တရုတ်နိုင်ငံက  လောင်စာဆီ အမျိုးမျိုး တန်ချိန် ၁၅ သန်းခန့် တင်ပို့ရန် ပဉ္စမအကြိမ် ပါမစ်ချ


04 October, 2022

တရုတ်နိုင်ငံက  လောင်စာဆီ အမျိုးမျိုး တန်ချိန် ၁၅ သန်းခန့် တင်ပို့ရန် ပဉ္စမအကြိမ် ပါမစ်ချ


TO GET INSTANT UPDATE  
Join Telegram Channel  
https://t.me/Guid4U

 
တရုတ်နိုင်ငံအစိုးရက ရေနံထွက်ပစ္စည်းများ ပြည်ပတင်ပို့ရန် ခွဲတမ်း တန်ချိန် ၁၅ သန်းခန့်ကို ‌၂၀၂၂ စက်တင်ဘာလကုန်မှာ ခွဲတမ်းချပေးခဲ့ပါတယ်။ 
တရုတ်အစိုးရက ရေနံထွက်ပစ္စည်းများ တင်ပို့မှု တိုးမြှင့်နိုင်စေရန် ခွဲတမ်း ပဉ္စမမြောက် အသုတ်တစ်သုတ်စာ ထပ်ချပေးခဲ့တာ ဖြစ်ပါတယ်။

ခွဲတမ်း တန်ချိန် ၁၅ သန်းမှာ  ဓာတ်ဆီ၊ ဒီဇယ်နှင့် လေကြောင်းလောင်စာဆီ သန့်စင်ပြီး ထုတ်ကုန်များက တန်ချိန် ၁၃.၂၅ သန်း ပါဝင်ပါတယ်။
ဆလာဖာ ပါဝင်မှု နည်းပါးတဲ့ ရေကြောင်းသုံးလောင်စာဆီ low sulphur marine fuel (VLSFO) တန်ချိန် ၁.၇၅ သန်း ပါဝင်ပါတယ်။

ယခုလို ခွဲတမ်း ထပ်ချပေးတဲ့အတွက် ၂၀၂၂ မှာ ဓာတ်ဆီ၊ ဒီဇယ်နှင့် လေကြောင်းလောင်စာဆီ သန့်စင်ပြီး ထုတ်ကုန်များအတွက် ခွင့်ပြုခွဲတမ်း  စုစုပေါင်းတန်ချိန် ၃၇.၂၅ သန်း ရှိသွားပြီ ဖြစ်ပါတယ်။ ၂၀၂၁ တုန်းကလည်း အလားတူပင် စုစုပေါင်းတန်ချိန် ၃၇.၂၅ သန်း ခွင့်ပြုခဲ့ပါတယ်။

တရုတ်အစိုးရ ခွဲတမ်းအသစ် ထပ်ချပေးလိုက်တဲ့ သတင်းကြောင့် အာရှ ရေနံထုတ်ကုန်အမျိုးမျိုး ဈေးကွက်မှာ ဈေးကျဆင်းစေခဲ့ပါတယ်။ 
ဥပမာအားဖြင့် ဂျက်လေယာဉ်ဆီ ဒူဘိုင်း ပေါက်ဈေး တစ်စည် $29.58 ရှိခဲ့ရာမှ $24.85 သို့ သိသိသာသာ ကျဆင်းခဲ့ပါတယ်။ 

ထိပ်တန်း နိုင်ငံပိုင်း ရေနံချက်လုပ်ငန်းများ ဖြစ်ကြတဲ့  Sinopec နှင့် CNPC တို့က ပါမစ်အသစ်စုစုပေါင်းတန်ချိန်ရဲ့ ၈၀% ကျော်ကို ခွဲတမ်း ရရှိကြပါတယ်။ ကျန်တဲ့ ခွဲတမ်းဝေစုကို နိုင်ငံပိုင်လုပ်ငန်း Sinochem Group နှင့် China National Offshore Oil Company ၊ ပုဂ္ဂလိကပိုင်လုပ်ငန်း  Zhejiang Petrochemical Corp တို့ ရရှိကြပါတယ်။ 

ယခုတစ်ကြိမ် ချပေးလိုက်တဲ့ ပါမစ်ပမာဏ တန်ချိန် စုစုပေါင်းက ယခင် လေးကြိမ် ချပေးခဲ့တဲ့ ပါမသ်ပမာဏများ စုစုပေါင်းရဲ့ ၅၅% နှင့် ညီမျှပါတယ်။ ပမာဏ ကြီးမားနေတာကြောင့် ယခုနှစ်အတွင်း အပြီးပြတ် တင်ပို့နိုင်မှာ မဟုတ်ဘဲ နောက်နှစ် ၂၀၂၃ အထိ ဆက်လက်တင်ပို့ရဖွယ် ရှိပါတယ်။ 

ယခုချပေးတဲ့ ပဉ္စမမြောက်အသုတ်မှာ VLSFO တန်ချိန် ၁.၇၅ သန်း ပါဝင်ပြီး ယခုနှစ်အတွင်း VLSFO ခွဲတမ်း စုစုပေါင်း ၁၆.၇၅ သန်း ရှိပါပြီ။ ၂၀၂၁ တစ်နှစ်စာ တန်ချိန်ပမာဏထက် ၄၄% ပိုများပါတယ်။
Source gcaptain
#MyanmarIndustriesGuide

TO GET INSTANT UPDATE  
Join Telegram Channel  
https://t.me/Guid4U

အဖွားရဲ့ ကလေးတွေပေါ့ သားရဲ့

 

MIG

Energy News Export, Import Read 490 times