Chevron က  ရတနာသဘာဝဓာတ်ငွေ့သိုက်မှ ပိုင်ဆိုင်မှုများ ကနေဒါမှ MTI Energy သို့ ရောင်းချ


12 February, 2023

Chevron က  ရတနာသဘာဝဓာတ်ငွေ့သိုက်မှ ပိုင်ဆိုင်မှုများ ကနေဒါမှ MTI Energy သို့ ရောင်းချ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


 
Chevron သည် မြန်မာနိုင်ငံ၏ ရတနာ ဧရာမ  သဘာဝဓာတ်ငွေ့ စီမံကိန်းတွင် ၎င်းပိုင်ဆိုင်သည့် အစုရှယ်ယာကို ကနေဒါနိုင်ငံမှ ရေနံကုမ္ပဏီ MTI Energy ၏ လုပ်ငန်းခွဲ Et Martem Holdings Ltd. သို့ ရောင်းချခဲ့သည်။ ဈေးနှုန်းအပါအဝင် သဘောတူညီသည့် အချက်များကို အသိပေးခြင်း မပြုပါ။

ရတနာစီမံကိန်းသည် ယခင်က TotalEnergies မှ လုပ်ကိုင်လည်ပတ်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် TotalEnergies နုတ်ထွက်ခဲ့သည်။ ထိုအခါ TotalEnergies ၏ အစုရှယ်ယာများ Chevron လက်ထဲ ရောက်ရှိလာပြီး Chevron သည် ရှယ်ယာအများဆုံး ပိုင်ဆိုင်သူ ဖြစ်လာသည်။
ကျန်ရှိသည့် ရှယ်ယာများကို ထိုင်းမှ PTTEP နှင့် နိုင်ငံပိုင်လုပ်ငန်း မြန်မာ့​ရေနံနှင့် သဘာဝဓာတ်​ငွေ့ လုပ်ငန်း Myanma Oil and Gas Enterprise (MOGE) တို့က ပိုင်ဆိုင်သည်။

၂၀၂၂ ခုနှစ် ဇူလိုင်လတွင် TotalEnergies  ထွက်ခွာသွားသောအခါ ရတနာ စီမံကိန်းမှ ၎င်း၏ အစုရှယ်ယာများကို ဆက်ခံရန်  Chevron ကို ရွေးချယ်ခဲ့သည်။ သို့ဖြစ်ရာ မူလက ၂၈.၂၆% ပိုင်ဆိုင်ခဲ့ရာမှ ၄၁.၁% ပိုင်ဆိုင်သည့်အဖြစ်သို့ Chevron ရောက်ရှိခဲ့ပါသည်။
Source energyvoice

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Investment/Divestment Energy News Read 1460 times