ငွေလဲနှုန်းနှင့် ရွှေဈေးသည် သမိုင်းတစ်လျှောက် အမြင့်မားဆုံးဖြစ်ပြီး ချောက်ထဲကျလာတဲ့မြန်မာ့စီးပွားရေး


08 July, 2022

မေလ ၁၁ ရက်နေ့တွင် အမေရိကန် တစ်ဒေါ်လာလျှင် ငွေလဲနှုန်းသည် ၁၇၀၀ ကျပ်ထက် စံချိန်တင် မြင့်မားခဲ့သည်။ ရွှေ 0.578 အောင်စ (16.3 ဂရမ်) လျှင် စျေးနှုန်းမှာလည်း တစ်ချိန်လုံး အမြင့်ဆုံး ကျပ် ၁.၆၄ သန်းအထိ မြင့်တက်ခဲ့သည်။ ငွေလဲနှုန်းနှင့် ရွှေဈေး နှစ်ခုစလုံးသည် သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သော်လည်း မြန်မာ့ပြည်တွင်း စီးပွားရေးသည် ချောက်ထဲသို့ ထိုးကျနေသည်။

မေလ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံသည် ရက် ၁၀၀ ပြည့် အရေးပေါ်အခြေအနေသို့ ဝင်ရောက်ခဲ့ပြီး ယင်းကာလအတွင်း နိုင်ငံရေးမတည်ငြိမ်မှုများ၏ ဆိုးကျိုးများကြောင့် မြန်မာ့စီးပွားရေးသည် လျင်မြန်စွာ ကျဆင်းသွားခဲ့သည်။ “နိုင်ငံရေး၊ ကပ်ရောဂါနဲ့ တခြားအချက်တွေကြောင့် မြန်မာ့စီးပွားရေး ပြိုလဲလုနီးနီး ဖြစ်နေတယ်” ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်က ဧပြီလ ၃၀ ရက်နေ့ အစီရင်ခံစာတွင် ရေးသားထားသည်။

မေလ ၉ ရက်က မြန်မာနိုင်ငံ နိုင်ငံခြားငွေလဲလှယ်မှုဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ကျပ်ငွေလဲလှယ်နှုန်းသည် ၁ ဒေါ်လာလျှင် ၁၆၆၀ ကျပ်သို့ ကျဆင်းခဲ့သည်။ စံချိန်တင် အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ပြီး မေလ ၁၁ ရက်နေ့တွင် ၁,၇၀၀ ကျပ်ကို ကျော်လွန်ခဲ့တယ်လို့ မြန်မာနိုင်ငံတရားဝင်သတင်းမီဒီယာ “Global New Light” က မေလ ၁၀ ရက်နေ့ ရေးသားဖော်ပြထားပါသည်။

ယခုနှစ် ဇန်နဝါရီလတွင် 1330:1 နှင့် နှိုင်းယှဉ်ပါက ၄ လအတွင်း အမေရိကန်ဒေါ်လာနှင့် ယှဉ်လျှင် ၃၇၀ ကျပ် ၊ 27% လောက် လျော့သွားတယ်။ 

နိုင်ငံရေး ကမောက်ကမ ဖြစ်မှုများနှင့် ပြည်သူများ၏ ငွေထုတ်ယူရန် မတတ်နိုင်သော အခြေအနေများကြောင့် ပြည်သူများအနေဖြင့် ကျပ်ငွေအပေါ် ယုံကြည်မှု ဆုံးရှုံးကာ ရွှေနှင့် ဒေါ်လာများကို ဝယ်ယူကာ ဒေါ်လာဈေးတက်ခြင်း၊ ရွှေဈေးတက်ခြင်းများကို ဖြစ်ပေါ်စေခဲ့သည်။ ထို့ကြောင့် ကျပ်ငွေလဲနှုန်း သိသိသာသာ ကျဆင်းလာသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဧပြီလနှောင်းပိုင်းတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းဈေးကွက်တွင် နှစ်ကြိမ်တိုင်တိုင်ဝင်ရောက်ခဲ့ပြီး ကျပ်ငွေကို ထောက်ပံပေးရန်အတွက် အမေရိကန်ဒေါ်လာ ၁၂ သန်းကို ရောင်းချပေးခဲ့ပြီး ထိုအချိန်တွင် ငွေလဲနှုန်းတည်ငြိမ်နေသော်လည်း မေလအစပိုင်းမှစတင်၍ ကျပ်ငွေ သိသိသာသာကျဆင်းသွားပြန်သည်။

ကျပ်ငွေ၏အခက်အခဲမှာ ငွေလဲနှုန်းကျဆင်းရုံသာမက ပုံနှိပ်ရန်ငွေမရှိခြင်းကြောင့်လည်းဖြစ်သည်။ မြန်မာနိုင်ငံ အစိုးရပိုင် ငွေစက္ကူ ပုံနှိပ်စက်ရုံအတွက် နည်းပညာနှင့် စက်ပစ္စည်းများ ပေးသွင်းသည့် Giesecke and Devrient က မတ်လ ၃၁ ရက်နေ့၌ လူမှုကွန်ရက်တွင် ကြေငြာချက် ထုတ်ပြန်ခဲ့ပြီး လက်ရှိအခြေအနေအရ မြန်မာနိုင်ငံသို့ ငွေပုံနှိပ်စက်များ ပေးအပ်ခြင်းကို ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်သော ဈေးကွက်အချက်အလက်များအရ မြန်မာနိုင်ငံရွှေဈေးသည် မေလ ၇ ရက်က စံချိန်တင်မြင့်တက်ခဲ့ပြီး စျေးနှုန်းမှာ ကျပ် ၁ ဒသမ ၅ သန်း (ရွှေ ၀.၅၇၈ အောင်စလျှင် ၆၅၂၀ ယွမ်ခန့်)၊ 16.3 ဂရမ်ခန့်) ) နှင့် မေလ 11 ရက်နေ့တွင် 1.64 သန်းကျပ်နှုန်းစံချိန်သစ်တင်ခဲ့သည်။ မတ်လ (၄)ရက်နေ့တွင် ရွှေဈေး 0.578 အောင်စလျှင် ငွေကျပ် ၁.၃ သန်းရှိပြီး မြန်မာရွှေဈေးသည် နှစ်လကျော်အတွင်း ၂၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ငွေကြေးတန်ဖိုး ကျဆင်းမှုကြောင့် မြန်မာနိုင်ငံမှ တင်သွင်းသော စားသောက်ကုန်နှင့် စက်မှုလက်မှုလုပ်ငန်း အများအပြား၏ ဈေးနှုန်းများ မြင့်တက်လာပြီး လွန်ခဲ့သည့် ၃ လအတွင်း မြန်မာနိုင်ငံတွင် သန့်စင်ပြီး ဆီဈေးမှာ ၃၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ ဧပြီလတွင် စီးကရက်ဈေး ၂၇ ရာခိုင်နှုန်းနှင့် ပဲနို့ဈေး ၁၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ကျပ် ၁၉,၀၀ တန်ဖိုးရှိ ဆန်သည် ယခုအခါ ကျပ် ၂၂,၀၀ ခန့်အထိ မြင့်တက်လာကြောင်း သိရသည်။

 #Myanmar Industry Guide

Ref:MMGP Media

Local News Read 16041 times