၂‌၀၂၁ တွင် ကမ္ဘောဒီးယား စက်ဘီးတင်ပို့မှု ဒေါ်လာ သန်း ၅၀၀ ကျော်သို့ ရောက်ရှိ


30 December, 2021

၂‌၀၂၁ တွင် ကမ္ဘောဒီးယား စက်ဘီးတင်ပို့မှု ဒေါ်လာ သန်း ၅၀၀ ကျော်သို့ ရောက်ရှိ

၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လအတွင်း ကမ္ဘောဒီးယားမှ ပြည်ပသို့ စက်ဘီးတင်ပို့သည့် တန်ဖိုးပမာဏ စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၅၁၄ သန်း ရှိကြောင်း Khmer Times သတင်းဌာနက ကမ္ဘောဒီးယား စီးပွားကူးသန်းဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၇ တွင် ပြောကြားချက်များအရ ဖော်ပြထားသည်။

ကိုဗစ်ကြောင့် လုပ်ငန်းများ ရပ်ဆိုင်းထားရသည်များ ရှိခဲ့သော်လည်း စက်ဘီးတက်ပို့မှု အားကောင်းခဲ့ကြောင်း စီးပွားကူးသန်းဝန်ကြီး Pan Sorasak က ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားစက်ဘီးများ တင်ပို့သည့် နိုင်ငံများတွင် အမေရိကန်၊ ဂျာမနီ၊ ဗြိတိန်၊ ဂျပန်၊ တရုတ်၊ အာဆီယံ၊ ဘယ်လ်ဂျီယံ၊ ဟော်လန်၊ ဩစတီးယား၊ ဆွီဒင်၊ ဒိန်းမတ်၊ ဩစတြေးလျ၊ ချက်သမ္မတနိုင်ငံ၊ အီတလီ၊ ကိုလံဘီယာ၊ ကိုရီးယားသမ္မတနိုင်ငံ၊ စပိန်၊ စလိုဗေးနီးယားနှင့် ကနေဒါတို့သည်  အဓိကစျေးကွက်များ ဖြစ်သည်။

ပြည်ပပို့ကုန်စက်ဘီးများကို ဗီယက်နမ်နယ်စပ်တွင် တည်ရှိသော စဗေးရင်းပြည်နယ်၊ ဘဗက်မြီု့ရှိ အထူးစီးပွားရေးဇုန်တွင် ထုတ်လုပ်ပါသည်။

Export, Import Read 3040 times