ကာယကံရှင် မသိဘဲ ဒါရိုက်တာ၊ အစုရှယ်ယာရှင် ကုမ္ပဏီမှ ထုတ်ပယ်ခံရခြင်းနှင့် စပ်လျဉ်း၍ အသိပေးကြေညာချက် ထု


07 September, 2023

ကာယကံရှင် မသိဘဲ ဒါရိုက်တာ၊ အစုရှယ်ယာရှင် ကုမ္ပဏီမှ ထုတ်ပယ်ခံရခြင်းနှင့် စပ်လျဉ်း၍ အသိပေးကြေညာချက် ထုတ်ပြန်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ကာယကံရှင် မသိဘဲ ဒါရိုက်တာ၊ အစုရှယ်ယာရှင် ကုမ္ပဏီမှ ထုတ်ပယ်ခံရခြင်းနှင့် စပ်လျဉ်း၍ အသိပေးကြေညာချက် ထုတ်ပြန်ထားသည်ကို မျှဝေအပ်ပါသည်။



အသိပေးကြေညာချက်

၁။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁ ရက် နေ့တွင် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ၂၀၁၇ စတင်အာဏာတည်ပြီး ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ အီလက်ထရောနစ် ကုမ္ပဏီ မှတ်ပုံတင်စနစ် (MyCO) အား စတင်အသုံးပြုလျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဒါရိုက်တာ၊ အစုရှယ်ယာရှင်အချို့တို့က ၎င်းတို့ ကိုယ်တိုင်မသိဘဲ ကုမ္ပဏီမှ ထုတ်ပယ်ခံရသော ဖြစ်ရပ်များ နှင့်စပ်လျဉ်း၍ တင်ပြကြသည်ကို တွေ့ရှိရပါသည်။

၂။ သို့ဖြစ်ပါ၍ ကာယကံရှင် ကိုယ်တိုင်မသိဘဲ ကုမ္ပဏီမှ ထုတ်ပယ်ခံရသော ဖြစ်စဉ်များကို တားဆီးနိုင်ရန်အတွက် အောက်ဖော်ပြပါအတိုင်း လိုက်နာဆောင်ရွက်ကြရန် အသိပေးတိုက်တွန်း အပ်ပါသည်-

(က) မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ပုဒ်မ ၉၀၊ ပုဒ်မ ၉၅ နှင့် ပုဒ်မ ၁၈၉ (က) တို့ပါ ပြဋ္ဌာန်း ချက်များအရ ကုမ္ပဏီတွင် ထိန်းသိမ်းထားရှိရသည့် အစုရှယ်ယာရှင်နှင့် ဒါရိုက်တာများ စာရင်းဆိုင်ရာ မှတ်တမ်းစာအုပ်များကို ထိန်းသိမ်းထားရှိ ဆောင်ရွက်ရန်၊

(ခ) ဒါရိုက်တာ၊ အစုရှယ်ယာရှင်တိုင်းက MyCO အကောင့်ဖွင့်လှစ်၍ မိမိပါဝင်သည့် ကုမ္ပဏီ၏ အခွင့်အာဏာ (Company Authority) ရယူထားရန်၊

(ဂ) ကုမ္ပဏီမှတ်ပုံတင်အရာရှိက လိုအပ်သလို ဆက်သွယ်နိုင်ရန်အတွက် ဒါရိုက်တာ၊ အစု ရှယ်ယာရှင်များအနေဖြင့် အီးမေးလ်လိပ်စာ၊ ကိုယ်ပိုင်တယ်လီဖုန်းစသည့် မိမိ၏ ဆက်သွယ်ရန် အချက်အလက်များကို MyCO မှတ်ပုံတင်စနစ်ပေါ်တွင် မှတ်ပုံတင် ထားရှိရန်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန
 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

How To Read 421 times