တရုတ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ရောင်းဝယ်မှုများတွင် ဒေါ်လာထက်  ယွမ်သုံးစွဲမှုက ပထမဆုံးအကြိမ် ပိုများ


28 April, 2023

တရုတ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ရောင်းဝယ်မှုများတွင် ဒေါ်လာထက်  ယွမ်သုံးစွဲမှုက ပထမဆုံးအကြိမ် ပိုများ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တရုတ်နိုင်ငံ၏ နယ်စပ်ဖြတ်ကျော် ရောင်းဝယ်မှုများတွင်  ယွမ်သည် ဒေါ်လာကို ကျော်တက်ပြီး အသုံးအများဆုံး ငွေကြေးအဖြစ်သို့ ရောက်ရှိလာသည်။
.
ယွမ်သည် ၂၀၂၃ ခုနှစ် မတ်လတွင် တရုတ်နိုင်ငံတွင် နယ်စပ်ဖြတ်ကျော် ရောင်းဝယ်မှုများအတွက် အသုံးအများဆုံးငွေကြေး ဖြစ်လာခဲ့ပြီး ဒေါ်လာထက်  ယွမ်သုံးစွဲမှုက ပထမဆုံးအကြိမ်အဖြစ် ပိုများခဲ့သည်။
ယွမ်ငွေကို နိုင်ငံတကာ သုံးစွဲစေရန် တရုတ်အစိုးရ၏ ကြိုးပမ်းမှုများ အရာထင်လာခြင်းဖြစ်သည်။ 
.
 နယ်စပ်ဖြတ်ကျော် ယွမ်ဖြင့် ငွေပေးချေမှုနှင့် လက်ခံဖြတ်ပိုင်းများ စုစုပေါင်းသည် ဖေဖော်ဝါရီလတွင် ဒေါ်လာ ၄၃၄.၅ ဘီလီယံဖိုး ရှိခဲ့ရာမှ မတ်လတွင် စံချိန်သစ်တင် ဒေါ်လာ ၅၄၉.၉ ဘီလီယံအထိ မြင့်တက်ခဲ့ကြောင်း ရိုက်တာသတင်းအရသိရသည်။
နယ်စပ်ဖြတ်ကျော် ရောင်းဝယ်မှုအားလုံး၏ ၄၈.၄% တွင် ယွမ်ကို အသုံးပြုခဲ့သည်။
ဒေါ်လာသည် ဖေဖော်ဝါရီလတွင် ၄၈.၆% ရှိခဲ့ပြီး မတ်လတွင် ၄၆.၇% သို့ လျော့ကျခဲ့သည်။
.
 တရုတ်နိုင်ငံသည် ယွမ်အသုံးပြုမှုကို နိုင်ငံတကာသို့ ကူးပြောင်းရန် ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုများ ပေးချေရန်အတွက် ယွမ်အသုံးပြုမှုကို မြှင့်တင်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။
ကမ္ဘာ့ကုန်သွယ်မှုတွင် ယွမ်ကို သုံးစွဲမှု နည်းပါးနေသေးသော်လည်း မှန်တန်းဖြင့် တိုးလာကြောင်း တွေ့ရသည်။
.
SWIFT မှ အချက်အလက်များအရ ကမ္ဘာ့ကုန်သွယ်မှု ငွေကြေးလွှဲပြောင်းမှုတွင် ယွမ်၏ဝေစုသည် မတ်လတွင် ၄.၅% အထိ မြင့်တက်ခဲ့ပြီး ဒေါ်လာသည် ၈၃.၇၁% ရှိကြောင်း သိရသည်။
Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Export, Import Banking & Loan Read 204 times