ဘတ် ၂၀ တန် ငွေစက္ကူ   ပုံနှိပ်အမှားပါသော်လည်း စိုးရိမ်ရန်မလိုဟု ဗဟိုဘဏ် ပြောကြား


29 September, 2022

ဘတ် ၂၀ တန် ငွေစက္ကူ   ပုံနှိပ်အမှားပါသော်လည်း စိုးရိမ်ရန်မလိုဟု ဗဟိုဘဏ် ပြောကြား

TO GET INSTANT UPDATE 
Join Telegram Channel
 https://t.me/Guid4U

ဘတ် ၂၀ တန် ငွေစက္ကူ တစ်သုတ်တွင် ပုံနှိပ်ထုတ်ဝေမှု အမှားအယွင်း ရှိကြောင်း ထိုင်း ဗဟိုဘဏ် Bank of Thailand  က ဝန်ခံခဲ့ပြီး အများပြည်သူ အထိတ်တလန့် မဖြစ်ရန် ပြောကြားပါသည်။

De La Rue International Limited (DLR) မှ ရိုက်နှိပ်ထားသည့် ဘတ်၂၀ တန်တွင်  ထိုင်းနှင့် အင်္ဂလိပ် နှစ်ဘာသာဖြင့် ဂဏန်းများဖြင့် နံပါတ်စဉ်ထိုးရာတွင်  နံပါတ် မတူဘဲ ကွဲလွဲနေကြောင်း ဗဟိုဘဏ်၏ လက်ထောက်အုပ်ချုပ်ရေးမှူး Wachira Aromdee က ပြောသည်။

ဗဟိုဘဏ်က ပုံနှိပ်ထုတ်ဝေမှုတွင် လွဲမှားမှုကို တွေ့ရှိပြီးနောက် ကျန်ရှိနေသည့် ငွေစက္ကူများကို စီးပွား‌ေရးဘဏ်များသို့ ထုတ်ဝေခြင်းအား ရပ်ဆိုင်းရန် အမိန့်ထုတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ယခုအခါ ဗဟိုဘဏ်သည် လည်ပတ်နေသော ၎င်း ဘတ် ၂၀ တန် ငွေစက္ကူများကို ပြန်လည်သိမ်းယူနေပြီဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

ပုံနှိပ်အမှားပါသည့် ငွေစက္ကူများကို သာမန်ငွေသားအဖြစ် အသုံးပြုနိုင်ခြင်းကြောင့် အများပြည်သူများ အထိတ်တလန့် မဖြစ်စေလိုကြောင်း Wachira မှ ပြောကြားခဲ့သည်။

မည်သူမဆို အမှတ်စဉ်နံပါတ်များ ကွဲလွဲနေသည့် ငွေစက္ကူများကို တွေ့ရှိပါက ၎င်းတို့ကို ကူးသန်းရောင်းဝယ်ရေးဘဏ်များ သို့မဟုတ် ငွေရေးကြေးရေးအဖွဲ့အစည်းများတွင် လဲလှယ်နိုင်ကြောင်း သူမက ပြောကြားသည်။

လွဲမှားပုံနှိပ်ထားသော ငွေစက္ကူတို့သည် နောင်တစ်ချိန်တွင် ဈေးကောင်းရသဖြင့် ဘဏ်မှာမလဲဘဲ သိမ်းဆည်းမည့်သူများလည်း ရှိနေပါသည်။
Source THE NATION
#MyanmarIndustriesGuide
TO GET INSTANT UPDATE 
Join Telegram Channel
 https://t.me/Guid4U

 

Banking & Loan Read 442 times