ကျန်းဖုန်းဂိတ်နှင့် ဝမ်တိန်ဂိတ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအမံများကို ပြင်ဆင်ခြင်းဆိုင်ရာ


13 December, 2022

ကျန်းဖုန်းဂိတ်နှင့် ဝမ်တိန်ဂိတ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအမံများကို ပြင်ဆင်ခြင်းဆိုင်ရာ ကြေညာချက် ထုတ်ပြန်
TO GET INSTANT UPDATE  
Join Telegram Channel 
https://t.me/Guid4U


ကျန်းဖုန်းဂိတ်ပေါက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအစီအမံများကို  ပြင်ဆင်ခြင်းဆိုင်ရာ တရုတ်နိုင်ငံယူနန်ပြည်နယ်လုံချွမ်းခရိုင်မှ ကြေညာချက်
陇川县关于调整张峰口岸疫情防控措施的通告



လုံချွမ်းခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညွှန်ကြားရေး ဌာနချုပ်မှ သုတေသနပြုပြီးနောက်၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက် ဝ နာရီမှစ၍ ကျန်းဖုန်းဂိတ်ပေါက်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအစီအမံများကို အောက်ပါအတိုင်း ပြင်ဆင်သွားမည်။

၁။ ကျန်းဖုန်းဂိတ်ပေါက်ရှိ  အလုံးပိတ်စီမံခန့်ခွဲမှု  ဧရိယာများကို ဖျက်သိမ်းကြောင်း၊  ယူနန်ပြည်နယ်အကြောင်းကြားချက် အမှတ် ၁၅ အရ  ခရီးသည်ရပ်စဲ၊ ကုန်စည်ဖြတ်သန်း မူဝါဒကို ဆက်လက်အကောင်အထည်ဖော်ကြောင်း၊ သွင်းကုန်ပို့ကုနဂိတ်ပေါက်၏ ကန့်သတ်ရေးဧရိယာအား  နယ်စပ်စစ်ဆေးရေးဌာနသို့ ကြိုတင် မှတ်တမ်းတင် လျှောက်ထားရန် လိုအပ်သည်။

၂။ ကုန်စည်ဂိုဒေါင်ကွင်း၏စီမံခန့်ခွဲသူသည် ၎င်း၏ကုန်စည်ဂိုဒေါင်ကွင်းအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အဓိကတာဝန်ကို ထိမ်းဆောင်ရမည်။
ကျန်းဖုန်းဂိတ်ပေါက်ကုန်စည်အကောက်ခွန်ရှင်းလင်းမှုပြန်လည်စတင်ရေးဦးဆောင်အဖွဲ့
ဒီဇင်ဘာ ၁၁၊ ၂၀၂၂


တရုတ်နိုင်ငံယူနန်ပြည်နယ် ဝမ်တိန်ဂိတ် မန်မန်းလမ်းကြောင်း ကုန်စည်အကောက်ခွန်ရှင်းလင်းမှု ပြန်လည်စတင်ရေး လက်တွေ့အထူးလုပ်ငန်းမှ မန်မန်းလမ်းကြောင်း၌  ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအမံများကို ပြင်ဆင်ခြင်းဆိုင်ရာ ကြေညာ

中国云南碗町口岸芒满通道恢复货运通关实体化工作专班关于调整芒满通道疫情防控措施的通告


 

တရုတ်နိုင်ငံယူနန်ပြည်နယ်ဝမ်တိန်ဂိတ်မန်မန်းလမ်းကြောင်း ကုန်စည်အကောက်ခွန် ရှင်းလင်းမှုပြန်လည်စတင်ရေး လက်တွေ့အထူးလုပ်ငန်းမှ ဆုံးဖြတ်ချက်ချပြီးနောက်၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ မနက် ၉ နာရီတွင် မန်မန်းလမ်းကြောင်း၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအစီအမံများကို အောက်ပါအတိုင်းပြင်ဆင် သွားမည်။

၁။ အပိုင်းခွဲထားသော အစားထိုးယာဉ်မောင်းစီမံခန့်ခွဲမှုစနစ်ကို ပယ်ဖျက်ပြီး မန်မန်းလမ်းကြောင်းမှ  ဖြတ်သန်းသည့် ကုန်တင်ယာဉ်၊ ကုန်စည်၊ သက်ဆိုင်ရာနေရာနှင့် လုပ်ငန်းလုပ်ကိုင်သူများ၏ လက်ရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆောင်ရွက်ချက်ကို အားလုံးပယ်ဖျက်မည်။

 

၂။ ဂိတ်ဝလက်အောက်ခံရုံးဌာနများ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆောင်ရွက်ချက်ကို သက်ဆိုင်ရာစီမံခန့်ခွဲမှုစည်းမျဉ်းများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရ မည်ဖြစ်သည်။

.

တရုတ်နိုင်ငံယူနန်ပြည်နယ်ဝမ်တိန်ဂိတ်မန်မန်းလမ်းကြောင်း ကုန်စည်အကောက်ခွန်ရှင်းလင်းမှုပြန်လည်စတင်ရေး လက်တွေ့အထူးလုပ်ငန်း

ဒီဇင်ဘာ ၁၃၊ ၂၀၂၂


TO GET INSTANT UPDATE  
Join Telegram Channel 
https://t.me/Guid4U

Laws and Regulations Export, Import Read 264 times