ကမ္ဘောဒီးယားဗဟိုဘဏ် အရန်နိုင်ငံခြား‌ငွေ  ဒေါ်လာ ၁၈ ဒသမ ၄ ဘီလီယံအထိ တိုးလာ


05 August, 2023

ကမ္ဘောဒီးယားဗဟိုဘဏ် အရန်နိုင်ငံခြား‌ငွေ  ဒေါ်လာ ၁၈ ဒသမ ၄ ဘီလီယံအထိ တိုးလာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ကမ္ဘောဒီးယားဗဟိုဘဏ် National Bank of Cambodia (NBC) က ၂၀၂၃ ခုနှစ် ဇွန်လတွင် နိုင်ငံခြားသုံးငွေ အရန်ငွေ ပမာဏသည် ကန်ဒေါ်လာ ၁၈ ဒသမ ၄ ဘီလီယံအထိ တိုးလာကြောင်း ‌ထုတ်ပြန်သည်။

၂၀၂၂ ခုနှစ် နှစ်ကုန်တွင် ကန်ဒေါ်လာ ၁၇.၈၂ ဘီလီယံ ရှိခဲ့ရာမှ ၃.၃% ပိုများလာခြင်း ဖြစ်သည်။

NBC ၏ထိန်းချုပ်မှုအောက်ရှိ နိုင်ငံတကာအရန်ငွေများတွင် နိုင်ငံခြားသုံးငွေများ၊ ရွှေနှင့် SDR (Special Drawing Right) တို့ ပါဝင်သည်။
"နိုင်ငံတကာ အရန်ငွေများသည် လာမည့် ခုနစ်လအတွင်း ကုန်စည်နှင့် ဝန်ဆောင်မှုများ တင်သွင်းမှုအတွက် လုံလောက်သည်"ဟု NBC မှ ထုတ်ပြန်သည့် နှစ်လယ်အစီရင်ခံစာတွင် ဖော်ပြထားသည်။
NBC ၏ညွှန်ကြားရေးမှူးချုပ် Kimty Kormoly က နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၃ ခုနှစ်တွင် ၅.၆ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားကြောင်း ပြောကြားသည်။ ၂၀၂၂ ခုနှစ်တွင် ၅.၂% ကြီးထွားခဲ့သည်။
အထည်ချုပ်နှင့် အထည်ချုပ် မဟုတ်သော ထုတ်ကုန်ပစ္စည်းများ တင်ပို့မှု၊ ခရီးသွားလုပ်ငန်း ပြန်လည် ကောင်းမွန်လာခြင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် လျင်မြန်စွာ ပြန်လည်ဦးမော့လာခြင်း၊ ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေလုပ်ငန်းများ ပြန်လည်ဦးမော့လာခြင်းတို့ကြောင့် နိုင်ငံ့စီးပွားရေး ကြီးထွားနှုန်း မြင့်တက်မည် ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ယခုနှစ် ပထမနှစ်ဝက်မှာ  ငွေဖောင်းပွမှုနှုန်း ၁.၂% ရှိသည်။ ယခင်နှစ် ဒုတိယနှစ်ဝက်တွင် ၄.၂% ရှိခဲ့ပါသည်။

Source Xinhua

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Banking & Loan Read 250 times