တရုတ်-မြန်မာနယ်စပ် ကျန်းဖုန်းဆိပ်ကမ်း ၂၀၂၃ ခုနှစ် ကုန်သွယ်မှုပမာဏ တန်ချိန် ၁၃၈,၉၀ဝ ကျော်ရှိ


02 March, 2023

တရုတ်-မြန်မာနယ်စပ် ကျန်းဖုန်းဆိပ်ကမ်း ၂၀၂၃ ခုနှစ် ကုန်သွယ်မှုပမာဏ တန်ချိန် ၁၃၈,၉၀ဝ ကျော်ရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ယူနန်ပြည်နယ်ကျန်းဖုန်းဆိပ်ကမ်းသည် ၂၀၂၃ ခုနှစ်တွင်  ကုန်စည်ပို့ဆောင်မှုပမာဏ တန်ချိန် ၁၃၈,၉၀ဝ ကျော်ရှိပြီး  ကုန်သွယ်မှုပမာဏတန်ဖိုး ယွမ် ၃၃၅ သန်းရှိကာ ယမန်နှစ်အလားတူကာလထက် တရုတ်ပြည်သို့ သွင်းကုန်တန်ဖိုး ၃.၇ ဆ၊ တရုတ်ပြည်မှ ပို့ကုန်တန်ဖိုး  ၇.၆ ဆအ သီးသီးတိုးမြှင့်ကြောင်း  ယူနန်ရွှေလီနယ်စပ် အဝင်အထွက်စစ်ဆေးရေးစခန်းမှ အချက်အလက်များအရ သိရသည်။

ကျန်းဖုန်းဆိပ်ကမ်းသည် ယူနန်ပြည်နယ်တက်ဟုန်းပြည်နယ်ခွဲ လုံချွမ်းခရိုင်တွင် တည်ရှိကာ   နိုင်ငံတော်အဆင့် ဒုတိယတန်းစား   ဆိပ်ကမ်းဖြစ်ပြီး တရုတ်-မြန်မာကုန်သွယ်မှုအတွက် အရေးကြီးသော စုစည်းဖြန့်ချိစင်တာတစ်ခုဖြစ်သည်။  ၎င်းသည် ရွှေလီနယ်စပ်အဝင်အထွက်စစ်ဆေးရေးစခန်း ကျန်းဖုန်းစခန်းခွဲလက်အောက်ရှိ  အရေးကြီးသော ဆိပ်ကမ်းလမ်းကြောင်းတစ်ခုဖြစ်သည်။

တရုတ်ပြည်သို့ အဓိကသွင်းကုန်များမှာ  သတ္တုပစ္စည်းများ၊ လယ်ယာထွက်ကုန်များနှင့် လတ်ဆတ်သောစိုက်ပျိုးထုတ်ကုန်များ ဖြစ်ပါသည်။ 

မြန်မာနိုင်ငံသို့ တင်ပို့သည့် ကုန်ပစ္စည်းများမှာ လူသုံးကုန်ပစ္စည်းများ၊ နေ့စဉ်သုံးပစ္စည်းများ၊ စက်အပိုပစ္စည်းများနှင့် ဓာတ်မြေသြဇာတို့ဖြစ်သည်။ 

"လွန်ခဲ့တဲ့ ၅ မိနစ်လောက်က ငှက်ပျောသီးတွေ အပြည့်တင်ထားတဲ့ကုန်တင်ကားက   မြန်မာနိုင်ငံလွယ်ကျယ်ဈေးမှာပဲ  ရှိသေးတယ်။ ဖုန်းတစ်ခါ ပြောတဲ့အချိန်အတွင်း ငှက်ပျောသီးတွေ  အကောက်ခွန်ရှင်းပြီးတော့ တရုတ်နိုင်ငံကို ရောက်လာခဲ့ပြီ။ နောက်တစ်ရက်ကြာမှာတော့ ဒီငှက်ပျောသီးတွေကို တရုတ်ပြည်တွင်းအနှံ့ ပို့လို့ရမှာ ဖြစ်ပါတယ်။ အကောက်ခွန်ရှင်းလင်းရေးက  ပိုမြန်လာသလို  နယ်စပ်ကုန်သွယ်ရေးဟာလည်း  မျှော်လင့်စရာ ပိုကောင်းလာပါတယ်" ဟု သစ်သီးတင်သွင်းရောင်းဝယ်ရေးတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူ လောင်ယန်းက  ပြောကြားသည်။ 

ယခုအချိန်သည်   မြန်မာနိုင်ငံတွင် သစ်သီးများဈေးကွက်ဝင်သည့် ရာသီဖြစ်ပြီး    ငှက်ပျောသီး၊ ကြံနှင့် ဖရဲသီး စသည့်လတ်ဆတ်သောသစ်သီးဝလံများသည် ကျန်းဖုန်းဆိပ်ကမ်းမှတစ်ဆင့်  တရုတ်ဈေးကွက်သို့ ဆက်လက်ဝင်ရောက်လျက်ရှိသည်။

လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ  မူဝါဒများနှင့်အစီအမံများကို ပိုမိုကောင်းမွန် စေရန်အတွက် ကပ်ရောဂါကူးစက်မှုအသစ် ဘီအမျိုးအစားအား ဘီအဆင့်စီမံထိန်းချုပ်ခြင်း ကို အကောင်အထည်ဖော်ပြီးနောက် ကျန်းဖုန်းစခန်းခွဲသည် အချိန်နှင့်အခြေအနေအရ ဆိပ်ကမ်းအကောက်ခွန်ရှင်းလင်းရေးပုံစံကို ချိန်ညှိခဲ့ပြီး ငှက်ပျောသီး တင်သွင်းရေး အထူးလမ်းကြောင်း၊ အစားထိုးစိုက်ပျိုးသီးနှံများ ပြန်လည်ရောင်းချတင်သွင်းရေးလွယ်ကူလမ်းကြောင်း စသည့် အဆင်ပြေပြေဖြစ်စေသော ဝန်ဆောင်မှုနည်းလမ်းများကို ဆောင်ရွက်ခဲ့သည်။ 

တစ်ချိန်တည်းမှာပင် ဆိပ်ကမ်းအကောက်ခွန်ရှင်းလင်းရေး သတင်းအချက်အလက်မျှဝေရေးပလက်ဖောင်းကို ထူထောင်ပြီး တင်သွင်းတင်ပို့ကုန်သွယ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ၏ အကောက်ခွန်ရှင်းလင်းရေးအစီအစဉ်များကို တိကျစွာ လုပ်ကိုင်နိုင်စေရန်နှင့်  ဆိပ်ကမ်းယာဉ်သွားလာမှု အမြင့်ဆုံးအချိန် သတိပေးချက်များကို အချိန်မီထုတ်ပြန်ကာ  အမြင့်ဆုံးအချိန်ကို  ရှောင်လွှဲပြီး စစ်ဆေး လွှတ်ပေးခြင်းဖြင့် ဆိပ်ကမ်းကုန်စည်ပို့ဆောင်ရေး ချောမွေ့စေရန်နှင့်  အကောက်ခွန်ရှင်းလင်းမှု စည်းစနစ်တကျ  ချောမွေ့စေရန်  အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  

 

 တရုတ်-မြန်မာ မုန်တိန်-ချင်းရွှေဟော်နယ်စပ်ဂိတ်တွင်လည်း ဂိတ်ဖြတ်သန်းသွားလာမှုကို အပြည့်အဝပြန်လည်စတင်နိုင်ခဲ့ကြောင်း သိရသည်။  

 (တရုတ်သတင်းကွန်ရက်)

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Export, Import Read 326 times