မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေကြေးမူဝါဒကော်မတီအစည်းအဝေး(၉/၂၀၂၂)၏ ဆုံးဖြတ်ချက်များ 


03 October, 2022

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေကြေးမူဝါဒကော်မတီအစည်းအဝေး(၉/၂၀၂၂)၏ ဆုံးဖြတ်ချက်များ 
TO GET INSTANT UPDATE  
Join Telegram Channel  
 https://t.me/Guid4

ငွေကြေးမူဝါဒကော်မတီအစည်းအဝေး(၉/၂၀၂၂)ကို (၂၈.၉.၂၀၂၂)ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးဆုံးဖြတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

(၁) မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ... မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ အခန်း(၇) ငွေကြေးတည်ငြိမ်ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်ခြင်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ မိမိ၏ငွေကြေးတည်ငြိမ်ရေးရည်မှန်းချက်ရရှိစေရန် ငွေကြေးမူဝါဒနည်းလမ်းဖြစ်သည့် အတိုးနှုန်းမူဝါဒချမှတ်ဆောင်ရွက်ခြင်း၊ အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်သတ်မှတ် ဆောင်ရွက်ခြင်းနှင့် လွတ်လပ်သောဈေးကွက်လုပ်ဆောင်မှုများဆောင်ရွက်ခြင်းတို့ကို အသုံးပြုဆောင်ရွက်လျက်ရှိပါသည်။

(၂) ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ရုရှား-ယူကရိန်းစစ်ပွဲ အကျိုးဆက် ကြောင့် လောင်စာဆီဈေးနှုန်းမြင့်တက်ခြင်းနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက် ခြင်းတို့ကြောင့် အစားအစာနှင့် အခြားကုန်စည်ဈေးနှုန်းများမြင့်တက်ခြင်းမှတစ်ဆင့် ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်မှုနှင့်ရင်ဆိုင်ရလျက်ရှိပါသည်။

(၃) အဆိုပါ ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်ခြင်းအား သက်သာလျော့ပါးစေရန် အတိုးနှုန်း မြှင့်တင်ရန်သင့်/မသင့် ထည့်သွင်းစဉ်းစားရာတွင် နိုင်ငံ၏စီးပွားရေးတိုးတက်မှုနှုန်း သည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ၂.၄ ရာခိုင်နှုန်းရှိခဲ့ပြီး၊ ရည်မှန်းချက်(၃.၇) ရာခိုင်နှုန်းအောက်လျော့နည်းနေခြင်း၊ စီးပွားရေးစနစ်အတွင်းရှိ စုစုပေါင်းငွေကြေး ပမာဏသည်ရည်မှန်းချက်အောက်လျော့နည်းနေခြင်း၊ ဘဏ်များ၏အပ်ငွေအနည်းငယ် ကျဆင်းလျက်ရှိခြင်း၊ ချေးငွေတိုးမြှင့်ထုတ်ချေးမှု (Credit Expansion) မပြုနိုင်သေးခြင်း၊ ဘဏ်လုပ်ငန်းကဏ္ဍ၏ ငွေကြေးလည်ပတ်မှုအခြေအနေကောင်းမွန်စရှိသေးခြင်း စသည့်အခြေအနေများအရလတ်တလောတွင် အတိုးနှုန်းမြှင့်တင်ခြင်းမပြုသေးသင့် ကြောင်း၊ (၃၀.၅.၂၀၂၂)ရက်နေ့တွင်ကျင်းပခဲ့သည့် ငွေကြေးမူဝါဒကော်မတီ(၅/၂၀၂၂) မှဆုံးဖြတ်ခဲ့ပါသည်။

(၄) သို့ရာတွင် လက်ရှိငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်နေခြင်းအား လျှော့ချနိုင်ရန် ကျန် နည်းလမ်း(၂)ခုအနက် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုး (MRR) ကိုမြှင့်တင်ရန် ဖြစ်သော်လည်း ဘဏ်လုပ်ငန်းကဏ္ဍ၏လုပ်သာကိုင်သာရှိမှုအား ထည့်သွင်းစဉ်းစားပြီး၊ လက်ရှိမြန်မာကျပ်ငွေဖြင့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုး ၃ ရာခိုင်နှုန်း သတ်မှတ်ခြင်းအား မပြောင်းလဲဘဲ အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုး(MRR)တွင် ဘဏ်များ၏ဗဟိုဘဏ်ရှိအပ်ငွေစာရင်း (CAB) နှင့် ဘဏ်များလက်ဝယ်ရှိငွေသား (Cash) နှစ်မျိုးအနက်မှ CAB ဖြင့်ထားရှိရမည့်အချိုး ၂.၂၅ ရာခိုင်နှုန်းအား ၂.၅၀ ရာခိုင်နှုန်းသို့တိုးမြှင့်ပြီး၊ Cash ဖြင့်ထားရှိရမည့်အချိုးအား ၀.၇၅ ရာခိုင်နှုန်းမှ ၀.၅၀ ရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်ရန်ဆုံးဖြတ်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ဘဏ်များလက်ဝယ်ရှိငွေသားများအား ဗဟိုဘဏ်ရှိအပ်ငွေစာရင်းသို့ ဝင်ရောက်လာစေခြင်းဖြင့် လှည့်လည်သုံးစွဲငွေ(CIC)လျော့နည်းစေပြီး၊ ငွေကြေးဖောင်းပွမှုနှုန်းအား အထိုက်အလျောက်ထိန်းကျောင်းနိုင်မည်ဖြစ်ပါသည်။

(၅) ထို့အပြင် လတ်တလောတွင် ဘဏ်များလက်ဝယ်ရှိငွေသားများ မြင့်တက်လျက်ရှိရာ ဘဏ်များ Credit Expansion မလုပ်နိုင်သေးသည့်အခြေအနေတွင် ဘဏ်များက မြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ထက်ပိုသည့် ပျမ်းမျှ ပိုလျှံသီးသန့်ငွေပမာဏ (Average Excess CAB) အပေါ်တွင် အတိုးနှုန်းတစ်ရပ် သတ်မှတ်ပေးရန်ဆုံးဖြတ်ခဲ့ပါသည်။ ထို့သို့ဆောင်ရွက်ခြင်းဖြင့် Money Market ကို အခြေခံသည့် အတိုးနှုန်းဘောင်(Interest Rate Corridor) တည်ဆောက်ရန် ကနဦးအဆင့် စတင်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

(၆) ဆက်လက်၍ ငွေကြေးဖောင်းပွမှု ကို ထိန်းကျောင်းရန် Monetary policy instrument တစ်ခုဖြစ်သည့်ဗဟိုဘဏ်ငွေချေးသက်သေခံလက်မှတ် (CBM Bill) ထုတ်ဝေရောင်းချရေးအား နောက်တစ်ဆင့်အနေဖြင့်ဆောင်ရွက်သွားရန်ဆွေးနွေးခဲ့ကြပါသည်။ CBM Bill ထုတ်ဝေရေးနှင့်စပ်လျဉ်း၍ ထည့်သွင်းစဉ်းစားသင့်သည့်အချက်များ၊ အကျိုး ကျေးဇူးများ၊ ထုတ်ဝေချိန်တွင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်သည့် ထုတ်ဝေ ရောင်းချမည့်နည်းလမ်း၊ Face Value သတ်မှတ်ခြင်း၊ အတိုးနှုန်းသတ်မှတ်ခြင်း၊ ထုတ်ဝေမည့်သက်တမ်းနှင့် အကြိမ်အရေအတွက်ထုတ်ဝေမှုအမျိုးအစား၊ ပေးချေမှု နည်းလမ်းတို့အားဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီး လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ပါသည်။

(၇) မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေလဲလှယ်နှုန်းတည်ငြိမ်ရေးအတွက် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် ဘဏ်များသို့ FX Swap Bank to Bank Facility အရ စက်သုံးဆီတင်သွင်းသူများအား အမေရိကန်ဒေါ်လာ ခေတ္တထုတ်ချေးပေးခြင်း၊ ပုံမှန်ကုန်သွယ်ရေးမှ သတ်မှတ်ရက်အတွင်း ပို့ကုန်ရငွေအမေရိကန်ဒေါ်လာများ ဝင်ရောက်စေရန်နှင့် နယ်စပ်ကုန်သွယ်ရေးမှ ယွမ်၊ ထိုင်းဘတ်ငွေများပြန်လည် ဝင်ရောက်စေရန်ကြပ်မတ်ဆောင်ရွက်ခြင်း၊ အဓိကမဖြစ်မနေ တင်သွင်းရမည့် သွင်းကုန်များအတွက် အမေရိကန်ဒေါ်လာဦးစားပေးရောင်းချပေးခြင်း၊ အစိုးရချင်း ပို့ကုန်တင်ပို့မှုများတွင်လိုအပ်သော ... Export Financing ပေးနိုင်ရေးအတွက် လိုအပ်သည့်ညှိနှိုင်းမှုများ ပြုလုပ်ပေးခြင်း၊ သွင်းကုန်များကို အမေရိကန်ဒေါ်လာအပြင် အခြားငွေကြေး (ဥပမာ- ယွမ်၊ ထိုင်းဘတ်) များဖြင့်ပေးချေနိုင်ရေးအတွက် သွင်းကုန် လုပ်ငန်းရှင်များအားညှိနှိုင်းစေခြင်း၊ FX Inflow/ Outflow အခြေအနေများအား လေ့လာသုံးသပ်လျက် လိုအပ်သောမူဝါဒဆိုင်ရာတုန့်ပြန်မှုများကို ဆက်စပ်ဝန်ကြီး ဌာနများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
 #IndustriesGuide
To join Telegram Channel  
 https://t.me/Guid4

Banking & Loan Read 1304 times