အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအတွက် Business Plan သင်တန်းပေးမည်


24 April, 2019

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနဲ့ Success Solutions School တို့ ပူးပေါင်းပြီး အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းရှင်များအတွက် စီးပွားရေးစီမံကိန်းရေးဆွဲခြင်း သင်တန်းကာလကတော့ (၅) ရက်ကြာမြင့်မှာဖြစ်ပြီး အတန်းစဉ် (၁) ကို တစ်ပတ် တစ်ရက်နှုန်းနဲ့  မေလ (၅၊ ၁၂၊ ၁၉၊ ၂၆၊ ၂၇) ရက်များတွင် သင်ကြားသွားမှာ ဖြစ်ပြီး အတန်းစဉ် (၂) ကိုတော့ မေလ (၉၊ ၁၀၊ ၁၁၊ ၁၃၊ ၁၄ ) ရက်များမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

နယ်မှ လာရောက်တက်လိုသူတွေအတွက်လည်း ရက်ဆက်သင်တန်းများရှိပါတယ်။ ကျင်းပပြုလုပ်မယ့်အချိန်ကတော့ နေ့စဉ် နံနက် ( ၉:၃၀ ) မှ ညနေ ( ၄:၀၀ ) နာရီအထိဖြစ်ပြီး  Center of Excellence၊ အမှတ်(၅)၊ သလ္လဝတီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

သင်ကြားပြသပေးသွားမယ့် အကြောင်းအရာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ စီးပွားရေးစွမ်းဆောင်ရည်များ
၂။ စီးပွားရေးစိတ်ကူးရွေးချယ်ခြင်းနှင့် ပြန်လည်ဆန်းစစ်ခြင်း
၃။ စီးပွားရေးစီမံကိန်းရေးဆွဲခြင်း - အပိုင်း(၁) ဈေးကွက်ဖွေရှာ မဟာဗျူဟာအား စီမံခန့်ခွဲခြင်း
၄။ စီးပွားရေးစီမံကိန်းရေးဆွဲခြင်း - အပိုင်း(၂) စီးပွားရေးလုပ်ငန်းလည်ပတ်လုပ်ဆောင်ခြင်းအား စီမံခန့်ခွဲခြင်း
၅။ စီးပွားရေးစီမံကိန်းရေးဆွဲခြင်း - အပိုင်း(၃) ဘဏ္ဍာရေးစီမံကိန်းများအားစီမဲခန့်ခွဲခြင်း

၆။ စီးပွားရေးစီမံကိန်းရေးဆွဲခြင်း - အပိုင်း(၄) လူ့စွမ်းအားအရင်းအမြစ်အားစီမံခန့်ခွဲခြင်း
၇။ စီးပွားရေးစီမံကိန်းရေးဆွဲခြင်း - အပိုင်း(၅) စွန့်စားမှုများအားစီမံခန့်ခွဲခြင်း
၈။ ဆုံးဖြတ်ချက်ချမှတ်ခြင်းစွမ်းရည်နှင့် ညှိနှိုင်းဆောင်ရွက်ခြင်းစွမ်းရည်
၉။ ထိရောက်သော စီးပွားရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်ခြင်းစွမ်းရည်
၁၀။ ကွန်ယက်တိုးမြှင့်ခြင်းစွမ်းရည်

သင်တန်းကြေးအနေနဲ့ကတော့ နေ့လည်စာနဲ့ စာအုပ်အပါအဝင် Success Solutions School ရဲ့ ၂ ရက်တာ Business Plan တက်ရောက်ဖူးသူတိုင်းနဲ့ မိသားစုဝင်တွေအတွက်က တစ်ဦးကို  (၂၅၀၀၀) ကျပ်၊ Success Solutions School ရဲ့ Member များနဲ့ မိသားစုဝင်တွေအတွက်က တစ်ဦးကို (၄၀၀၀၀) ကျပ်၊ သင်တန်းသားအသစ်ဆိုရင်တော့ (၇၅၀၀၀) ကျပ် သတ်မှတ်ထားပါတယ်။

အိုင်ဗရီကို့စ်မှာ ဖျက်ဆီးခံခဲ့ရတဲ့ ဆန်တွေရဲ့ နောက်ကွယ်က အကြောင်းအရင်း
အဆိုပါသင်တန်းအတွက် သင်တန်းသား (၂၅) ဦးသာ ကန့်သတ်ထားပါတယ်။ ပညာအရည်အချင်း သတ်မှတ်ချက် မရှိဘဲ ဘာသာရပ်များကို မြန်မာဘာသာနဲ့ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းနည်းပြအဖြစ် ဒေါ်ဖြူဖြူအေး (B.Com, MBA), ILO - SIYB Trainer, Business Development Service Provider၊၊ GET Ahead Trainer မှ သင်ကြားပေးမှာ ဖြစ်ပါတယ်။

ဒါ့ပြင် သင်တန်းမှ အထူးဝန်ဆောင်မှုအနေနဲ့ ထူးချွန်တဲ့ သင်တန်းသား ၃ ဦးကို ရွေးချယ်ကာ (၃) လတိတိ Business Development Service Provider အဖြစ် အခမဲ့ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ သင်တန်းတက်ရောက်ဖို့ စိတ်ပါဝင်စားတဲ့ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းရှင်များအနေနဲ့ အသေးစိတ်သိရှိလိုပါက ဖုန်း - ၀၉၅၀၂၁၇၃၂ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

SME Development Department
 

Local News Tips Read 684 times