ဘိုလီးဗီးယား ပြည်ပကုန်သွယ်မှု  တရုတ်ယွမ်၊ ရုရှားရူဘယ် သုံးစွဲ


30 July, 2023

ဘိုလီးဗီးယား ပြည်ပကုန်သွယ်မှု  တရုတ်ယွမ်၊ ရုရှားရူဘယ် သုံးစွဲ
To Get Instant Update 
https://t.me/Guid4U
JOIN THE CHANNEL 

လက်တင်အမေရိကမှ ဘိုလီးဗီးယားအစိုးရသည် အမေရိကန်ဒေါ်လာအပေါ်  မှီခိုမှုကို လျှော့ချရန် နိုင်ငံခြားကုန်သွယ်မှုအတွက် တရုတ်ယွမ်ကို အသုံးပြုသည်။

ဘိုလီးဗီးယားနိုင်ငံသည် အဓိက ပို့ကုန်ဖြစ်သည့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု ကျဆင်းသွားခြင်းကြောင့် ပြင်းထန်သည့် ဒေါ်လာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်မှာ လအတန်ကြာခဲ့ပြီ ဖြစ်သည်။ 
အသားတင်နိုင်ငံခြားငွေအရန်ငွေသည် ၂၀၁၄ ခုနှစ်တွင် ကန်ဒေါ်လာ ၁၅ ဘီလီယံ ရှိခဲ့ရာမှ ယခုအခါ ကန်ဒေါ်လာ ၄ ဘီလျံသာ ရှိသည်။


စီးပွားရေးဝန်ကြီး Marcelo Montenegro က ဘိုလီးဗီးယားနိုင်ငံသည် နိုင်ငံတကာ ကုန်သွယ်မှုတွင် ပြည်ပကုန်သွယ်ရေးမှာ ယွမ်ကို သုံးစွဲမှု အဆင့်ဆင့် တိုးလာနေသည့် ရေချိန် နောက်သို့လိုက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

“တရုတ်က ကမ္ဘာ့အကြီးဆုံး တင်ပို့သူ ဖြစ်လာတယ်။ ပြီးတော့ အကြီးစား တင်ပို့သူက ထုတ်လုပ်သမျှ ပို့ကုန်တွေကို ဘယ်ငွေကြေးနဲ့ လက်ခံချင်လဲ။ ဒေါ်လာ မဟုတ်ဘူး၊ သူ့နိုင်ငံသုံးငွေ ယွမ်နဲ့ လိုချင်တယ်" ဟု Montenegro က ပြောကြားသည်။

ဘိုလီးဗီးယား နိုင်ငံပိုင်ဘဏ် Banco Union မှတဆင့် သွင်းကုန်လုပ်ငန်းရှင်များနှင့် ပို့ကုန်လုပ်ငန်းရှင်များသည် ဖေဖေါ်ဝါရီလကတည်းက ယွမ်ဖြင့် ကုန်သွယ်မှု ပြုနိုင်ခဲ့သည်။ မတ်လကတည်းက ရုရှားရူဘယ် သုံးခဲ့ကြသည်။

မေလမှ ဇူလိုင်လအထိ တရုတ်ယွမ်ငွေ ၂၇၈ သန်း (ဒေါ်လာ ၃၈.၇ သန်း) ပမာဏရှိသော ငွေပေးချေမှုသည် ဘိုလီးဗီးယားနိုင်ငံ နိုင်ငံခြားကုန်သွယ်မှု ပမာဏ စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်း ရှိသည်ဟု Montenegro က ပြောကြားသည်။

ဘိုလီးဗီးယားမှ Banco Union နှင့် ရုရှားမှ Gazprombank တို့သည် နှစ်နိုင်ငံအကြား ကုန်သွယ်မှုကို ရူဘယ်ဖြင့် ပေးချေနိုင်အောင် စီစဉ်ပေးထားသည်။

လျှပ်စစ်မော်တော်ယာဉ်သုံး ဘက်ထရီများတွင် သုံးစွဲသစ် လီသီယမ်သတ္တု အရင်းအမြစ်များ ဘိုလီးဗီးယားတွင် ရှိနေသည်ကို တူးဖော်ထုတ်လုပ်ရန် တရုတ်နှင့် ရုရှားတို့ ရင်းနှီးမြှုပ်နှံကြသည်။

တရုတ်နှင့် ရုရှားကုမ္ပဏီနှစ်ခုနှင့် လီသီယမ် သဘောတူညီချက်သုံးခုတို့သည် လီသီယမ်သတ္တု တူးဖော်ထုတ်လုပ်ရန် သဘောတူစာချုပ်များကို ယခုနှစ်အစောပိုင်းတွင် လက်မှတ်ရေးထိုးခဲ့သည်။ စုစုပေါင်း ရင်းနှီးမြှုပ်နှံမည့် ပမာဏမှာ ကန်ဒေါ်လာ ၂.၈ ဘီလီယံ ဖြစ်ပါသည်။ 

တရုတ်ထံမှ ဘိုလီးဗီးယား အစိုးရ ရယူထားသည့် ချေးငွေများကိုလည်း ယွမ်ဖြင့် ပေးဆပ်လျက်ရှိသည်။
Source Reuters 
To Get Instant Update 
https://t.me/Guid4U
JOIN THE CHANNEL 


 

Banking & Loan Read 280 times