ဟောင်းနွမ်း စုတ်ပြဲ ချို့ယွင်း ငွေစက္ကူများနှင့် စပ်လျဉ်း၍ ဗဟိုဘဏ် အသိပေးကြေညာချက် ထုတ်ပြန်


15 July, 2023

ဟောင်းနွမ်း စုတ်ပြဲ ချို့ယွင်း ငွေစက္ကူများနှင့် စပ်လျဉ်း၍ ဗဟိုဘဏ် အသိပေးကြေညာချက် ထုတ်ပြန်


 

ပြည်သူသို့ အသိပေးထုတ်ပြန်ခြင်း

Post Date :14-07-2023


၁။    မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်သူလူထုလက်ဝယ်ရှိ ဟောင်းနွမ်း၊ စုတ်ပြဲနှင့် ချို့ယွင်းငွေစက္ကူများ လျော့နည်းပပျောက်စေရန် ရည်ရွယ်၍ တန်ဖိုးတူငွေစက္ကူများဖြင့် ပြန်လည်လဲလှယ်ပေးခြင်းကို (၂၀၀၉)ခုနှစ်မှစ၍ စီမံချက်ဖြင့်စတင်ဆောင်ရွက်ခဲ့ပါသည်။

၂။    ပြည်သူလူထုလက်ဝယ်တွင် လှည့်လည်သုံးစွဲနေသည့် ဟောင်းနွမ်း၊ စုတ်ပြဲနှင့် ချို့ယွင်း ငွေစက္ကူများ လျော့နည်းလာရာမှ ကင်းစင် ပပျောက်စေရန်ရည်ရွယ်ပြီး (၂၀၁၇)ခုနှစ်မှစ၍ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်မှ ငွေလဲလှယ်သည့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များအား တစ်နှစ်ထက် တစ်နှစ်ဖြေလျှော့၍ နှစ်စဉ်စီမံချက်ချ ဆောင်ရွက်လျက်ရှိပါသည်။

၃။    ထို့အပြင် နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များအနေဖြင့် အများပြည်သူသို့ ပြန်လည် ထုတ်ပေးငွေများတွင် လှည့်လည်သုံးစွဲရန် မသင့်တော်သည့် ဟောင်းနွမ်း စုတ်ပြဲငွေစက္ကူများ ပါဝင်မှု မရှိစေရန်၊ ကောင်းမွန်သန့်ရှင်းသည့် ငွေစက္ကူများကိုသာ ပြန်လည်ထုတ်ပေးရန်နှင့် ဟောင်းနွမ်း စုတ်ပြဲ ချို့ယွင်းငွေစက္ကူများကို သတ်မှတ်စည်းမျဉ်းများနှင့်အညီ လက်ခံလဲလှယ်ထုတ်ပေးရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေကြေးညွှန်ကြားလွှာများ၊ အမှာစာများဖြင့် မကြာခဏ ညွှန်ကြားခဲ့ပြီးဖြစ်ပါ သည်။

၄။    သို့ရာတွင် ပြည်သူလူထုလက်ဝယ် လှည့်လည်သုံးစွဲနေသည့် ငွေစက္ကူများတွင် ဟောင်းနွမ်း စုတ်ပြဲ ချို့ယွင်းငွေစက္ကူများ လျော့နည်း ပပျောက်မှု နည်းပါးနေသေး၍လည်းကောင်း၊ ကောင်းမွန်သန့်ရှင်းသည့် ငွေစက္ကူများ ပြည်သူများလက်ဝယ်ပိုမိုရောက်ရှိစေရန် ရည်ရွယ်၍ လည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များတွင် ကောင်တာများဖွင့်လှစ်ပြီး လက်ခံလဲလှယ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း ပြည်သူအများသိရှိနိုင်ရေး အသိပေးအပ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်



 

Banking & Loan Read 548 times