မြန်မာနိုင်ငံတော်ဗဟိုဘဏ် အသိပေးထုတ်ပြန်ချက်


26 May, 2023

မြန်မာနိုင်ငံတော်ဗဟိုဘဏ် အသိပေးထုတ်ပြန်ချက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၂၃ ခုနှစ် မေလ ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်သော အသိပေးထုတ်ပြန်ချချက်ကို ဖော်ပြအပ်ပါသည်


အသိပေးထုတ်ပြန်ချက်
Post Date : 25-05-2023
         ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ကုန်တွင် မြန်မာနိုင်ငံဘဏ်များ၏ အပ်ငွေ၊ ချေးငွေ၊ ငွေသားလည်ပတ်မှုတိုးတက်ကောင်းမွန်ပြီး၊ ဘဏ်အချင်း ချင်းမြန်မာကျပ်ငွေ၊ နိုင်ငံခြားသုံးငွေရောင်းဝယ်မှုတိုးတက်လာကြောင်း၊ ဘဏ်စနစ်တိုးတက်ကောင်းမွန်လာကြောင်း မြန်မာနိုင်ငံတော်ဗဟို ဘဏ်၏ Website တွင်ဖော်ပြထားပြီးဖြစ်ပါသည်။ ဘဏ်များသည်  Exporter နှင့် Importer များအတွက် လိုအပ်သော မြန်မာကျပ်နှင့် အမေရိကန်ဒေါ်လာများရောင်းချခြင်း၊ Pre-Shipment နှင့် Post- Shipment ချေးငွေများ ပံ့ပိုးလျက်ရှိပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှလည်း ဘဏ်များမှ တစ်ဆင့် USD Liquidity နှင့် MMK Liquidity များ ပံ့ပိုးပေးလျက်ရှိပါသည်။ ဘဏ်များ၏ ငွေရေးကြေးရေးအခြေအနေများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၃ လတစ်ကြိမ် ငွေရေးကြေးရေး ကိန်းဂဏန်းဆိုင်ရာအစီရင်ခံစာများထုတ်ပြန်ပြီး အသိပေးလျက်ရှိပါသည်။ Export နှင့် Import များအတွက် ပေးချေမှုများကို ဘတ်နှင့်ယွမ်များဖြင့် တိုးမြှင့်ဆောင်ရွက်နိုင်ရေး ခွင့်ပြုပြီးဖြစ်သောကြောင့် ပြည်တွင်း၊ ပြည်ပပေးချေမှုများ အဆင်ပြေစွာပေးချေ ဆောင်ရွက်လျက်ရှိပါသည်။
      ဘဏ်များ၌ ငွေသားထုတ်ယူမှုကိုလွတ်လပ်စွာတိုးမြှင့်ထုတ်ယူနိုင်ကြောင်း ဘဏ်များ၏ Website များတွင် ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ ဒစ်ဂျစ်တယ်ငွေ ပေးချေမှုစနစ်ကို ပိုမိုတိုးတက်လာစေရေး မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တွန်းအားပေးလျက်ရှိရာ ဒစ်ဂျစ်တယ်ငွေပေးချေမှုများ ပိုမိုတိုးတက်ဆောင်ရွက်လာကြောင်း တွေ့ရှိရပါသည်။
    Exporter နှင့် Importer များအနေဖြင့် လိုင်စင်ခွင့်ပြုချက်နှင့်အညီ ဘဏ်စနစ်ဖြင့်သာ ပေးချေမှုများဆောင်ရွက်ရမည်ဖြစ်၍ မြန်မာကျပ်နှင့် နိုင်ငံခြားငွေရောင်းဝယ်ခြင်း၊ Trade Financing များကို ဘဏ်များမှတစ်ဆင့်ရယူနိုင်ပါသည်။  မလိုအပ်ဘဲ ဝယ်ယူစုဆောင်းခြင်း မပြုလုပ်ရန်၊ Exporter များအနေဖြင့် သတ်မှတ်ကာလအတွင်း ဘဏ်သို့ရောင်းချခြင်းမရှိပါက သတ်မှတ်စည်းမျဉ်းနှင့်အညီ အရေးယူမည်ဖြစ်ပါသည်။
       Export Earning ပြန်လည်ဝင်ရောက်မှုအခြေအနေများနှင့်ဆက်စပ်၍လည်းကောင်း၊ ဘဏ်များမှငွေသားထုတ်ယူမှု ကန့်သတ်ချက်များ ရှိသည်ဟုလည်းကောင်း သတင်းများထုတ်လွှင့်၍ ငွေကြေးစနစ်မတည်ငြိမ်အောင် ဆောင်ရွက်နေမှုများရှိနေပါသည်။ ကောလာဟလများဖြင့် ဈေးကစားခြင်းများ၊ ဈေးကွက်ပေါက်ဈေးထက် ပိုမိုရောင်းဝယ်ခြင်းများ မကြာခဏတွေ့နေရပါသည်။ ပြည်တွင်းဘဏ်များမှ ပါဝင်ပတ်သက်မှု ရှိပါက အရေးယူခံရမည်ဖြစ်ပါသည်။
       Exporter နှင့် Importer များအနေဖြင့်လည်း ရောင်းဝယ်လိုသည့်ပမာဏကို ဘဏ်စနစ်မှ တစ်ဆင့်ဆောင်ရွက်ရန်နှင့် ဘဏ်များအနေဖြင့် Exporter နှင့် Importer များ၏ နိုင်ငံခြားငွေ လိုအပ်ချက်များကိုစောင့်ကြည့်ပြီး ပံ့ပိုးပေးရန် အဆင်သင့်ရှိပါသည်။ မြန်မာနိုင်ငံတော်ဗဟို ဘဏ်သည် USD Liquidity နှင့် MMK Liquidity ကို ဘဏ်များမှတစ်ဆင့် Exporter နှင့် Importer များကိုပံ့ပိုးလျက်ရှိသောကြောင့် ဘဏ်များ မှတစ်ဆင့် လိုအပ်ချက်ကို တင်ပြနိုင်ပါသည်။ ကောလာဟလများဖြင့် ဈေးကစားခြင်းပြုလုပ်ပါက ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 527 times