ထိန်းချုပ်ဓာတုပစ္စည်းများစာရင်းပါ ကုန်ပစ္စည်းများတင်ပို့ခြင်း တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေည


24 June, 2022

ထိန်းချုပ်ဓာတုပစ္စည်းများစာရင်းပါ ကုန်ပစ္စည်းများတင်ပို့ခြင်း တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာ

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ၂၆-၅-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၁၃/၂၀၂၁ ဖြင့်ထုတ်ပြန်ထားသည့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများထုတ်လုပ်ရာ၌ အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်းများစာရင်းတွင်ပါဝင်သည့် ကုန်ပစ္စည်းများတင်ပို့ခြင်း တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၏ ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးဆိုင်ရာ နည်းဥပဒေများအရ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးကော်မတီ၏ ထောက်ခံချက်ရယူရန် လိုအပ်မည်ဖြစ်ကြောင်း အသိပေးကြေညာထားပါသည်။ 

 အမိန့်ကြော်ငြာစာအမှတ် ၁၁၃/၂၀၂၁ ပါ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများထုတ်လုပ်ရာ၌ အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်းများစာရင်းကို ဖော်ပြအပ်ပါသည်။

 

Telegram Channel

https://t.me/Guid4U/284

https://t.me/Guid4U

Laws and Regulations Read 593 times