မြန်မာနိုင်ငံ၏ အကြီးမားဆုံး စက်မှုနှင့် အခြေခံအဆောက်အအုံဆိုင်ရာ အခမ်းအနား


18 September, 2018

UBM Asia မှ မြန်မာနိုင်ငံတွင် အကြီးမားဆုံး စက်မှုလုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာ အခမ်းအနားကို ပြပွဲခန်းမသစ်ဖြစ်သော မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ Yangon Convention Centre (YCC) တွင် အောက်တိုဘာလ (၁၁) ရက်မှ (၁၃) ရက်အထိ ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း ကြေငြာခဲ့ပါသည်။

မြန်မာနိုင်ငံ၏ စက်မှုလုပ်ငန်း၊ အခြေခံအဆောက်အအုံနှင့် ပတ်သက်သည့်လုပ်ငန်းများနှင့် ဆက်စပ်နေသော အကြီးမားဆုံးပြပွဲကြီးကို တင်ဆက်ရန်အတွက် Construction, Power & Mining Myanmar, Intermach, Subcon & MTA Myanmar, Myanmar Water and RE Myanmar ပြပွဲများကို ပထမဆုံးအကြိမ်အဖြစ် ပူးတွဲကျင်းပမည်ဖြစ်ပါသည်။

ဆဋ္ဌမအကြိမ်မြောက်ကျင်းပသော နိုင်ငံတကာပြပွဲ

******************************

Construction, Power & Mining Myanmar 2018 သည် မြန်မာနိုင်ငံ၏ အဆောက်အအုံနှင့် ဆောက်လုပ်ရေး၊ လျှပ်စစ်နှင့်စွမ်းအင်၊ သတ္တုတူးဖော်ရေးနှင့် သဘာဝတွင်းထွက်တူးဖော်ရေးလုပ်ငန်းများအတွက် ဆဋ္ဌမအကြိမ်အဖြစ် ကျင်းပသော နိုင်ငံတကာပြပွဲဖြစ်ပါသည်။

Intermach Myanmar, MTA Myanmar and Subcon Myanmar 2018 သည် ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍအတွက် တစ်နေရာထဲတွင် ပြီးပြည့်စုံစေမည့် အကြီးမားဆုံး ပေါင်းကူးတစ်ခုအနေဖြင့် ဆဋ္ဌမအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပါသည်။

Myanmar Water 2018 သည် မြန်မာနိုင်ငံ၏ ထိပ်တန်း နိုင်ငံတကာရေအသုံးချနှင့် ထောက်ပံ့ရေး၊ မိလ္လာသန့်စင်ရေး၊ ရေအရင်းအမြစ်၊ စက်ရုံသုံးစွန့်ပစ်ရေ ထိန်းသိမ်းရေးနှင့် သန့်စင်ရေးဆိုင်ရာ အခမ်းအနားအဖြစ် ဆဋ္ဌမအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပါသည်။

Renewable Energy Myanmar 2018 ကို စတုတ္ထအကြိမ်မြောက်အဖြစ် ကျင်းပခြင်းဖြစ်ပြီး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာနေသော မြန်မာနိုင်ငံ၏ ပြန်ပြည့်မြဲစွမ်းအင်ဈေးကွက်မှ အဆုံးမဲ့အခွင့်အလမ်းများကို ရှာဖွေနိုင်မည်ဖြစ်ပါသည်။

ပါဝင်ပြသမည့်နိုင်ငံများ

**************

ပြပွဲကြီး ၄ ခုကို တစ်နေရာတည်းတွင် ပူးတွဲပြသမည့် အဆိုပါ အခမ်းအနားတွင်

• တရုတ်၊

• စင်္ကာပူ၊

• မလေးရှား၊

• ထိုင်း၊

• ထိုင်ဝမ်၊

• အိန္ဒိယ၊

• အစ္စရေး၊

• ကိုရီးယားနှင့်

• ဂျပန်နိုင်ငံတို့မှ နိုင်ငံတကာပြခန်းတွဲ (၁၆) ခုအပါအဝင် နိုင်ငံပေါင်း (၂၃) နိုင်ငံမှ ကုမ္ပဏီ (၃၅၀) ကျော်တို့မှ ပါဝင်ပြသမည်ဖြစ်ပါသည်။

စက်မှုလုပ်ငန်းသုံး စက်ပစ္စည်းများ၊ လုပ်ငန်းခွဲဝေအပ်နှံခြင်း၊ အဆောက်အအုံနှင့် ဆောက်လုပ်ရေး၊ သတ္တုတူးဖော်ရေး၊ ရေနှင့် ရေဆိုးစီမံခန့်ခွဲရေး၊ စွမ်းအင်နှင့် ပြန်ပြည့်မြဲစွမ်းအင်တို့အပါအဝင် လုပ်ငန်းအမျိုးမျိုးအတွက် နည်းပညာမာျးနှင့် ကိရိယာများကို ပြသမည်ဖြစ်ပါသည်။

တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ကြားရှိ လမ်းဆုံတွင် မဟာဗျူဟာကျစွာတည်ရှိပြီး စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ပြုပြင်ဆောင်ရွက်မှုများ (၇) နှစ်ကြာဆောင်ရွက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလျင်မြန်ဆုံးနိုင်ငံများအနက်မှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်

*********************

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ ထုတ်ပြန်ထားသော အချက်အလက်များအရ လွန်ခဲ့သော (၃) လအတွင်း စီမံကိန်း (၁၉) ခုမှတဆင့် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍသည် နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံငွေ (FDIs) အမေရိကန်ဒေါ်လာ ၂၇၅.၆ မီလီယံ ရရှိထားပါသည်။

MIC သည် လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မတိုင်မီ ဧပြီလမှ စက်တင်ဘာလအတွင်း (၆) လတာ ကာလတွင် FDIs အမေရိကန်ဒေါ်လာ ၃ မီလီယံ ရရှိရန် ရည်ရွယ်ထားပါသည်။ ကုန်ထုတ်လုပ်မှုနှင့် အိမ်ခြံမြေတည်ဆောက်မှုကဏ္ဍများသည် အဆိုပါ (၆) လအတွင်း FDIs များကို ဆွဲဆောင်ရာတွင် ထိပ်ဆုံးနေရာကို ဆက်လက်ထိန်းသိမ်းနိုင်ရန် အလားအလာရှိနေပါသည်။

“ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်နဲ့ အခြေခံအဆောက်အအုံကဏ္ဍတွေဟာ တိုးတက်လာနေပြီး GDP နဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍ တိုးတက်ရေးတို့ကို တိုးတက်စေမယ်လို့ မျှော်မှန်းရပြီး နိုင်ငံရဲ့ စီးပွားရေးကဏ္ဍဟာ ရေရှည်အမြင်အရ အကောင်းဘက်မှာ တည်ရှိနေပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလိုကြီးမားတဲ့ ပြပွဲကြီးကို စီစဉ်ရတဲ့အတွက် အလွန်ဝမ်းသာမိပါတယ်။ လက်ရှိအခြေအနေဟာ ကုမ္ပဏီတွေအတွက် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ သင့်လျော်တဲ့အချိန်ဖြစ်ပြီး ဒီပြပွဲကြီးဟာ စက်မှုလုပ်ငန်းနဲ့ အခြေခံအဆောက်အအုံလုပ်ငန်းရဲ့ လိုအပ်ချက်အားလုံးကို ပြည့်မှီနိုင်မယ့် ပေါင်းကူးတစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။" ဟု UBM Myanmar ၏ အထွေထွေမန်နေဂျာ Mr. Fraser Hawkes က ပြောကြားခဲ့ပါသည်။

ထို့အပြင် အောက်တိုဘာလ (၁၁) ရက်မျ (၁၃) ရက်အတွင်း ပြပွဲတွင် Global Enchanting Training and Management Centre မှ စီစဉ်သော ဘေးကင်းလုံခြုံမှုဆိုင်ရာ လေ့ကျင့်ရေးအစီအစဉ်၊ ပြပွဲ (၄) ခုတွင် ပါဝင်ပြသသော ကုမ္ပဏီများမှ တင်ဆက်ပြီး နည်းပညာသစ်နှင့် ဝန်ဆောင်မှုများကို တင်ပြမည့် နည်းပညာဆိုင်ရာ ဆွေးနွေးပွဲတို့လည်း ပါဝင်မည်ဖြစ်ပါသည်။

ထို့နောက် အောက်တိုဘာလ (၁၂) တွင် ယခုနှစ်အတွက် ခေါင်းစဉ်ဖြစ်သော " 27 Investment Opportunities in Myanmar” အမည်ဖြင့် ထိပ်တန်း Myanmar Water Conference ကိုလည်း ကျင်းပမည်ဖြစ်ပါသည်။ ပြပွဲတွင် ကျင်းပမည့်အစီအစဉ်များသည် အစိုးရပိုင်းဆိုင်ရာနှင့် ပုဂ္ဂလိကဆိုင်ရာ၊ ပြည်တွင်းနှင့်ပြည်ပမှ ကိုယ်စားလှယ်များ၊ ဧည့်သည်တောင်များအကြားတွင် အချင်းချင်းတွေ့ဆုံနိုင်သည့်၊ ချိတ်ဆက်နိုင်သည့်၊ လေ့လာနိုင်သည့်၊ ဗဟုသုတများ မျှဝေနိုင်သည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါသည်။

ပြပွဲကို UBM Asia မှ စီစဉ်ပြီး ProMinent နှင့် Supreme Group of Companies တို့မှ Gold Sponsor အဖြစ် ပါဝင်ကာ

• The Union of Myanmar Federation of Chamber of Commerce (UMFCCI),

• Myanmar Industries Association (MIA),

• Myanmar Federation of Mining Association (MFMA),

• Myanmar Construction Entrepreneurs Association (MCEA),

• Myanmar Engineering Society (MES),

• Renewable Energy Association of Myanmar (REAM),

• Yangon Electricity Supply Corporation (YESC),

• Yangon City Development Committee (YCDC),

• Delegation of German Industry and Commerce in Myanmar and strongly acknowledged by the Ministry of Commerce,

• Ministry of Construction,

• Ministry of Electric and Energy, and

• Ministry of Resources and Environmental Conservation တို့အပါအဝင် ထိပ်တန်းအသင်းအဖွဲ့များမှ ပံ့ပိုးပေးထားပါသည်။

အဆိုပါပြပွဲသည် စက်မှုလုပ်ငန်းသုံး စက်ပစ္စည်း၊ လုပ်ငန်းခွဲဝေလက်ခံခြင်း၊ အဆောက်အအုံနှင့် ဆောက်လုပ်ရေး၊ သတ္တုတူးဖော်ရေး၊ ရေနှင့် ရေဆိုးစီမံခန့်ခွဲရေး၊ စွမ်းအင်နှင့် ပြန်ပြည့်မြဲစွမ်းအင်လုပ်ငန်းများမှ ကျွမ်းကျင်သူများ၊ လုပ်ငန်းရှင်များအတွက် အခမဲ့တက်ရောက်နိုင်သော ပြပွဲဖြစ်ပါသည်။

ဧည့်သည်တော်များအနေဖြင့် နည်းလမ်း (၂) မျိုးဖြင့် စာရင်းပေးသွင်းနိုင်ပါသည်။

(၁)အွန်လိုင်းမှ ကြိုတင်စာရင်းပေးသွင်းခြင်း

ပြပွဲသို့လာရောက်ရန်အတွက် အွန်လိုင်းမှ ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် နောက်ဆုံးအချက်အလက်များ ရရှိနိုင်သောကြောင့် မိမိအတွက် ကြိုတင်အစီအစဉ်ရေးဆွဲနိုင်ကာ လာရောက်ချိန်တွင်အချိန်ကုန်သက်သာစေမည့်အပြင် ပြပွဲလမ်းညွှန်စာအုပ်ကိုပါ အခမဲ့ရရှိစေမည်ဖြစ်ပါသည်။ http://reg.ubmmyanmar.com တွင် ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

(၂) ပြပွဲတွင် စာရင်းပေးသွင်းခြင်း

ဧည့်သည်တော်များအနေဖြင့် ပြပွဲရက်အတွင်း ပြပွဲသို့လာရောက်ချိန်တွင်လည်း တိုက်ရိုက်စာရင်းပေးသွင်းနိုင်ပါသည်။ အောက်တိုဘာလ (၁၁) ရက် (ကြာသပတေးနေ့) မှ အောက်တိုဘာလ (၁၃) ရက် (စနေနေ့) အထိ ကျင်းပမည်ဖြစ်ပြီး ပြပွဲဖွင့်လှစ်ချိန်မှာ နေ့စဉ် နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိဖြစ်ပါသည်။

အသေးစိတ်အချက်အလက်များအတွက် ဆက်သွယ်ရန်

Wantita Porntanawong (Bow)

Tel: +662 036 0500 ext. 728, Email: [email protected]

Ya Mone Oo

Tel: +951 378975 ext. 103, Email: [email protected]

ပြပွဲ၏ အချက်အလက်များ

နေ့ရက် - ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်မှ (၁၃) ရက်

ပြပွဲဖွင့်လှစ်ချိန် - မနက် (၉) နာရီမှ ညနေ (၅) နာရီ

နေရာ - Yangon Convention Center (YCC)၊ ရန်ကုန်

Website - www.cpmmyanmar.com, www.intermachmyanmar.com. www.myanwater.com, www.renewableenergymyanmar.com

Facts and Figures

**************

- Co-locate for 1 st time ever for the MEGA Industrial & Infrastructure Event for Myanmar

မြန်မာနိုင်ငံအတွက် အကြီးမားဆုံး စက်မှုနှင့် အခြေခံအဆောက်အအုံဆိုင်ရာ အခမ်းအနားကြီးကို ပထမဆုံးအကြိမ်အဖြစ် ပူးတွဲကျင်းပခြင်း

- Over 350 participants from 23 countries

နိုင်ငံပေါင်း (၂၃) နိုင်ငံမှ ပါဝင်ပြသသူ (၃၅၀) ကျော်

- 16 International Pavilions from 9 countries, featuring China, Singapore, Malaysia, Thailand, Taiwan, India, Israel, Korea and Japan

တရုတ်၊ စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ ထိုင်ဝမ်၊ အိန္ဒိယ၊ အစ္စရေး၊ ကိုရီးယားနှင့် ဂျပန် အပါအဝင် နိုင်ငံပေါင်း (၉) နိုင်ငံမှ နိုင်ငံတကာပြခန်းတွဲ (၁၆) ခန်း

- Size 10,000 sqm, Yangon Convention Centre (YCC)

Yangon Convention Centre (YCC) မှ ပြပွဲအကျယ်အဝန်း ၁၀,၀၀၀ စတုရန်းမီတာ

Events & Exhibition Read 466 times