လုပ်ခ/လစာဝင်ငွေ လွှဲပို့ခြင်းအတွက် တစ်ဒေါ်လာလျှင် ကျပ် ၃၀ အပိုဆောင်း ပေးမည်


28 October, 2022

လုပ်ခ/လစာဝင်ငွေ လွှဲပို့ခြင်းအတွက် တစ်ဒေါ်လာလျှင် ကျပ် ၃၀ အပိုဆောင်း ပေးမည်

 

ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ လုပ်ခ/လစာဝင်ငွေများလွှဲပြောင်းသည့် ပမာဏအပေါ် နိုင်ငံတော်က ပံ့ပိုးငွေများ ထောက်ပံ့ပေးမည့်အကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။


 

အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာချက်

ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ လုပ်ခ/လစာဝင်ငွေများလွှဲပြောင်းသည့် ပမာဏအပေါ် နိုင်ငံတော်က ပံ့ပိုးငွေများ ထောက်ပံ့ပေးမည်

နိုင်ငံတော်အတွက် နိုင်ငံခြားငွေများကို တစ်ဖက်တစ်လမ်းက ရှာဖွေပေးလျက်ရှိသည့် ပြည်ပရောက်မြန်မာနိုင်ငံသားများအား နိုင်ငံတော်က ချီးမြှောက်သောအားဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားသုံးငွေဖြင့်ရရှိသော လုပ်ခ/လစာဝင်ငွေများကို . ပြည်ပမှ ပြည်တွင်းသို့ နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်းလိုင်စင်ရဘဏ်များမှတစ်ဆင့် လွှဲပို့ခြင်းအတွက် အမေရိကန်တစ်ဒေါ်လာ(ယင်းနှင့်ညီမျှသောနိုင်ငံခြားငွေ)အပေါ်တွင် ၃၀ ကျပ် အား နိုင်ငံတော်က အပိုဆောင်းငွေအဖြစ် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းနှင့် ယင်းသို့ပံ့ပိုးငွေများ ကို ငွေထုတ်ယူသည့်နေ့တွင် ချက်ခြင်းထည့်သွင်းပေးသွားမည်ဖြစ်ပြီး ၁-၁၁-၂၀၂၂ ရက်နေ့မှစ၍ အကျိုးသက်ရောက်မှုရှိမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ( ၂၈-၁၀-၂၀၂၂)

Banking & Loan Read 213 times