အမည်ပျက်စာရင်း ကြေညာမည်ဖြစ်ကြောင်း ကုမ္ပဏီများသို့ အသိပေးကြေညာ


15 November, 2022

အမည်ပျက်စာရင်း ကြေညာမည်ဖြစ်ကြောင်း ကုမ္ပဏီများသို့ အသိပေးကြေညာ

ဝန်ကြီးဌာနအစိုးရအဖွဲ့များ၏ အမည်ပျက်စာရင်းဝင် ကုမ္ပဏီများနှင့် စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာချက် ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။ 


ကုမ္ပဏီများသို့အသိပေးခြင်း

၁။ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန အွန်လိုင်းမှတ်ပုံတင်စနစ်တွင် ဖွဲ့စည်း မှတ်ပုံတင်ထားသော ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာရမည့်အပြင် မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းခွင်နှင့်သက်ဆိုင်သည့် အခြားတည်ဆဲဥပဒေ၊ နည်းဥပဒေနှင့် ညွှန်ကြားချက်များကိုပါ လေးစားလိုက်နာကြရမည် ဖြစ်ပါသည်။

၂။ အချို့သောကုမ္ပဏီ၊ အဖွဲ့အစည်းများသည် ၎င်းတို့နှင့် ဆက်စပ် လုပ်ကိုင်နေသော အစိုးရဌာန၊ အဖွဲ့အစည်းများမှချမှတ်ထားသော ဥပဒေ၊ ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခြင်းကြောင့် အဆိုပါ သက်ဆိုင်ရာ ဝန်ကြီးဌာနအစိုးရအဖွဲ့များ၏ အမည်ပျက်စာရင်း ကြေညာခြင်း ခံနေရကြောင်း စိစစ်တွေ့ရှိရပါသည်။

၃။ သို့ဖြစ်ပါ၍ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန အွန်လိုင်းမှတ်ပုံတင်စနစ် တွင် ဖွဲ့စည်းမှတ်ပုံတင်ထားသော ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအပြင် အခြားတည်ဆဲဥပဒေ၊ နည်းဥပဒေနှင့် ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိကြောင်း တွေ့ရှိရ ပါက ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ဝက်ဘ်ဆိုက်တွင် မှတ်ပုံတင် အရာရှိက အများပြည်သူသိရှိစေနိုင်ရန် ကြော်ငြာသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန

Laws and Regulations Read 473 times