ဩဂုတ်လ ၃၁ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ သန်းအားဝယ်ယူခဲ့သည်။
ဩဂုတ်လ ၃၁ ရက်တွင် ပုဂ္ဂလိကဘဏ် ဝယ်ဈေးမှာ တစ်ဒေါ်လာလျှင် ၁၃၃၀ အောက်အထိ ကျဆင်းလျက် ရှိသည်။
နိုင်ငံခြားငွေဈေးပြိုင်လေလံစနစ်ဖြင့် ပျမ်းမျှငွေလဲလှယ်နှုန်း ၁၃၃၃ ဒသမ ၇ ကျပ်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
အမေရိကန်ဒေါ်လာ ဈေး တစ်ဒေါ်လာလျှင် ၁၃၇၀ ကျပ်မှ ၁၃၅၁ ကျပ်အထိ ၂ ရက်အတွင်း ၁၉ ကျပ်ခန့် ဈေးကျဆင်းသည့်အချိန်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြဂုတ် ၂၈ ရက်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်းအားဝယ်ယူခဲ့သည်။
နိုင်ငံခြားငွေဈေးပြိုင်လေလံစနစ်ဖြင့် ပျမ်းမျှငွေလဲလှယ်နှုန်း ၁၃၄၀ ဒသမ ၉ ကျပ်ဖြင့် ဝယ်ယူခဲ့သည်။