ကမ္ဘောဒီးယား စက်ဘီး ဒေါ်လာ ၃၃၁ သန်းဖိုး ပြည်ပတင်ပို့


14 July, 2023

ကမ္ဘောဒီးယား စက်ဘီး ဒေါ်လာ ၃၃၁ သန်းဖိုး ပြည်ပတင်ပို့

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ကမ္ဘောဒီးယားသည် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် နိုင်ငံခြားဈေးကွက်များသို့ ဒေါ်လာ ၃၃၁ သန်းတန်ဖိုးရှိ စက်ဘီးများ တင်ပို့ခဲ့သည်။


ကမ္ဘောဒီးယားနိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ လက်ထောက်အတွင်းဝန်နှင့် ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က Made-in-Cambodia စက်ဘီးများကို ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဂျပန်နှင့် တရုတ်နိုင်ငံ အစရှိသည့် နိုင်ငံများထံ တင်ပို့ခဲ့ကြောင်း ပြောကြားသည်။

"စက်ဘီးက အဝတ်အထည်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်းများပြီးရင် အရေးပါတဲ့ ပို့ကုန် ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့  အဓိကထုတ်ကုန်ပစ္စည်းများထဲမှ တစ်ခုဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

ကမ္ဘောဒီးယားမှာ လက်ရှိတွင် စက်ဘီးစက်ရုံ ၅ ရုံရှိသည်။ Svay Rieng ပြည်နယ် ဗီယက်နမ်နယ်စပ်အနီးရှိ Bavet City မှ အထူးစီးပွားရေးဇုန်များတွင် တည်ရှိသည်။

Source khmertimeskh 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Export, Import Read 286 times