မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၂၃ ခုနှစ်၊ မေလ ၂၆ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်


26 May, 2023

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၂၃ ခုနှစ်၊ မေလ ၂၆ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။



သတင်းထုတ်ပြန်ခြင်း
Post Date : 26-05-2023
                                                                  မြန်မာနိုင်ငံတော်ဗဟိုဘဏ်
                                                                                                                                               ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ မေလ ၂၆ ရက်


မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်း (Reference Exchange Rate) အား ပြောင်းလဲမည်မဟုတ်ကြောင်း၊ ဘဏ်များ၏ ငွေလဲကောင်တာများတွင် နိုင်ငံခြားငွေ ငွေသားကို တိုးမြှင့်ရောင်းချပေးမည်ဖြစ်ကြောင်းနှင့် USD Liquidity နှင့် MMK Liquidity တို့အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခြင်း


၁။        မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေကြေးဈေးကွက်တည်ငြိမ်စွာဖြင့် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းတည် ငြိမ်စေရန် ဆောင်ရွက်လျက်ရှိပါသည်။ ပြည်တွင်း ဈေးကွက်သို့ USD Liquidity/ MMK Liquidity ကိုဘဏ်များမှတစ်ဆင့် ပံ့ပိုးပေးလျက် ရှိပါသည်။ ဤဆောင်ရွက်ချက်များအရ စီးပွားရေးလုပ်ငန်းရှင်များအကြား USD Liquidity နှင့် MMK Liquidity လိုအပ်ချက်မြင့်တက်ခြင်းကို လျော့ချထိန်းသိမ်းနိုင်ပြီး နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်လျက်ရှိပါသည်။
၂။        သို့ရာတွင် ဝိသမလောဘသမား၊ ဈေးကစားသူအချို့က ဈေးနှုန်းကမောက်ကမဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်မည် ဖြစ်ကြောင်း၊ မဟုတ်မမှန် ကောလဟာလများ ထုတ်လွှင့်ပြီး မသိနားမလည်သူများအား လိမ်ညာအမြတ်ထုတ်ရန် ဆောင်ရွက်နေကြောင်း ကြားသိရပါသည်။
၃။        မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်းကို ပြောင်းလဲရန် အစီအစဉ် မရှိသေးကြောင်းနှင့် ပြည်တွင်းဈေး ကွက်အတွင်းသို့ USD Liquidity နှင့် MMK Liquidity ပံ့ပိုးခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖော်ပြအပ်ပါသည်။ ထို့ပြင် နိုင်ငံခြားငွေ လဲလှယ်နှုန်းတည်ငြိမ်စေရေးအတွက် လိုအပ်သလိုပံ့ပိုးကူညီမှုများ တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၄။    ပြည်တွင်းမှပြည်ပသို့ ပညာသင်သွားရောက်မည့်သူများ၊ ဆေးကုသမှုအတွက် သွားရောက်မည့်သူများ၊ အလုပ်သမားဝန်ကြီးဌာန၏ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အစီအစဉ်အရ အလုပ်သွားရောက်လုပ်ကိုင်မည့်သူများအတွက် ဘဏ်များ၏ ငွေလဲကောင်တာများတွင် အသေးသုံး နိုင်ငံခြားငွေများတိုးမြှင့်ရောင်းချပေးရန်နှင့် နိုင်ငံတကာသုံးငွေပေးချေကတ်များဖြင့် သတ်မှတ်ပမာဏအတွင်း ရောင်းချရန် စီစဉ်ထားရှိပြီး ဖြစ်ပါသည်။
၅။      သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် မဟုတ်မမှန်သတင်းလွှင့်ပြောကြားချက်များကို ယုံကြည်ခြင်းမရှိကြရန် အသိပေးထုတ်ပြန်အပ် ပါသည်။
၆။     ထို့ပြင် မဟုတ်မမှန်သတင်းလွှင့်ပြောကြားသော ဝိသမလောဘသမားများအား  မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေနှင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေတို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖော်ထုတ်အရေးယူသွားမည် ဖြစ်သဖြင့် မဟုတ်မမှန် သတင်းလွှင့်ပြောကြားသော ဝိသမ လောဘသမားများနှင့် ၎င်းတို့၏ ဆက်စပ်သတင်းအကြောင်းအချက်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် (Email: [email protected]) ထံသို့ သတင်းပေးပို့တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်အပ်ပါသည်။

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Laws and Regulations Read 895 times