တရုတ်ပြည်သို့ ရုရှားဂျုံ တင်သွင်းရန် ပြန်လည်ခွင့်ပြု


28 February, 2022

တရုတ်ပြည်သို့ ရုရှားဂျုံ တင်သွင်းရန် ပြန်လည်ခွင့်ပြု

ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းဖြစ်သည် FAO (Food and Agriculture Organization) ၏ အချက်အလက်များအရ ၂၀၂၀ ခုနှစ်တွင် ရုရှးနိုင်ငံက ဂျုံတန်ချိန် ၈၆ သန်း ထုတ်လုပ်ခဲ့ပါသည်။
ဂျုံ ထုတ်လုပ်မှု အများဆုံးနိုင်ငံမှာ တရုတ်နိုင်ငံ ဖြစ်ပြီး ဒုတိယအများဆုံးနိုင်ငံမှာ အိန္ဒိယနိုင်ငံ ဖြစ်ပါသည်။ ရုရှားနိုင်ငံသည် တတိယအများဆုံး ဖြစ်ပါသည်။
တရုတ်နှင့် အိန္ဒိယတို့သည် ဂျုံထုတ်လုပ်မှု များပြား‌ေသာ်လည်း လူဦးရေ များပြားသောနိုင်ငံ ဖြစ်သဖြင့် ဂျုံစားသုံးသည့် ပမာဏလည်း များသဖြင့် ဘဲစားဘဲချေးအ‌ခြေအနေတွင် ရှိသည်။
တရုတ်နိုင်ငံသည် ပြည်တွင်းဂျုံဖူလုံစေရန် ပြည်ပမှ ဂျုံတင်သွင်းပါသည်။ ကမ္ဘာ့ စတုတ္ထအများဆုံး ဂျုံတင်သွင်းသည့် နိုင်ငံ ဖြစ်ပါသည်။


ကုလသမဂ္ဂ၏ Comtrade Database အချက်အလက်များအရ ရုရှားနှင့် ယူကရိန်း တို့သည် ဂျုံအများဆုံးတင်ပို့သည့် ထိပ်တန်း ၅ နိုင်ငံတွင် ပါဝင်သည်။ ကမ္ဘာ့ဈေးကွက်ထဲသို့ တင်ပို့သည့် ဂျုံတန်ချိန်စုစုပေါင်း၏ ၂၉% ဝန်းကျင်သည့် ရုရှားနှင့် ယူကရိန်းတို့မှ ဂျုံများဖြစ်သည်။
သို့ဖြစ်ရာ ဂျုံဈေးနှုန်းများ မြင့်တက်မည်ဟု ခန့်မှန်းနိုင်ပါသည်။

 

26928.jpeg

 

တရုတ်ပြည်သို့ ရုရှားဂျုံ တင်သွင်းရန် ပြန်လည်ခွင့်ပြု


တရုတ်နိုင်ငံ အကောက်ခွန်ဌာနက ဖေဖော်ဝါရီလ ၂၄ ရက်တွင် ရုရှားနိုင်ငံ မည်သည့်ဒေသထွက် ဂျုံကိုမဆို တရုတ်ပြည့်သို့ တင်သွင်းရန် ခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာပါသည်။

ရုရှားနိုင်ငံ အချို့ဒေသထွက် ဂျုံများတွင် ထွက်နှုန်းကျစေသည့် dwarf bunt fungus အမည်ရှိ မှိုများ ပါနေသဖြင့် တရုတ်အစိုးရက ရုရှားဂျုံ တင်သွင်းခွင့် ပိတ်ပင်ထားသည်ကို ယခုအခါ ပြန်လည် ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသို့ ဖေဖော်ဝါရီ လဆန်းပိုင်းတွင်ဘရုရှားသမ္မတ ပူတင်အလည်အပတ်လာစဉ်က ရုရှးဂျုံ တင်သွင်းခြင်းကို ပြန်လည်ခွင့်ပြုရန် သဘောတူခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပါသည်။

တရုတ်နိုင်ငံက ဂျုံတင်သွင်းမှု တစ်နှစ်ထက် တစ်နှစ် မြင့်တက်လာနေသည်မှာ ၂ နှစ် ရှိပြီ ဖြစ်ပါသည်။ 

 

Screenshot_2022-02-28_101255.jpg


ယခုလိုတင်သွင်းခွင့်ပြုသဖြင့် တရုတ်နိုင်ငံ စားသောက်ကုန် ဖူလုံရေးကို အထောက်အကူ ပြုပါသည်။
စီးပွားရေး ပိတ်ဆို့အရေးယူထားသဖြင့် ဂျုံတင်ပို့ရန် အခက်အခဲဖြစ်နေသော ရုရှားကို အသက်ရှူချောင်သွားစေပါသည်။

စစချင်းတွင် စမ်းသပ်တင်ပို့ခြင်း တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် လုပ်ဆောင်မည်ဟု Russian Union of Grain Exporters အသင်း ဉက္ကဋ္ဌ Eduard Zernin က ပြောကြားပါသည်။

"အကြီးအကျယ် တင်ပို့တာတွေက ၂၀၂၂-၂၀၂၃ ဂျုံရာသီကျမှ စတင်ပါလိမ့်မယ်။ အနည်းဆုံး တန်ချိန် ၁ သန်း တင်ပို့ဖို့ မျှော်မှန်းထားပါတယ်။ နောက်ပိုင်းမှာ ထပ်တိုးပြှီး တင်ပို့ဖြစ်ပါလိမ့်မယ်" ဟု ၎င်းက ပြောကြားပါသည်။

Agriculture & Livestock Global News Read 562 times