BYD Electronic က အမေရိကန်လုပ်ငန်း Jabil ၏ တရုတ်ပြည်လုပ်ငန်းကဏ္ဍကို ဒေါ်လာ ၂ .၂ ဘီလီယံဖြင့် ဝယ်ယူ


04 September, 2023

BYD Electronic က အမေရိကန်လုပ်ငန်း Jabil ၏ တရုတ်ပြည်လုပ်ငန်းကဏ္ဍကို ဒေါ်လာ ၂ .၂ ဘီလီယံဖြင့် ဝယ်ယူ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ကားထုတ်လုပ်သူအဖြစ် လူသိများသည့် BYD က ကုမ္ပဏီ၏ အီလက်ထရွန်းနစ်ဌာနခွဲ BYD Electronic  (BE) က အမေရိကန်အခြေစိုက် ထုတ်လုပ်သူ Jabil သည် တရုတ်နိုင်ငံမှ ၎င်း၏ မိုဘိုင်းအီလက်ထရွန်နစ်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းကဏ္ဍကို ယွမ် ၁၅.၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံ) ဖြင့် ဝယ်ယူရန် သဘောတူညီမှု ရရှိခဲ့သည်။

ယခုလို ဝယ်ယူလိုက်သည့်အတွက်  BYD Electronic (BE) သည် Jabil ၏ ဖောက်သည်များကို ရရှိမည်။ Jabil ၏ ကုန်ထုတ်ကဏ္ဍများကိုလည်း ရရှိမည်။ အထုးသဖြင့် Jabil ၏ စမတ်ဖုန်း အစိတ်အပိုင်း ထုတ်လုပ်သည့် လုပ်ငန်းကဏ္ဍကို ရရှိမည်ဖြစ်သည်။ ထြိ့ပြင် အဆိုပါ လုပ်ငန်းကဏ္ဍများတွင် Jabil ၏ ကြီးထွားချဲ့ထွက်နေသည့် အလားအလာကောင်းများကိုလည်း ရရှိမည်ဖြစ်သည်။

Jabil Circuit သည် ဆားကစ်ဘုတ်ပြားများ ထုတ်လုပ်သည့် လုပ်ငန်းဖြစ်ပြီး စင်ကာပူတွင် အခြေစိုက်ထားသည်။ တရုတ်နိုင်ငံ ချန်ဒူနှင့် ဝူရှီတို့တွင် စက်ရုံများ ထားရှိသည်။ ၎င်းစက်ရုံများကို BE ထံသို့ ရောင်းချလိုက်ခြင်း ဖြစ်သည်။

ယခုအခါ အီးဗီ ထုတ်လုပ်သူဟု လူသိများသည့် BYD သည် လျှပ်စစ်ပစ္စည်း အစိတ်အပိုင်းများ ရောင်းချခြင်းဖြင့် လုပ်ငန်း စတင်ခဲ့သည်။ ၂၀၀၇ ခုန‌ှစ်တွင် BE ကို ကုမ္ပဏီတစ်ခုအနေဖြင့် ဟောင်ကောင် စတော့အိပ်ချိန်းတွင် စာရင်းသွင်းခဲ့သည်။

BE ၏ အဓိက စီးပွားရေးမှာ လူသုံးကုန် အီလက်ထရွန်းနစ်ပစ္စည်း ထုတ်လုပ်သူများထံ အီလက်ထရွန်းနစ် အစိတ်အပိုင်းများ ရောင်းချခြင်း ဖြစ်သည်။ အဓိအားဖြင့် စမတ်ဖုန်းနှင့် လက်ပ်တော့တို့အတွက် အီလက်ထရွန်းနစ် အစိတ်အပိုင်းများ ရောင်းချသည်။

Source: Reuters

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Investment/Divestment Read 231 times