ပြည်ပသို့ထွက်ခွာမည့်သူများအတွက် အသေးသုံး နိုင်ငံခြားငွေ ငွေသားများဝယ်ယူနိုင်ရန် အသိပေးကြေညာချက်


20 August, 2023

ပြည်ပသို့ထွက်ခွာမည့်သူများအတွက် အသေးသုံး နိုင်ငံခြားငွေ ငွေသားများဝယ်ယူနိုင်ရန် အသိပေးကြေညာချက်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များ၏ Money Changer ကောင်တာများတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရောင်းဝယ်ခွင့်ပြု ထားသည့် ငွေကြေးအမျိုးအစား (၇) မျိုး (အမေရိကန်ဒေါ်လာ ၊ ယူရို ၊ စင်ကာပူဒေါ်လာ ၊ ထိုင်းဘတ် ၊ မလေးရှားရင်းဂစ် ၊ တရုတ်ယွမ်နှင့် ဂျပန်ယန်း) တို့အား ရောင်းဝယ်ရန် ခွင့်ပြု ထားပါသည်။

မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပသို့ထွက်ခွာရာတွင် နိုင်ငံတကာငွေပေးချေမှုကတ် များ (Debit Card နှင့် Credit Card) အပြင် အသေးသုံးနိုင်ငံခြားငွေ ငွေသား ဆောင်ယူ သွားနိုင်ရေးအတွက် ဈေးကွက်အတွင်း လွယ်ကူစွာဝယ်ယူနိုင်ရန်နှင့် တရားမဝင် ငွေလဲလှယ် နေသူများက ဈေးကစားခြင်းကို ထိန်းသိမ်းရန်တို့ကို ရည်ရွယ်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် (သို့မဟုတ်) AD လိုင်စင်ရ ဘဏ်များ၏ Money Changer ကောင်တာများတွင် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်မည့်သူ၊ ဆေးကုသရန်သွားရောက်မည့်သူနှင့် ပညာသင် သွားရောက် မည့်သူများအား တစ်ဦးလျှင် နိုင်ငံခြားငွေ ငွေသား အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ ခန့် (ယင်းနှင့်ညီမျှသောနိုင်ငံခြားငွေ ငွေသား) ရောင်းချခြင်းကို (၃၁-၅-၂၀၂၃) ရက်နေ့မှစတင် ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် ပြည်ပသို့ထွက်ခွာသူများအနက် ဘုရားဖူးထွက်ခွာသူများ၊ ပြည်ပနိုင်ငံအစိုးရနှင့် အသင်းအဖွဲ့များ၏ ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်ရန် ထွက်ခွာသူများကိုလည်း ရောင်းချပေးသွားမည်ဖြစ်ပါသည်။

ပြည်ပသို့ အမှန်တကယ်ထွက်ခွာမည့်သူများအား အဆင်ပြေလွယ်ကူစွာ ရောင်းချပေးနိုင် ရေးအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (ဆိုက်ရောက်/ထွက်ခွာ) ဘဏ်ကောင်တာ ၃ ခုတွင် AD လိုင်စင်ရဘဏ်များမှ နေ့စဉ်အလှည့်ကျရောင်းချသွားမည်ဖြစ်ပါသည်။ လေဆိပ် ကောင်တာများအပြင် အသေးသုံးနိုင်ငံခြားငွေ ငွေသား ရောင်းချပေးသည့်အစီအစဉ်အရ ဝယ်ယူ ရရှိနိုင်သည့်ဘဏ်ကောင်တာများမှာ ကမ္ဘောဇဘဏ်လီမိတက်၊ AYA Bank PCL၊ CB Bank PCL ၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမိတက် ၊ ရိုးမဘဏ် လီမိတက်၊ ယူအေဘီ ဘဏ်လီမိတက်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက် ၊ မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၊ မြန်မာနိုင်ငံသားများဘဏ်လီမိတက်၊ ကမ္ဘာ့ရတနာဘဏ်လီမိတက်နှင့် အင်းဝဘဏ်လီမိတက်တို့ဖြစ်ပြီး အဆိုပါကောင်တာများတွင် ဝယ်ယူနိုင်ကြောင်းကိုလည်း ဘဏ် များ၏ Website နှင့် Facebook Page များတွင် ကြေညာထားပါသည်။
 


 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

 

.

Banking & Loan Laws and Regulations Read 344 times