ကမ္ဘောဒီးယား-တရုတ် ကုန်သွယ်မှု ပထမနှစ်လအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ ရောက်ရှိ


26 March, 2023

ကမ္ဘောဒီးယား-တရုတ် ကုန်သွယ်မှု ပထမနှစ်လအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ ရောက်ရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကမ္ဘောဒီးယားနှင့် တရုတ်တို့ကြား ကုန်သွယ်မှုပမာဏသည် 2023 ခုနှစ် ပထမနှစ်လတွင် ကန်ဒေါ်လာ ၁.၇ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယမန်နှစ်ထက် ၁၅.၆% လျော့နည်းခဲ့ကြောင်း ကမ္ဘောဒီးယား အကောက်ခွန်နှင့် အခွန်ဦးစီးဌာနက အချက်အလက်များ ထုတ်ပြန်သည်။
တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်မှာ အမေရိကန် ဖြစ်သည်။ တတိယနေရာတွင် ဗီယက်နမ်၊ စတုတ္ထနေရာတွင် ထိုင်းနိုင်ငံတို့ ရှိနေသည်ဟု ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတွင်  ကမ္ဘောဒီးယား၏ စုစုပေါင်းကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံရှိပြီး တရုတ်နိုင်ငံသည် ၂၄% ပါဝင်သည်။

တရုတ်နိုင်ငံသို့ အဓိက တင်ပို့သည့် ကုန်ပစ္စည်းများမှာ ဆန်စပါး၊ ငှက်ပျောသီး၊ သရက်သီး၊ ပီလောပီနံ၊ ရေထွက်ကုန်နှင့် အဝတ်အထည်များ ဖြစ်သည်။
တရုတ်နိုင်ငံထံမှ အထည်ချုပ်ကဏ္ဍအတွက် ကုန်ကြမ်းများ၊ စက်ယန္တရားများ၊ မော်တော်ယာဉ်များ၊ စားသောက်ကုန်များ၊ အီလက်ထရွန်းနစ်နှင့် ဆေးဝါးများ စသည်တို့ကို တင်သွင်းခဲ့သည်။

ကမ္ဘောဒီးယား-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှု သဘောတူညီချက် FTA နှင့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (RCEP)တို့သည် တရုတ်နိုင်ငံသို့ ကမ္ဘောဒီးယား လယ်ယာထွက်ကုန်များ တင်ပို့မှုကို အရှိန်မြင့်တက်စေမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ပြောကြားသည်။

“FTA နှင့် RCEP တို့ကြောင့် ကမ္ဘောဒီးယားနိုင်ငံထုတ် ကုန်ပစ္စည်းများ တရုတ်ဈေးကွက်ဝင်ဖို့ လမ်းပိုပွင့်စေတဲ့အပြင်  တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဆွဲဆောင်ပါတယ်" ဟု ၎င်းက ဆိုသည်။

Source Khmer Times
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Export, Import Read 204 times