မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဘဏ်လုပ်ငန်းများအတွက် ညွှန်ကြားချက်အမှတ် ၁၂/၂၀၁၉ မှာ အဓိကကျသည့် အကျိုးစီးပွားရယူခြင်း ဆိုင်ရာ ညွှန်ကြားချက် ဖြစ်သည်။
အဓိကကျသည့် အကျိုးစီးပွားရယူခြင်းကို ဗဟိုဘဏ်ထံမှ ကြိုတင်သဘောတူခွင့်ပြုချက် ရယူထားခြင်း မရှိဘဲ ရယူပိုင်ဆိုင်ခြင်း မပြုရန် တားမြစ်ထားသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဘဏ်လုပ်ငန်းများအတွက် ညွှန်ကြားချက် ၅ စောင်ကို ၂၅ မတ်လ ၂၀၁၉ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ ၎င်းတို့မှာ ညွှန်ကြားချက်အမှတ် ၈/၂၀၁၉ မှ ညွှန်ကြားချက်အမှတ် ၁၂/၂၀၁၉ အထိ ဖြစ်သည်။
ညွှန်ကြားချက်အမှတ် ၁၂/၂၀၁၉ ((၂၀၁၉ ခုနှစ်၊ မတ်လ ၂၅ ရက်) ကြေညာချက် မူရင်းကို အောက်တွင် ဖော်ပြပေးထားပါသည်။