ဂိုင်ယာနာနှင့် ဘရာဇီး  ၂၀၂၃ ခုနှစ်တွင် ရေနံစိမ်း စံချိန်တင် ထုတ်လုပ်ခဲ့


17 December, 2023

ဂိုင်ယာနာနှင့် ဘရာဇီး  ၂၀၂၃ ခုနှစ်တွင် ရေနံစိမ်း စံချိန်တင် ထုတ်လုပ်ခဲ့

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


အမေရိကန်ရေနံစိမ်း ထွက်ရှိမှု မြင့်တက်လာချိန်တွင် ဂိုင်ယာနာနှင့် ဘရာဇီးတို့သည်လည်း ၂၀၂၃ ခုနှစ်တွင် စံချိန်တင် ပမာဏကို ထုတ်လုပ်ခဲ့ကြသည်။


Kpler ၏အဆိုအရ ဘရာဇီး၏ ထုတ်လုပ်မှုသည် ယခုနှစ်တွင် တစ်ရက်လျှင် စည် ၄ သိန်း ပိုများခဲ့ပြီး ၃ ဒသမ ၆ သန်းသို့ ခုန်တက်သွားခဲ့သည်။

ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့(အိုပက်) Organization of Petroleum Exporting Countries (OPEC)နှင့် ၎င်း၏မဟာမိတ်များ ပါဝင်သည့် OPEC+ သည် အမေရိကန် ရေနံစိမ်း ထုတ်လုပ်မှု အရှိန်အဟုန်ကြောင့် ၂၀၂၃ ခုနှစ်တွင် စျေးကွက်ဝေစု အများအပြား ဆုံးရှုံးနေကြစဉ်  ဘရာဇီးနှင့် ဂိုင်ယာနာနိုင်ငံတို့သည် ရေနံစိမ်း စံချိန်တင်သည်အထိ ပိုမို ထုတ်လုပ်ခဲ့ကြသည်။ 


OPEC+ သည် ကမ္ဘာ့ရေနံဈေးကွက်ဝေစု ၅၁% အထိ လျော့ကျခဲ့သည်။ ၂၀၁၆  ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးဖြစ်သည်ဟု နိုင်ငံတကာ စွမ်းအင်အေဂျင်စီ International Energy Agency IEA က ပြောကြားသည်။


ဘရာဇီးနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိမ်နီးနားချင်းနိုင်ငံ ဂိုင်ယာနာ၏ ရေနံ ထုတ်လုပ်မှုသည်လည်း ယုခုနှစ်တွင် မြင့်တက်ခဲ့သည်။
လွန်ခဲ့သည့် ၁၀ နှစ်က ရေနံ ထုတ်လုပ်တင်ပို့ခြင်း မရှိခဲ့သော ဂိုင်ယာနာသည် ယခုနှစ်တွင် ပျမ်းမျှ တစ်ရက်လျှင်စည် ၃၈၅,၀၀၀ ရှိသည်။ ယမန်နှစ်ထက် စည် ၁ သိန်းပိုများသည်။ 

Source businessinsider 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Energy News Export, Import Read 253 times