နယ်စပ်ကုန်သွယ်ရေး ဆန်နှင့် ဆန်ထွက်ပစ္စည်းပို့ကုန်ဝင်ငွေ ၆၅ ရာခိုင်နှုန်း ဗဟိုဘဏ်နှုန်းထားဖြင့် ကျပ်င


24 February, 2023

နယ်စပ်ကုန်သွယ်ရေး ဆန်နှင့် ဆန်ထွက်ပစ္စည်းပို့ကုန်ဝင်ငွေ ၆၅ ရာခိုင်နှုန်း ဗဟိုဘဏ်နှုန်းထားဖြင့် ကျပ်ငွေ လဲလှယ်ရမည်


နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဆန်နှင့် ဆန်ထွက်ပစ္စည်းတင်ပို့မှုအပေါ် နိုင်ငံခြားငွေလဲလှယ်ခြင်းနှ င့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ (၄ /၂၀၂၃) ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက် ရက်စွဲဖြင့် အသိပေး ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။



ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ
သတင်းလွှာ (၄ /၂၀၂၃)

အကြောင်းအရာ။ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဆန်နှင့် ဆန်ထွက်ပစ္စည်းတင်ပို့မှုအပေါ် နိုင်ငံ ခြားငွေလဲလှယ်ခြင်းနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ခြင်း

၁။ နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ ဆန်နှင့် ဆန်ထွက်ပစ္စည်း တင်ပို့ ရောင်းချရာတွင် ရရှိသည့် ပို့ကုန်ဝင်ငွေ (နိုင်ငံခြားသုံးငွေ) ကိုမြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ် ထားသည့်နှုန်းထားဖြင့် မြန်မာကျပ်ငွေလဲလှယ်ခြင်းမပြုစေဘဲ ပို့ကုန်တင်ပို့သူအား ရာနှုန်းပြည့်ထုတ် ယူအသုံးပြုခွင့်ပေးလျှက်ရှိပါသည်။

၂။ ပို့ကုန်တင်ပို့မှုဆောင်ရွက်ရာတွင် ကုန်စည်အလိုက် မျှတမှုရှိစေရေးနှင့် ပြည်ပသို့ တင်ပို့ သည့် အဓိကပို့ကုန်ပစ္စည်းများအပေါ် တစ်ပြေးညီကျင့်သုံးဆောင်ရွက်နိုင်ရန်အတွက် နယ်စပ်ကုန်သွယ် ရေးစခန်းများမှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ ဆန်နှင့် ဆန်ထွက်ပစ္စည်းများတင်ပို့မှုမှရရှိသည့် နိုင်ငံခြား သုံးငွေ၏ ၆၅% ကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ စတင်၍ ဗဟိုဘဏ်၏ ညွှန်ကြားချက်များနှင့် အညီသတ်မှတ်နှုန်းထားအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရမည်ဖြစ်ပါသည်။

၃။ ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှစတင်၍ တင်ပို့သည့် ဆန်နှင့် ဆန်ထွက်ပစ္စည်းများ၏ ပို့ကုန်ဝင်ငွေအပေါ် တစ်ပြေးညီကျင့်သုံးမည်ဖြစ်ပါသဖြင့် အဆိုပါနေ့ရက်မတိုင်မီပြည်ပမှ ကုန်ဖိုးငွေ ကြိုတင်ပေးပို့ထားပြီးအဆိုပါ နေ့ရက်နှင့် နောက်ပိုင်းတွင် ပြည်ပသို့တင်ပို့မည့် ဆန်နှင့် ဆန်ထွက် ပစ္စည်း ပို့ကုန်ရငွေများကိုလည်း သတ်မှတ်နှုန်းထားအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရမည်ဖြစ် ပါကြောင်းအသိပေးထုတ်ပြန်အပ်ပါသည်။

ကုန်သွယ်ရေးဦးစီးဌာန
 

Export, Import Laws and Regulations Read 323 times