ရောင်းချသူကိုယ်စားငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ပေးအပ်


13 July, 2023

ရောင်းချသူကိုယ်စားငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ပေးအပ်

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နေပြည်တော်၊ ဒါရိုက်တာအဖွဲ့အစည်းအဝေးခန်းမ၌ ရောင်းချသူ ကိုယ်စားငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ပေးအပ်ခြင်း အခမ်းအနားအား ၁၀-၇-၂၀၂၃ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။


Nature Link Pay Co.,Ltd (Brand Name- Trusty e-commerce) ၊ 
Zego Pay Co.,Ltd (Brand Name- Zego Money) နှင့်
 Internet Wallet Myanmar Ltd (Brand Name – OK$) 
တို့အား (၁-၂-၂၀၂၃) ရက်နေ့တွင် လိုင်စင်ထုတ်ပေးခဲ့ပြီး ယခုထပ်မံ၍ လိုင်စင်စည်းကမ်းချက်နှင့် ပြည့်စုံသော  Universal Pay Co.,Ltd (Brand Name - Unipay) အား (၁၀-၇-၂၀၂၃)ရက်နေ့တွင် ရောင်းချသူ ကိုယ်စားငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ထပ်ထုတ်ပေးခဲ့ပါသည်။ 

လိုင်စင်ရကုမ္ပဏီများအနေဖြင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှု မရောက်ရှိသည့် နေရာ၊ ဒေသ၊ အလွှာစုံ၊ နယ်ပယ်စုံ၊ ဧရိယာစုံအထိ ဒီဂျစ်တယ်ငွေပေးချေမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင် ရွက်နိုင်မည်ဖြစ်ပြီး ငွေသားကိုင်တွယ်သုံးစွဲမှုများကိုလည်း လျှော့ချနိုင်မည်ဖြစ်ပါသည်။

 မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုကို ဘဏ်ဝန်ဆောင်မှုနှင့် လက်လှမ်းမမှီသည့် နေရာ၊ ကဏ္ဍများအထိ ရယူ အသုံးပြုနိုင်ရန်၊ ဘဏ်များနှင့်ပူးပေါင်း၍ ခရိုင်၊ မြို့ နယ်များအထိ ဘဏ်များ ၏ Network ကို ဖြန့်ကျက်ဆောင်ရွက်နိုင်ရန်၊  အများပြည်သူမှ QR Code ဖြင့် ပေးချေမှုများကိုလွယ်ကူစွာ အသုံးပြုနိုင်ရန် နှင့် ရောင်းသူနှင့်ဝယ်သူအကြား ငွေပေးချေခြင်း ဆောင်ရွက်ရာတွင် ကြားခံအနေ ဖြင့် ကောက်ခံပေးသည့် တတိယအဖွဲ့အစည်းအဖြစ် ဆောင်ရွက်ရန် ရည်ရွယ်၍ ‌ရောင်းချသူကိုယ်စားငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်အား ခွင့်ပြုပေးလျက်ရှိပါသည်။

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Banking & Loan Read 416 times