သုံးရက်ကြာမြင့်မည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တန်းဖွင့်လှစ်မည်


01 March, 2019

စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေဖို့ Business Model Development သုံးရက်ကြာ သင်တန်းကို မတ်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းနဲ့ မင်းဓမ္မလမ်းထောင့်ရှိ SME ဌာနမှာဖွင့်လှစ်မှာ ဖြစ်ပါတယ်။


နိုင်ငံတကာမှာ အသုံးပြုနေတဲ့ နည်းလမ်းများနဲ့အညီ သင်ကြားပေးမှာဖြစ်ပြီး လုပ်ငန်းအတွက် လက်တွေ့အသုံးချနိုင်မယ့် အရေးပါတဲ့စီးပွားရေးပုံစံတစ်ခု ဖြစ်လာစေဖို့လည်း သင်ကြားပေးမှာဖြစ်ပါတယ်။

အသေးစားနဲ့ အလတ်စား (SME) လုပ်ငန်းရှင်များကို (SME Loan) ထုတ်ချေးပေးနေတဲ့ အကြောင်းအရာများ၊ ဝင်ငွေရနိုင်မယ့်နည်းလမ်းများ၊ လုပ်ငန်းဖော်ဆောင်နိုင်ဖို့ လိုအပ်တဲ့အင်အားစုများ၊ ပစ္စည်းဝယ်ယူတဲ့အခါ ပြုလုပ်ရမည့်အချက်များ၊ စားသုံးသူများနဲ့ ရေရှည်ဆက်ဆံရေးကောင်းစေမယ့် နည်းလမ်းများကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။

သင်တန်းအချိန်မှာ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖြစ်ပြီး သင်တန်းသားဦးရေ ၃၅ ဦးအထိသာ လက်ခံကာ သင်တန်းကြေးမှာ ကျပ် ၆၅၀၀၀ ဖြစ်ပါတယ်။ ဒါ့ပြင် သင်တန်းဆင်းလက်မှတ်လည်း ပေးအပ်မှာဖြစ်တာကြောင့် တက်ရောက်လိုသူများအနေနဲ့ ဖုန်း ၀၉- ၃၁၅၇၉၆၇၉၊ ၀၉- ၇၉၈၄၇၃၄၇၂၊ ၀၉- ၄၂၁၀၇၂၅၉၈ တို့ထံ ဆက်သွယ်စာရင်းပေးနိုင်ပါတယ်။

SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တန်းများကို စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးဦးစီးဌာနမျုားက  အမြဲမပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။

The voice

Myanmar Industry Directory

Events & Exhibition Tips Read 465 times