ပြည်ပသို့ထွက်ခွာမည့်သူများအတွက် အသေးသုံး နိုင်ငံခြားငွေ ငွေသားများဝယ်ယူနိုင်ရန် အသိပေးကြေညာချက်


24 February, 2024

ပြည်ပသို့ထွက်ခွာမည့်သူများအတွက် အသေးသုံး နိုင်ငံခြားငွေ ငွေသားများဝယ်ယူနိုင်ရန် အသိပေးကြေညာချက်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များ၏ Money Changer ကောင်တာများတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရောင်းဝယ်ခွင့်ပြုထားသည့် ငွေကြေးအမျိုးအစား (၇) မျိုး (အမေရိကန်ဒေါ်လာ ၊ ယူရို ၊ စင်ကာပူဒေါ်လာ ၊ ထိုင်းဘတ် ၊ မလေးရှားရင်းဂစ် ၊ တရုတ်ယွမ် နှင့် ဂျပန်ယန်း) တို့အား ပုံမှန်ရောင်းဝယ်လျက် ရှိပါသည်။

.

မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပသို့ထွက်ခွာရာတွင် နိုင်ငံတကာငွေပေးချေမှုကတ်များ (Debit Card နှင့် Credit Card) အပြင် အသေးသုံးနိုင်ငံခြားငွေ ငွေသား ဆောင်ယူသွားနိုင်ရေးအတွက် ဈေးကွက်အတွင်း လွယ်ကူစွာ ဝယ်ယူနိုင်ရန်နှင့် တရားမဝင် ငွေလဲလှယ်နေသူများက ဈေးကစားခြင်းကို ထိန်းသိမ်းရန်တို့ကို ရည်ရွယ်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် (သို့မဟုတ်) AD လိုင်စင်ရဘဏ်များ၏ Money Changer ကောင်တာများတွင် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်သူ၊ ဆေးကုသရန် သွားရောက်မည့်သူနှင့် ပညာသင် သွားရောက်မည့်သူများအား (၃၁-၅-၂၀၂၃) ရက်နေ့မှ စတင်၍ လည်းကောင်း၊ ပြည်ပသို့ ထွက်ခွာသူများအနက် ဘုရားဖူး ထွက်ခွာသူများ၊ ပြည်ပနိုင်ငံအစိုးရနှင့် အသင်းအဖွဲ့များ၏ ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်ရန် ထွက်ခွာသူများအား (၁၈-၈-၂ဝ၂၃) မှ စတင်၍ လည်းကောင်း တစ်ဦးလျှင် နိုင်ငံခြားငွေ ငွေသား အမေရိကန်ဒေါ်လာ ၃ဝဝ မှ ၅ဝဝ ခန့် (ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေ ငွေသား) ရောင်းချပေးလျက်ရှိပါသည်။

.

ပြည်ပသို့ အမှန်တကယ်ထွက်ခွာမည့်သူများအား အဆင်ပြေလွယ်ကူစွာ ရောင်းချပေးနိုင်ရေးအတွက် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် (ဆိုက်ရောက်) ရှိ ဘဏ်ကောင်တာ ၃ ခုတွင် AD လိုင်စင်ရဘဏ်များ (CB Bank PCL ၊ ကမ္ဘောဇဘဏ်လီမိတက်၊ AYA Bank PCL ၊ ယူအေဘီဘဏ် လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊ ရိုးမဘဏ်လီမိတက်) မှ နေ့စဉ်အလှည့်ကျ ရောင်းချပေးလျက်ရှိပါသည်။ 

.

လေဆိပ်ကောင်တာများအပြင် အသေးသုံးနိုင်ငံခြားငွေ ငွေသား ရောင်းချပေးသည့် အစီအစဉ်အရ ဝယ်ယူရရှိနိုင်သည့်ဘဏ်ကောင်တာများမှာ 

CB Bank PCL ၊ 

မြန်မာ အရှေ့တိုင်းဘဏ်လီမိတက်၊ 

ကမ္ဘောဇဘဏ်လီမိတက်၊ 

အင်းဝဘဏ်လီမိတက်၊ 

အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ 

AYA Bank PCL ၊ 

ယူအေဘီဘဏ်လီမိတက်၊ 

မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊ 

မြန်မာနိုင်ငံသားများဘဏ်လီမိတက်၊ 

ကမ္ဘာ့ရတနာဘဏ်လီမိတက်၊ 

ရိုးမဘဏ် လီမိတက် နှင့် 

ဧရာဝတီ တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်လီမိတက်တို့ဖြစ်ပြီး အဆိုပါ ကောင်တာများတွင် ဝယ်ယူနိုင်ကြောင်းကိုလည်း ဘဏ်များ၏ Website နှင့် Facebook Page များတွင် ကြေညာထားပါသည်။

ရင်းမြစ် ဗဟိုဘဏ် 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Banking & Loan Read 399 times