ဘရာဇီးရေနံစိမ်း တရုတ် တိုးမြှင့်တင်သွင်း


29 July, 2023

ဘရာဇီးရေနံစိမ်း တရုတ် တိုးမြှင့်တင်သွင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


စွမ်းအင်လုပ်ငန်းကြီး Sinopec ဦးဆောင်သော တရုတ်ရေနံချက်စက်ရုံများသည် ဆော်ဒီအာရေဗျနိုင်ငံမှ အာရှအတွက် ရေနံစိမ်းဈေးနှုန်းများ  စျေးတက်ပြီးနောက်  ဆော်ဒီအာရေဗျ ရေနံစိမ်း တင်သွင်းခြင်းကို လျှော့ချရန်အတွက် တတိယသုံးလပတ်တွင် ဘရာဇီး ရေနံစိမ်းဖြင့် အစားထိုး တင်သွင်းသွားရန် စီစဉ်ထားသည်။
ရေနံစိမ်း ကမ္ဘာ့အများဆုံး တင်သွင်းသည့် နိုင်ငံများတွင် ပါဝင်သည့် တရုတ်နိုင်ငံသည် ဩဂုတ်လ နှင့် စက်တင်ဘာလတို့တွင် ဘရာဇီး ရေနံစိမ်း တရက်လျှင် စည်ပေါင်း (barrels per day -bpd) ၁ သန်းနီးပါး တင်သွင်းမည်။ 
Sinopec ၏ လက်တံတခုဖြစ်သော အာရှ အကြီးမားဆုံး ရေနံချက်လုပ်ငန်း Unipec က ဘရာဇီး ရေနံစိမ်း စည် သန်း ၂၀ ဝယ်ယူရန် စာချုပ်ထားသည်။
ယခုနှစ် ပထမ ၅ လတွင် တရုတ်နိုင်ငံသည် ဘရာဇီးရေနံစိမ်း မက်ထရစ်တန် ၃.၀၂ သန်း တင်သွင်းခဲ့သည်။ တရက်လျှင် စည် ၇၂၉,၁၂၅ တင်သွင်းခဲ့ခြင်း ဖြစ်သည်။  ဩဂုတ် နှင့် စက်တင်ဘာလတို့တွင် တရက်လျှင် စည် ၁ သန်းနီးပါးသို့ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် ရုရှားရေနံစိမ်းကို အများဆုံး တင်သွင်းနေပြီး ဆော်ဒီရေနံစိမ်းကို ဒုတိယ အများဆုံး တင်သွင်းသည်။
ဆော်ဒီက ဇူလိုင်နှင့် ဩဂုတ် ၂ လဆက်တိုက် ထုတ်လုပ်မှု လျှော့ချသည့်အပြင် လစဉ် ဈေးတက်သည်။

ဘရာဇီးသည် ရေနံစိမ်း ထုတ်လုပ်မှု တိုးမြှင့်လျက်ရှိသည်။ သို့ဖြစ်ရာ တရုတ်ပြည်သို့ ယခင်ထက် ပိုမိုတင်ပို့နိုင်သည်။

ယူကရိန်းအကျပ်အတည်းဖြစ်ပွားချိန်တွင် တရုတ်နိုင်ငံသည် စျေးပေါသော ရုရှားရေနံကို ဦးစားပေး ဝယ်ယူခဲ့ရာ ဘရာဇီးမှ ရေနံစိမ်းတင်သွင်းမှုကို လျှော့ချခဲ့သည်။

Source Reuters 
 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Energy News Read 353 times