ရုရှား ရေနံစိမ်းအမျိုးမျိုး အိန္ဒိယနှင့် တရုတ် ဝယ်ယူ


26 March, 2022

ရုရှား ရေနံစိမ်းအမျိုးမျိုး အိန္ဒိယနှင့် တရုတ် ဝယ်ယူ

 

အိန္ဒိယမှ နိုင်ငံပိုင် ရေနံချက်စက်ရုံလုပ်ငန်းများသည် ရုရှား၏ အထင်ကရ ရေနံစိမ်းအမျိုးအစား Urals ရေနံစိမ်း ဝယ်ယူသည့်အခါ ‌တင်ဒါခေါ်ယူပြီး ဝယ်ယူသည်။ 

တရုတ်မှ  နိုင်ငံပိုင် ရေနံချက်စက်ရုံလုပ်ငန်းများသည် တင်ဒါမခေါ်ဘဲ ရေနံစိမ်းရောင်းချသည့် ကုမ္ပဏီများနှင့် သီးြခားဆွေးနွေးပြီး ဈေးညှိနှိုင်း ဝယ်ယူသည်။ ပုဂ္ဂလိကပိုင် ရေနံချက်လုပ်ငန်းများကလည်း ရုရှားရေနံစိမ်းကို တိုးတိုးတိတ်တိတ် ဝယ်ယူနေကြသည်။ ၎င်းတို့ကို နိုင်ငံပိုင်ရေနံချက်လုပ်ငန်းနှင့် နှိုင်းယဉ်ပါက နိုင်ငံပိုင် ရေနံချက် လုပ်ငန်းများသည် အရွယ်အစား ကြီးမားသဖြင့် မီးဖိုပေါ်မှ ရေနွေးအိုး အရွယ်အစားဖြစ်ပြီး ပုဂ္ဂလိကပိုင် ရေနံချက်လုပ်ငန်းများမှာ သေးငာ်ငဖြင့် စားပွဲပေါ် တင်သည့် ရေနွေကြမ်းခရား အရွယ်အစား ဖြစ်နေသဖြင့် ရေနံချက်လုပ်ငန်းလောကတွင် ၎င်းတို့ကို  ရေနွေကြမ်းခရားများ "teapots" ဟု ခေါ်ဝေါ်ကြသည်။

ရေနွေးကြမ်းခရားများသည် တရုတ်ပြည်ရေနံချက် လုပ်ငန်းကဏ္ဍ ထုတ်လုပ်မှု စုစုပေါင်း၏ လေးပုံတစ်ပုံကို ထုတ်လုပ်ပေးလျက်ရှိသည်။ အများစုသည် ရှန်ဒေါင်ပြည်နယ်တွင် တည်ရှိသည်။ ၎င်းတို့ ဝယ်ယူသည့် ရုရှားအရှေ့ဖျား ရေနံစိမ်း အမျိုးအစားမှာ ESPO ဖြစ်ပြီး ရုရှားအရှေ့ပိုင်းတွင် တည်ရှိသော Kozmino ဆိပ်ကမ်းကို အသူံပြုသည်။
ESPO သည် ဆိုက်ဘေးရီးယား အရှေ့ပိုင်းမှ ရေနံစိမ်းကို ပစိဖိတ်သမုဒ္ဒရာသို့ ပိုက်လိုင်းဖြင့် ပေးပို့သည်ကို အကြောင်းပြုပြီး  Eastern Siberia–Pacific Ocean ESPO ဟု အမည်တွင်သည့် ရေနံစိမ်းအမျိုးအစား ဖြစ်ပါသည်။
လက်ဖက်ရည်ကြမ်းအိုးတို့ လတ်တလော ဝယ်ယူသည့် ESPO မှာ မေလတွင် သင်္ဘောတင်မည့် ရေနံစိမ်းများ ဖြစ်သည်။ လက်ဖက်ရည်ကြမ်းအိုးတို့၏ လုပ်ငန်းအရွယ်အစားအရ ၎င်းတို့၏ ဆိပ်ခံများသည် ရေနံစိမ်းတင် သင်္ဘောအကြီးစားများကို သုံးစွဲနိုင်ခြင်း မရှိကြသဖြင့် အရွယ်အလယ်အလတ်နှင့် အငယ်စား သင်္ဘောများဖြင့် ကဲ့ယူကြသည်။ Kozmino ဆိပ်ကမ်းသည် ခရီးတာ တိုသဖြင့် သယ်ယူပို့ဆောင်စရိတ် သက်သာသည်။

 

 

Urals အမျိုးအစား ရေနံစိမ်းကို နိုင်ငံပိုင် ရေနံချက် လုပ်ငန်းကြီးများက ဝယ်ယူကြရာ၌ ဇွန်လတွင် သင်္ဘောတင်မည့် ရေနံစိမ်းများဖြစ်သည်။
ရေနွေးကြမ်းအိုးများသည်လည်း Urals ကို စိတ်ဝင်စားသည်။ ရေနံစိမ်းကုန်သည်များနှင့် ချိတ်ဆက်ကာ ရေနံစိမ်းသယ်ပို့ပေးမည့် သင်္ဘောများကို တွက်ခြေကိုက်သော ဈေးနှုန်းဖြင့် ရနိုင်ရန် ရှာဖွေနေကြသည်။

 


နောက်ထပ် ရုရှား၏ အရှေ့ဖျား ရေနံစိမ်း အမျိုးအစားမှာ ရုရှားမှ Sakhalin ကျွန်း ကမ်း‌ခြေနှင့် နီးနီးကပ်ကပ်တွင် တည်ရှိသော Sakhalin-I ကမ်းလွန်ရေနံတွင်း စီမံကိန်းမှ ရရှိသည့် Sokol ရေနံစိမ်း ဖြစ်ပါသည်။

 


Sokol ရေနံစိမ်းကို နိုင်ငံပိုင်လုပ်ငန်း Indian Oil Corp. နှင့် Hindustan Petroleum တို့က Sakhalin-I တွင် ပါဝင်လုပ်ကိုင်နေသည့် ONGC Videsh Ltd ထံမှ ဝယ်ယူထားပါသည်။ မေလတွင် သင်္ဘောတင်မည့် ရေနံစိမ်းများ ဖြစ်ပြီး De-Kastri terminal တွင် သင်္ဘောတင်ပါသည်။

 


De-Kastri terminal

Sakhalin-I တွင် ဂျပန်မှ  Sakhalin Oil and Gas Development Co ( SODECO ) ကလည်း အကျိုးစီးပွား ပါဝင်ပါသည်။ ၎င်းက ရေနံစိမ်း ရောင်းချခြင်းနှင့် စပ်လျဉ်း၍ ထုတ်ဖော်ပြောကြားခြင်း မပြုချေ။

 

အိန္ဒိယက ရုရှား၏ Urals ရေနံစိမ်းကို ယူကရိန်းကို ရုရှား စတင်ကျူးကျော်ခဲ့သည့် ဖေဖော်ဝါရီလ နောက်ပိုင်းတွင် အနည်းဆုံး စည် ၁၃ သန်း ဝယ်ယူထားပြီး ဖြစ်သည်။ Indian Oil က နောက်ဆုံးဘိတ် တင်ဒါခေါ်ယူခြင်းတွင် နောက်ထပ် စည် ၃ သန်း ဝယ်ယူခဲ့ကြောင်း Bloomberg မီဒီယာတွင် ဖော်ပြခဲ့သည်။ 
အိန္ဒိယက ၂၀၂၁ တွင် တစ်လလျှင် ပျမ်းမျှအားဖြင့် တန်ချိန် ၁၂၈,၀၀၀ ဝယ်ယူခဲ့ပါသည်။


Urals ရေနံစိမ်းကို ဘောလတစ်နှင့် ပင်လယ်နက် တို့တွင် တည်ရှိသော ဆိပ်ကမ်းများတွင် သင်္ဘောတင်ပါသည်။

Energy News Read 19468 times