ဈေးဝယ်စင်တာ၊ လူနေတိုက်ခန်းနှင့် ဟိုတယ် (၂၀၀) ကျော် ပါဝင်မည့် စီမံကိန်း


13 March, 2023

ထိုင်းနိုင်ငံ၏ ထိပ်တန်း လက်လီလုပ်ငန်းတစ်ခု ဖြစ်သည့် Central Pattana က ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံများတွင် ဘတ် (၁၃၅) ဘီလီယံ ( အမေရိကန်ဒေါ်လာ ၃.၈၅ ဘီလီယံ ) လျာထားသည့် (၅) နှစ်တာ စီမံကိန်းတစ်ခု လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ကိုဗစ်ကပ်ရောဂါ ကန့်သတ်ချက်များ ရုတ်သိမ်းလိုက်ပြီးနောက်တွင် ထိုင်းနိုင်ငံ၏ ခရီးသွားကဏ္ဍ ပြန်လည် ကောင်းမွန်လာမှုကို အထောက်အကူ ပြုသည့်အနေဖြင့် ယခုကဲ့သို့ စီမံကိန်းကို ဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ စီမံကိန်းကို ယခု ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ (၅) နှစ်တာ လုပ်ဆောင်သွားမည် ဖြစ်ပြီး စီးပွားရေးဆိုင်ရာ အဆောက်အအုံများ၊ အိမ်ရာများနှင့် တခြားသော အိမ်ခြံမြေဆိုင်ရာ ရင်းနှီး မြှုပ်နှံမှုများ စသည့် ပရောဂျက်ပေါင်း (၂၀၀) ကျော် ပါဝင်သည်။

 

စီမံကိန်းအတွက် ရေးဆွဲထားသော အစီအစဉ်များအရ ထိုင်းနိုင်ငံ အပါအဝင် အရှေ့တောင်အာရှရှိ နိုင်ငံများတွင်ပါ ဈေးဝယ်စင်တာ (၅၀) ခု၊ လူနေတိုက်ခန်း (၉၀) ခုနှင့် ဟိုတယ် (၃၇) တို့ကို ဆောက်လုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

 

Advertisement

Click Here > King Metal

 

“ ကျွန်တော်တို့ရဲ့  မျှော်မှန်းချက်အောက်မှာ အခွင့်အလမ်းအသစ်တွေကို မြင်တွေ့ရပါတယ်။ ဒါဟာ အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေကို စိတ်ကူး ပုံဖော်နိုင်မယ်လို့ မျှော်မှန်းပါတယ်။ “ ဟု Central Pattana ၏  ဥက္ကဌနှင့် CEO ဖြစ်သူ Wallaya Chirathivat က ပြောကြားခဲ့သည်။ 

 

Central Pattana သည် ဘန်ကောက်မြို့လယ်တွင် Central Westville ဟု ခေါ်သည့် ဈေးဝယ်စင်တာ ပါရှိသော စီးပွားရေးဆိုင်ရာ အဆောက်အအုံတစ်ခုကိုလည်း ယခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်ရန် ရည်ရွယ်ထားသည်။ 

 

ယင်းစင်တာသည် ကြီးမားပြီး လှပသည့် လှေကားထစ်များ ပါရှိကာ အပြင်ဆောက်အအုံတစ်ပိုင်းကိုလည်း ထူးထူးခြားခြား ဆောက်လုပ်ထားသည့်အတွက် ခရီးသွား ဆွဲဆောင်မှု အသစ်အဖြစ် ပြောင်းလဲနိုင်ရန် မျှော်လင့်ထားသည်ဟု ဆိုသည်။

 

ကုမ္ပဏီသည် ၂၀၂၂ နှင့် ၂၀၂၆ ခုနှစ်ကြားတွင် ဘတ်ငွေ ၁၂၀ ဘီလီယံသာ ရင်းနှီးမြုပ်နှံရန် စီစဉ်ထားသော်လည်း ပြည်တွင်း ကူးစက်ရောဂါ ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့ပြီး တရုတ်သည်လည်း ၎င်း၏ တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများကို ပိတ်သိမ်းပေးခဲ့သဖြင့် Central Pattana အနေဖြင့် ရင်းနှီးမြှုပ်နှံမှု အစီအစဥ်များကို ယခုကဲ့သို့ ချဲ့ထွင်နေခြင်း ဖြစ်သည်။

 

Su Mon Oo

Source : Nikkie Asia

Industry Reviews Read 868 times