင်ပို့မှု ဆက်လက်ကျဆင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


မေလတွင် အမေရိကန်သို့ တရုတ်၏ ပို့ကုန်ဆန်ဖိုးသည် ကန်ဒေါ်လာအရ လွန်ခဲ့သည့်နှစ်ကထက် ၁၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ 
အရှေ့တောင်အာရှသို့ တင်ပို့မှုသည်လည်း ကျဆင်းနေသဖြင့် အမေရိကန်ဈေးကွက်အတွက် ပို့ကုန်တင်ပို့မှု ကျဆင်းသည်ကို အရှေ့တောင်အာရှဈေးကွက်တင်ပို့မှုက ခုထေပေးနိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ အရှေ့တောင်အာရှဈေးကွက်အပေါ် အားကိုးအားထားပြုဖို့ မဖြစ်နိုင်ပေ။
.
ကိုဗစ်ကာလတွင် အရှေ့တောင်အာရှသို့ တင်ပို့သည့် ပမာဏသည် အီးယူသို့ တင်ပို့သည့် ပမာဏထက် ကျော်လွန်သွားသည်အထိ မြင့်တက်ခဲ့သော်လည်း ပြီးခဲ့သည့် မေလတွင် ယမန်နှစ်ထက် ၁၆% ကျဆင်းခဲ့သဖြင့် တရုတ်နိုင်ငံ ပြည်ပပို့ကုန်တင်ပို့မှု စုစုပေါင်း ပမာဏ ကျဆင်းခဲ့သည်။ 
မေလတွင် တရုတ်နိုင်ငံသည် အမေရိကန်ဈေးကွက်သို့ ကန်ဒေါ်လာ ၄၂.၄၈ ဘီလီယံဖိုးတင်ပို့ခဲ့ပြီး အာဆီယံ ၁၀ နိုင်ငံသို့ ၄၁.၄၉ ဘီလီယံဖိုး တင်ပို့ခဲ့သည်။ 
.
ပို့ကုန် ကုမ္ပဏီများ အနေဖြင့် အမေရိကန်ဈေးကွက်သည် အာဆီယံထက် အမြတ်ပိုများများ ရရှိကြသည်။ 
.
ပြည်ပပို့ကုန်သည် တရုတ်နိုင်ငံ စီးပွားရေးတွင် ယခင်က ၃၀% ဝန်းကျင် နေရာယူထားခဲ့ရာမှ ယခုအခါ ၁၈% မျှသာ နေရာယူသည်။ 
.
ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှု နှေးကွေးခြင်းသည် အထူးသဖြင့် အမေရိကန်နှင့် အရှေ့တောင်အာရှတွင် နှေးကွေးနေခြင်းသည် တရုတ်ပို့ကုန်များအဖို့ အလားအလာ မကောင်းပေ။

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၏အဆိုအရအမေရိကန် GDP သည် ၂၀၂၂ တွင် ၂.၁% ရှိခဲ့ရာမှ ယခုနှစ်တွင် ၐ.၆% သို့ နှေးကွေးမည်ဟု ခန့်မှန်းရပါသည်။
အရှေ့တောင်အာရှသည်လည်း ဆက်လက်နှေးကွေးနေဆဲ ဖြစ်သည်။ 
.
အာဆီယံ၏ GDP သည် ယမန်နှစ်က ၅.၇% နှုန်း ရှိခဲ့ပြီး ယခုနှစ်တွင် ၄.၆% သို့ နှေးကွေးမည်ဟု အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့က ဧပြီလတွင် ပြောကြားခဲ့သည်။
.
မေလတွင် အမေရိကန်နှင့် အာဆီယံတို့ထံ တင်ပို့သည့် ပမာဏအသီးသီးသည် တရုတ်နိုင်ငံ ပို့ကုန်စုစုပေါင်း၏ ၁၅% စီ ရှိခဲ့သည်။ 
Source CNBC
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Export, Import Read 467 times