ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းအစား ၅၀ ရာခိုင်နှုန်းကိုသာ ကျပ်ငွေလဲရန် ဗဟိုဘဏ် ထုတ်ပြန်ကြေညာ


14 July, 2023

ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းအစား ၅၀ ရာခိုင်နှုန်းကိုသာ ကျပ်ငွေလဲရန် ဗဟိုဘဏ် ထုတ်ပြန်ကြေညာ


TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel 

ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းအစား ၅၀ ရာခိုင်နှုန်းကိုသာ ကျပ်ငွေလဲရန် ဗဟိုဘဏ် ထုတ်ပြန်ကြေညာသည်ကို ပြန်လည်မျှဝေအပ်ပါသည်။

 


 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာအမှတ် ၁၅ /၂၀၂၃ (၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်)

 

၁၃၈၅ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၁၁ ရက်

 

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၉၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာအား ထုတ်ပြန်လိုက်သည်။

 

၂။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပို့ကုန်တင်ပို့သူများ ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက်များအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ဖြစ်ကြောင်း (၅-၈-၂ဝ၂၂)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၆/၂၀၂၂)ဖြင့် သတ်မှတ်ခဲ့ပါသည်။

 

၃။ ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းအစား ၅၀ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက်များအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ဖြစ်ကြောင်း ပြင်ဆင်သတ်မှတ်ပါသည်။

 

၄။ ဤအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်။ 

၅။ ဤအမိန့်ကြော်ငြာစာအား လိုက်နာခြင်းမရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူခြင်းခံရမည်။


TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel

Banking & Loan Laws and Regulations Read 302 times