လုပ်ခလစာငွေလွှဲ ဒေါ်လာဘီလီယံ စံချိန်သစ် အန္ဒိယ ရရှိမည်ဟု ကမ္ဘာဘဏ် ပြောကြား


02 December, 2022

လုပ်ခလစာငွေလွှဲ ဒေါ်လာဘီလီယံ စံချိန်သစ် အန္ဒိယ ရရှိမည်ဟု ကမ္ဘာဘဏ် ပြောကြား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ပြည်ပရောက် အန္ဒိယနိုင်ငံသားများသည် ယခုနှစ် အိန္ဒိယနိုင်ငံကို ထူးခြားသော မိုင်တိုင်တစ်ခု စိုက်ထူပေးနိုင်လောက်သည်။
.
အာရှ၏ တတိယအကြီးမားဆုံး စီးပွားရေးသည် တစ်နှစ်တာ လုပ်ခလစာငွေလွှဲပမာဏ စုစုပေါင်း ကန်ဒေါ်လာ ၁၀၀ ဘီလီယံ ကျော်သည့် စံချိန်သစ်ကို ယခုနှစ် ၂၀၂၂ တွင် စံချိန်တင်နိုင်ခြေရှိကြောင်း ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၃၀) တွင် ထုတ်ဝေသည့် ကမ္ဘာ့ဘဏ် အစီရင်ခံစာတွင် ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံအနေဖြင့် ၎င်းမိုင်တိုင်ကို ပထမဆုံးအကြိမ် ရောက်ရှိခြင်းဖြစ်သည်ဟု ၎င်းအစီရင်ခံစာက ဆိုထားသည်။
.
ရွှေ့ပြောင်းအလုပ်သမားများမှ နေရပ်သို့ မိသားစုများထံ ငွေပြန်ပို့ခြင်း သို့မဟုတ် ငွေလွှဲခြင်းများသည် ပိုဆင်းရဲသောနိုင်ငံရှိ အိမ်ထောင်စုများအတွက် အရေးကြီးသော ဝင်ငွေအရင်းအမြစ်တစ်ခုဖြစ်သည်။
၎င်းငွေလွှဲခြင်းများသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆင်းရဲမွဲတေမှုကို လျှော့ချရုံသာမက ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများရှိ ကလေးများအတွက် မြင့်မားသော ကျောင်းအပ်နှံမှုနှုန်းကိုလည်း ဖြစ်ထွန်းစေပါသည်။
.
 ကမ္ဘာ့ဘဏ်အစီရင်ခံစာအရ ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း အိန္ဒိယနိုင်ငံသားများသည် ဆော်ဒီအာရေဗျ၊ ကူဝိတ်နှင့် ကာတာကဲ့သို့သော ပင်လယ်ကွေ့နိုင်ငံများရှိ ကျွမ်းကျင်မှုနည်းပါးသော အလုပ်အကိုင်များထက် ဝင်ငွေ မြင့်မားသောနိုင်ငံများဖြစ်သည့် အမေရိကန်၊ ယူကေနှင့် စင်ကာပူကဲ့သို့သော နိုင်ငံများတွင် ကျွမ်းကျင်မှုလမြင့်မားပြီး လစာဝင်ငွေလည်း မြင့်မားသည့် အလုပ်အကိုင်မျိုးတို့ကို လုပ်ကိုင်သူဦးရေ ပိုများလာခဲ့ပြီး ရလဒ်အနေဖြင့် အိမ်သို့ ငွေပြန်ပို့သည့် ပမာဏ ပိုများလာခဲ့ပါသည်။
၂၀၂၁ တွင် အန္ဒိယနိုင်ငံသည် အိမ်သို့ ငွေလွှဲသည့် ပမာဏ စုစုပေါင်း ကန်ဒေါ်လာ ၈၉.၄ ဘီလီယံ ရရှိခဲ့ပြီး မိသားစုထံလွှဲငွေ ကမ္ဘာ့အများဆုံးနိုင်ငံ ဖြစ်လာခဲ့သည်ဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
ထိုသို့ ပမာဏ ဘီလီယံချီနေပါသော်လည်း ၂၀၂၂ တွင် မိသားစုထံ လွှဲငွေပမာဏသည် ဂျီဒီပီ၏ ၃% မျှသာ ဖြစ်လိမ့်မည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။
.
အိန္ဒိယမှတစ်ပါး အခြားသော မိသားစုထံ လွှဲငွေပမာဏများပြားသည့် နိုင်ငံများမှာ မက္ကဆီကို၊ တရုတ်၊ ဖိလစ်ပိုင် နိုင်ငံများ ဖြစ်ပါသည်။
Source CNN
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 414 times