အကြီးအကျယ် အောင်မြင်သော ကုမ္ပဏီများ ဇာတိ တရုတ်ပြည်မှ ဖယ်ခွာ


06 May, 2023

အကြီးအကျယ် အောင်မြင်သော ကုမ္ပဏီများ ဇာတိ တရုတ်ပြည်မှ ဖယ်ခွာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 ကမ္ဘာ့အကြီးဆုံး cryptocurrency လဲလှယ်သည့် ကုမ္ပဏီ  Binance သည် တရုတ်ကုမ္ပဏီဟု အခေါ်မခံလိုပါ။

Binance ကို ၂၀၁၇  ခုနှစ်တွင် ရှန်ဟိုင်းမြို့မှာ စတင်တည်ထောင်ခဲ့ပြီး နည်းပညာလုပ်ငန်းကဏ္ဍမှ လုပ်ငန်းကြီးများကို တရုတ်အစိုးရက ဖြိုခွဲသဖြင့် ရှောင်ဖယ်ခဲ့ရသည်။
မူရင်းဇာတိ တရုတ်နိုင်ငံ ဖြစ်နေခြင်းက ဗြဟ္မာ့ဦးခေါင်း အဖြစ် ဆက်ဖြစ်နေဆဲဟု CZ ဟု အတိုကောက်ဖြင့် လူသိများသည့် Binance စီအီးအို Changpeng Zhao က ပြောကြားခဲ့ဖူးသည်။

“အနောက်တိုင်းမှ ကျွန်ုပ်တို့ကို ဆန့်ကျင်တိုက်ခိုက်နေကြသူများက အတိတ်ကို ပြန်လှန်ပြီး ကျွန်ုပ်တို့အား ‘တရုတ်ကုမ္ပဏီ’ အဖြစ် အရောင်ခြယ်ပြကြသည်။ ထိုသို့ ပြုမူခြင်းသည် စေတနာကောင်းဖြင့် မဟုတ်ပါ" ဟု သူက ဘလော့ဂ်မှာ ပို့စ်တစ်ခု ရေးခဲ့သည်။ 
 
 Binance သည် စားသုံးသူများကို  အာရုံစူးစိုက်လုပ်ကိုင်သည့် ပုဂ္ဂလိကပိုင် ကုမ္ပဏီများစွာထဲမှ တစ်ခုဖြစ်ပြီး မိမိ၏ သက်ဆိုင်ရာနယ်ပယ်ကို လွှမ်းမိုးကြီးစုိးထားနိုင်သည့်အပြင် နိုင်ငံတကာအောင်မြင်မှု အမြင့်အသစ်များကို ရောက်ရှိနေချိန်တွင်ပင်လျှင် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သည့်  ဇာတိတရုတ်ပြည်နှင့် ခပ်ကင်းကင်း နေလိုသည့် ကုမ္ပဏီများထဲတွင် ပါဝင်သည်။
 
မကြာသေးမီလများအတွင်း တရုတ်ပြည်မှ   အွန်လိုင်းစူပါစတိုးဆိုင် Temu ပိုင်ရှင် PDD သည်  ၎င်း၏ ဌာနချုပ်ကို အိုင်ယာလန်သို့ ပြောင်းရွှေ့ခဲ့သည်။

 အမြန်ဖက်ရှင် လက်လီရောင်းချသူ Shein သည် စင်ကာပူသို့ ပြောင်းရွှေ့သွားခဲ့သည်။

အဆိုပါ အရွှေ့အပြောင်း ရေစီးကြောင်းသည် အနောက်နိုင်ငံများတွငါ တရုတ်စီးပွားရေးလုပ်ငန်းများကို မကြုံစဖူး စိစစ်နေသည့်အချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

 TikTok ၏ ကမ္ဘာလုံးဆိုင်ရာ ရုံးချုပ်ကို အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မြို့နှင့် စင်ကာပူတို့တွင် ထားရှိသော်လည်း မိခင်လုပ်ငန်း ByteDance သည် တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် အခြေစိုက်ထားသဖြင့် စက်ကွင်း မလွတ်သည်က မိခင်လုပ်ငန်းကြီးများအတွက် သင်ခန်းစာယူရမည့် နမူနာဖြစ်နေသည်။

“တရုတ်ကုမ္ပဏီတစ်ခုလို့ မြင်တာက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်းအတွက် ဆိုးရွားနိုင်ချေရှိပြီး အမျိုးမျိုးသော စွန့်စားရမှုများလည်း ပါ၀င်ပါတယ်" ဟု Center for Strategic and International Studies မှ အကြီးတန်း အကြံပေး Scott Kennedy က ပြောကြားသည်။

"တရုတ်ကုမ္ပဏီလို့ ရှုမြင်တဲ့အတွက် ဂုဏ်ရိပ်ကို ထိခိုက်စေနိုင်ပါတယ်။ ဆက်ဆံပုံ တမျိုးတမည် ဖြစ်သွားပါတယ်။ စည်းကမ်းကြီးကြပ်ရေး အဖွဲ့အစည်းတွေက တင်းတင်းကျပ်ကျပ် ကိုင်တွယ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

အမေရိကန်နှင့် ဥရောပတွင် လျင်မြန်စွာ ကြီးထွားလာနေသည့် Temu သည် နိုင်ငံစုံကုမ္ပဏီတစ်ခုက ပိုင်ဆိုင်သည့် အမေရိကန်ကုမ္ပဏီတစ်ခုအဖြစ်  ရပ်တည်နေသည်။
အမေရိကန်နိုင်ငံ  ဘော်စတွန်မြို့တွင် အခြေစိုက်ဖြစ်ပြီး ၎င်း၏မိခင် PDD သည် ၎င်း၏ရုံးချုပ်ကို အိုင်ယာလန်ဟု ဖော်ပြသည်။

 
ယခုနှစ်အစောပိုင်းအထိ PDD သည် ရှန်ဟိုင်းတွင် ရုံးစိုက်ခဲ့သည်။ တရုတ်ပြည်တွင် Pinduoduo ဟု သိကြသည်။ တရုတ်ပြည်တွင် အကြီးအကျယ် ရေပန်းစားသည့် အီးကောမတ်စ် ပလက်ဖောင်း ဖြစ်သည်။
ပြီးခဲ့သည့် လအနည်းငယ်တွင် PDD ဟု အမည်ပြောင်းလိုက်သည်။ Pinduoduo ကို ဖျောက်လိုက်သည်။ အိုင်ယာလန်နိုင်ငံ မြို့တော် ဒူဘလင်သို့ ရုံးချုပ်ကို ပြောင်းရွှေ့လိုက်သည်။

 

စင်ကာပူမှ Shein ရုံးချုပ်

 
အမြန်ဖက်ရှင် အွန်လိုင်းလက်လီအရောင်းလုပ်ငန်း Shein က တရုတ်ပြည်ဇာတိကို ဖျောက်ထားသည်။
အွန်လိုင်းအမြန်ဖက်ရှင်ကုမ္ပဏီကြီး Shein သည် ၂၀၂၁  ခုနှစ်တွင် အမေရိကန်မှာ ရေပန်းစားလာခဲ့သည်။ ဝဘ်ဆိုက်တွင် ကုမ္ပဏီ ရာဇဝင်ကို မဖော်ပြချေ။ အကယ်စင်စစ် တရုတ်ပြည်တွင် စတင်ခဲ့သော်လည်း နိုင်ငံတကာလုပ်ငန်းအဖြစ်ဖြင့်သာ ဖော်ပြသည်။
“စင်ကာပူ၊ တရုတ်၊ အမေရိကန်နှင့် အခြားအဓိက ကမ္ဘာ့ဈေးကွက်ကြီးများတွင်  လုပ်ငန်းစင်တာများ ထားရှိသည်" ဟုသာ ဖော်ပြခဲ့သည်။ ရုံးချုပ် တည်နေရာကို ဖျောက်ထားသည်။ တရုတ်ပြည် မပါ။

Binance သည် ရုံးချုပ် မထားရှိချေ။ သို့ဖြစ်ရာ နိုင်ငံတစ်ခုခု၏ စည်းမျဉ်းစည်းကမ်းအောက်တွင်  ရှိမနေသည့် မဟာဗျူဟာကို ကျင့်သုံးထားသည်။

 

Binance စီအီးအို Changpeng Zhao

"တရုတ်မှာ လုပ်ငန်းလည်ပတ်နေတာ မဟုတ်ပါဘူး၊ တရုတ်မှာ အခြေစိုက်တဲ့ ဆာဗာတွေ ဒေတာတွေ  နည်းပညာ‌တွေလည်း မရှိပါဘူး" ဟု Binance က ဆိုသည်။
Binance စီအီးအို Changpeng Zhao က သူသည် ကနေဒါနိုင်ငံသားဟု အတိအလင်း ပြောကြားသည်။

Source CNN

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Industry Reviews Read 336 times