၂၀၂၃ ခုနှစ် ကမ္ဘောဒီးယား ထိပ်တန်း Fintech ကုမ္ပဏီ ၇ ခု


04 May, 2023

၂၀၂၃ ခုနှစ် ကမ္ဘောဒီးယား ထိပ်တန်း Fintech ကုမ္ပဏီ ၇ ခု

ကမ္ဘောဒီးယား၏ နည်းပညာ လုပ်ငန်းသစ်များအတွက် စီးပွားရေး ပတ်ဝန်းကျင်သည် ၂၀၁၀ ပြည့်လွန်နှစ်များတွင် စတင် ပေါ်ပေါက်လာပြီး ထိုအချိန်မှစ၍ သိသိသာသာ တိုးတက်လာခဲ့သည်။
၎င်းစီးပွားရေး ဝန်းကျင်ထဲတွင် ၂၀၁၃ ခုနှစ်မှာ  ကုမ္ပဏီခု‌ရေ ၅၀ မပြည့်ခဲ့ချေ။ အာရှဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ပြန်သည့် အချက်အလက်များအရ  ၂၀၁၈ ခုနှစ်တွင် ကုမ္ပဏီခု‌ေရ ၃၀၀ ဝန်းကျင်အထိ ရှိနေပြီ ဖြစ်သည်။
 
ကမ္ဘောဒီးယား၏ နည်းပညာလုပ်ငန်းသစ်များတွင်လုပ်ငန်းအများစုသည် fintech နှင့် ပတ်သက်သည့် လုပ်ငန်းများ ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် fintech နယ်ပယ်တွင် လုပ်ငန်းသစ် ၅၀ ခု ခန့် ရှိသည်။ ၂၀၂၁ ခုနှစ်တွင် ခုရေ ၃၀၀ ကျော်အထိ ရှိနေသည်။ 
 
ဒစ်ဂျစ်တယ်ငွေပေးချေမှုအသုံးပြုမှု အရှိန်အဟုန်မြင့်လာပြီးနောက် ကမ္ဘောဒီးယား fintech ကဏ္ဍ မြင့်တက်လာသည်။

COVID-19 မှစတင်၍ ငွေသားမပါသောငွေပေးချေမှုများသည် ငွေသားဖြင့် အလွှဲအပြောင်းများကို လျော့နည်းသွားစေသည်အထိ ရေပန်းစားလာပါသည်။

၂၀၂၂  Visa လေ့လာမှုအရ ငွေသားအသုံးပြုမှုသည် ၂၀၂၂ ခုနှစ်တွင် ၂၂% ကျဆင်းသွားကြောင်း တွေ့ရှိခဲ့သည်။
e-wallet နှင့် ကတ် လက်ဝယ်ရှိသူတို့တွင် ၆၈% သည် ကတ်ကို သုံးရတာ ပိုကြိုက်ကြသည်။
QR ကုဒ်သုံးပြီး ငွေပေးချေကြခြင်းသည် ၂၀၂၂ တွင် ၂၀၂၁ ထက် ၃ ဆ ဖြစ်လာသည်။
 
ကမ္ဘောဒီးယား Fintech နယ်ပယ်တွင် ၂၀၂၃ ခုနှစ်မှာ ထိပ်တန်း  ကုမ္ပဏီ ၇ ခုအထိ ရှိနေပြီ ဖြစ်သည်။

 

Pi Pay
၂၀၁၇ ခုနှစ်တွင် Pi Pay ကို စတင်ခဲ့သည်။
Pi ဈPay သည် သုံးစွဲသူများအား ငွေပေးပို့ခြင်းနှင့် လက်ခံခြင်း၊ ဘီလ်များပေးဆောင်ခြင်း၊ ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းများကို ငွေဖြည့်သွင်းခြင်း၊ ၎င်းတို့၏ လစဉ်အာမခံပရီမီယံများကို ပေးချေခြင်း၊ ပါတနာ လက်လီရောင်းချသူများတွင် စျေးဝယ်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်နိုင်သည့် ငွေသားမဲ့ ငွေပေးချေမှုပလက်ဖောင်းတစ်ခုဖြစ်သည်။

အက်ပ်တွင် Chat ၊ Maps နှင့် Friend Finder အပါအဝင် လူမှုရေးဆိုင်ရာ လုပ်ဆောင်ချက်များလည်း ပါဝင်သည်။

ငွေဖြည့်ရန် နည်းလမ်းအသွယ်သွယ် စီစဉ်ပေးထားသည်။ Pay&Go စက်များ၊ ဘဏ်ငွေလွှဲ၊  နိုင်ငံတစ်ဝှမ်းရှိ AMK ဘဏ်ခွဲများနှင့် နိုင်ငံတစ်ဝှမ်းရှိ အေးဂျင့်များထံ ငွေသားပေးပြီး ငွေဖြည့်ခြင်း အစရှိသည့် နည်းလမ်းများ သုံးစွဲနိုင်သည်။

Pi Pay သည် တရုတ်ပြည်မှ Alipay, WeChat Pay တို့နှင့် လည်းကောင်း၊ တောင်ကိုရီးယားမှ  KB Kookmin Bank နှင့်လည်းကောင်း မိတ်ဖက်ပြုထားသည်။
သုံးစွဲသူ ဦးရေ ၄ သိန်းခွဲခန့် ရှိသည်။ ကွန်ရက်တွင် ကုန်သည် ဦးရေ ၄,၅၀၀ ကျော် ပါဝင်သည်။

Pi Pay ကို အဆောက်အဦ ပိုင်ဆိုင်မှု၊  အခြေခံအဆောက်အအုံ၊ ဧည့်ဝတ်ပြုမှု၊ လျှပ်စစ်နှင့် ကုန်သွယ်မှုလုပ်ငန်းများ စသဖြင့်  လုပ်ငန်းမျိုးစုံ လုပ်ကိုင်သည့် ကုမ္ပဏီစုကြှီး Anco Brothers Group က ကျောထောက်နောက်ခံ ပြုပေးထားသည်။ မျိုးတူလုပ်ငန်း Smartluy နှင့် ၂၀၂၀ ခုနှစ်တွင် ပေါင်းစည်းခဲ့သည်။


TrueMoney
TrueMoney သည် ထိပ်တန်းနိုင်ငံတကာ Fintech brand တစ်ခုဖြစ်သည်။
ထိုင်းနိုင်ငံမှ Charoen Pokphand Group (CP Group) ၏ ဒစ်ဂျစ်တယ် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းကဏ္ဍဖြစ်ပြီး တရုတ်နိုင်ငံမှ Ant Group နှင့် ပူးပေါင်းထားသော Ascend Money ၏ ငွေကြေးဝန်ဆောင်မှု brand ဖြစ်သည်။ TrueMoney ရုံးချုပ်ကို ထိုင်းနိုင်ငံတွင် ထားရှိသည်။ 
ကမ္ဘောဒီးယားတွင် ၂၀၁၆ တွင် TrueMoney စတင်ခဲ့သည်။ TrueMoney ဘိုင်းအက်ပ်သည် သုံးစွဲသူများအား ငွေလွှဲခြင်း၊  မိုဘိုင်းလ်ဖုန်း ငွေဖြည့်သွင်းခြင်း၊  ဘေလ်ပေးချေခြင်း အစရှိသည်တို့ လုပ်ကိုင်နိုင်သည်။
TrueMoney သည် အရှေ့တောင်အာရှတွင် အကြီးဆုံးနှင့် အလျင်မြန်ဆုံး တိုးတက်နေသော ငွေကြေးပလက်ဖောင်းများထဲမှ တစ်ခုဖြစ်သည်။
စျေးကွက်တစ်ခုတည်းမှ စျေးကွက်ခြောက်ခုသို့ နှစ်နှစ်အတွင်း ကြီးထွားလာခဲ့သည်။
ယခုအခါ ကုမ္ပဏီသည် ကမ္ဘောဒီးယား၊ ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့တွင် လုပ်ကိုင်လျက်ရှိသည်။
အရှေ့တောင်အာရှတွင် အေးဂျင့် ၆၅,၀၀၀ ဖြင့်  ဒေသတွင်း အကြီးဆုံး အေးဂျင့်ကွန်ရက် ထူထောင်ထားသည်။


Bima
Bima Cambodia သည် ဆွီဒင်ကုမ္ပဏီ Milvik ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည်။
 ထွန်းသစ်စဈေးကွက်များတွင် မိုဘိုင်းလ် ကျန်းမာရေးနှင့် အာမခံဝန်ဆောင်မှုများကို ကမ္ဘာ့ထိပ်တန်း ဝန်ဆောင်မှုပေးသူများထဲတွင် ပါဝင်သည်။
ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၁၄ ခုနှစ်တွင် Bima Cambodia စတင်ခဲ့သည်။ Bima Life, Bima Personal Accident စသဖြင့် အာမခံ ဝန်ဆောက်မှုများ ပေးအပ်သည်။ လစဉ်ကြေး ၁ အမေရိကန်ဒေါ်လာဖြင့် စတင်အသုံးပြုနိုင်သည်။
 
Milvik ကို  ၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မိုဘိုင်းလ်ဖြင့် ကျန်းမာရေးနှင့် အာမခံဝန်ဆောင်မှုများမှတစ်ဆင့် ထွန်းသစ်စစျေးကွက်များတွင် ကျန်းမာရေးစောင့်ရှောက်မှုကို အသွင်ကူးပြောင်းရန် ရည်ရွယ်ထားသည်။
ကုမ္ပဏီသည် အာရှနှင့် အာဖရိကဒေသတစ်ဝှမ်းတွင် လုပ်ကိုင်နေပြီး လူများအား အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုကို တတ်နိုင်သော ငွေကြေးပမာဏ လက်လှမ်းမီမှုဖြင့် ပံ့ပိုးပေးပါသည်။

 

AMK Microfinance Institution

AMK Microfinance Institution (AMK MFI) သည် ကမ္ဘောဒီးယားနိုင်ငံရှိ ထိပ်တန်းအသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။
ချေးငွေများ၊ အပ်နှံငွေများ၊ ငွေလွှဲခြင်း၊ ငွေပေးချေမှုများ၊ အသေးစားအာမခံ၊ လုပ်ခလစာစာရင်း အစရှိတို့ကို ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်း၊ ကိုယ်စားလှယ်ဘဏ်လုပ်ငန်း အစရှိသည်တို့ဖြင့် ဝန်ဆောင်မှု ပေးအပ်သည်။


 မိုဘိုင်းဘဏ်လုပ်ငန်းအက်ပ် အသုံးပြုသူများအား ငွေရေးကြေးရေးစီမံခန့်ခွဲမှု၊ အသုံးစရိတ်များနှင့် ငွေပေးချေမှုများ၊ မိုဘိုင်းလ်ဖုန်းများကို ငွေဖြည့်သွင်းရန်နှင့် ကမ္ဘောဒီးယားနိုင်ငံ၏ အချိန်နှင့်တပြေးညီ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ် Bakong ကို အသုံးပြု၍ ဘဏ်စာရင်းများကြားတွင် ငွေလွှဲခြင်းတို့ လုပ်ဆောင်နိုင်ရန် စီစဉ်ပေးထားသည်။ 
 ကုန်သည်များအတွက် AMK Pay၊ QR ကုဒ်ငွေပေးချေမှုပလက်ဖောင်းကိုလည်း ပံ့ပိုးပေးပါသည်။
 AMK MFI သည် ကမ္ဘောဒီးယားတွင် ဘဏ်ခွဲပေါင်း ၁၅၀ ကျော်နှင့် အေးဂျင့် ၇,၀၀၀ ခန့်ဖြင့် နိုင်ငံအတွင်း အကြီးဆုံးကွန်ရက်များထဲမှ တစ်ခုဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် သုံးစွဲသူ တစ်သန်းဝန်းကျင် ရှိသည်။

 

Morakot

Morakot သည် ၂၀၁၄ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ငွေကြေးစနစ်များကို အာရုံစိုက်သည့် ဆော့ဖ်ဝဲကုမ္ပဏီတစ်ခုဖြစ်သည်။
ကုမ္ပဏီသည် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် ဘဏ်များအတွက် cloud-based banking platform များကို အထူးပြုလုပ်ကိုင်သည်။

Morakot VB core banking software သည် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ၊ သမဝါယမများ၊ အငှားကုမ္ပဏီများအပြင် အသေးစားနှင့် အလတ်စားဘဏ်များ၊ အပေါင်ဆိုင်များအတွက် သင့်လျော်ပါသည်။
 ကမ္ဘောဒီးယား၊ မြန်မာနှင့် စင်ကာပူတို့တွင် လြပ်ကိုင်နေပြီး ဒေသတွင်း အနှံ့အပြားတွင် တိုးချဲ့လုပ်ဆောင်ရန် စီစဉ်ထားသည်။

 

BanhJi
၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော BanhJi သည် အသေးစား၊ အလတ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ဘဏ္ဍာရေးစီမံခန့်ခွဲမှုအတွက် ဒစ်ဂျစ်တယ်ပလပ်ဖောင်းတစ်ခု ပံ့ပိုးပေးထားသည့် fintech startup တစ်ခုဖြစ်သည်။

အဆိုပါပလပ်ဖောင်းသည် စီးပွားရေးလုပ်ငန်းများအား ဖောက်သည်အပ်ငွေများ၊ လက်ကျန်ငွေများနှင့် ပြေစာများကို ခြေရာခံရန်၊ အရောင်းစီမံခန့်ခွဲမှုကို ပံ့ပိုးပေးခြင်းနှင့် အခြားအရေးကြီးသော ဝင်ငွေစီမံခန့်ခွဲမှုတို့ကို ကူညီပေးပြီး ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ချက်ချခြင်း၊ စွမ်းဆောင်ရည်နှင့် လိုက်လျောညီထွေ ဖြစ်စေခြင်းတို့ကို လွယ်ကူစေသည်။


Bongloy
Bongloy သည် ၂၀၁၈ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ကတ်ထုတ်ပေးခြင်းနှင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုများအတွက်  open API ပံ့ပိုးပေးသည့် fintech ကုမ္ပဏီဖြစ်သည်။

ပလက်ဖောင်းသည် သမားရိုးကျ ငွေကြေးအဖွဲ့အစည်းများနှင့် ကုမ္ပဏီများကို အီလက်ထရွန်းနစ်ငွေပေးချေမှုကို ကုန်ကျစရိတ်သက်သာ၊ မြန်ဆန်ပြီး လွယ်ကူသောနည်းလမ်းဖြင့် ပံ့ပိုးပေးပါသည်။
 စီးပွားရေးလုပ်ငန်းများအား ကတ်များကို ထုတ်ပေးနိုင်‌ေစသည့်အပြင် အွန်လိုင်းငွေပေးချေမှုများကို ချောမွေ့စွာ လက်ခံနိုင်စေပါသည်။

Source fintechnews
 

Banking & Loan Read 224 times