ဘီလ်ဂိတ် တင်ပြသည့် လက်ဖက်ရည် အဖျော်ဆရာ အိန္ဒိယတွင် လူကြိုက်များ


06 March, 2024

ဘီလ်ဂိတ် တင်ပြသည့် လက်ဖက်ရည် အဖျော်ဆရာ အိန္ဒိယတွင် လူကြိုက်များ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အမေရိကန် ဘီလျံနာ ဘီလ်ဂိတ်နှင့် သူ့ချစ်သူအမျိုးသမီး ပေါ်လာဟဒ်တို့သည် အိန္ဒိယတွင် မင်္ဂလာအကြိုပွဲ တက်ရောက်ခဲ့ပြီးနောက် ဗီယက်နမ်နိုင်ငံသို့ ခရီးဆက်ခဲ့ကြပါသည်။

ဗီယက်နမ်သို့ ၁၈ နှစ်ကြာမြင့်ပြီးချိန်မှာ ထပ်မံ ရောက်ရှိခဲ့ခြင်း ဖြစ်ပါသည်။

မတ်လ ၄ ရက်တွင် ကိုယ်ပိုင်လေယာဉ် Gulfstream G650ER ဖြင့် ဒါနန်းလေဆိပ်သို့ ဆိုက်ရောက်ခဲ့ပါသည်။

Microsoft ဆော့ဖ်ဝဲ ကော်ပိုရေးရှင်း ပူးတွဲထူထောင်သူ ဘီလ်ဂိတ်သည် ကန်ဒေါ်လာ ၁၄၉ ဘီလီယံ ချမ်းသာသူ ဖြစ်သည်။ 

 

အသက် ၇၀ နီးပါးရှိ ဘီလ်ဂိတ်သည် ကမ္ဘာအနှံ့ ပုံမှန်ခရီးထွက်လေ့ရှိသည်။ 

Gulfstream G650ER အပါအဝင် ကိုယ်ပိုင်ဂျက်လေယာဉ် ခြောက်စီး ပိုင်ဆိုင်သည်။

လူမှုကွန်ရက်တွင်လည်း ခရီးသွား မှတ်တမ်းဓာတ်ပုံများ၊ မှတ်တမ်းဗီဒီယိုများ တင်ပြလေ့ရှိသည်။

သူ့ Instagram အကောင့်တွင် followers ၁၀ သန်းကျော် ရှိသည်။

သူ့ Facebook အကောင့်တွင် followers ၄၃ သန်း ရှိသည်။

 

ဗီယက်နမ်သို့ မလည်ပတ်မီ လေးရက်အလိုတွင် ဘီလ်ဂိတ်သည် အာရှ၏ အချမ်းသာဆုံး ဘီလျံနာ Mukesh Ambani ၏သားဖြစ်သူ မင်္ဂလာပွဲအကြို မင်္ဂလာပွဲသို့ တက်ရောက်ရန် အိန္ဒိယသို့ ရောက်ရှိခဲ့သည်။

သူ့ Instagram နှင့် Facebook  အကောင့်တို့တွင် ဂူဂျာရတ်ပြည်နယ်တွင် တည်ရှိသည့် ကမ္ဘာ့အမြင့်ဆုံး ရုပ်တုဖြစ်သည့် စည်းလုံးညီညွတ်ရေး ရုပ်တု ဝင်ရောက်ကြည့်ရှုလေ့လာနေသည့် ဗီဒီယိုများနှင့် ဓာတ်ပုံများကို တင်ခဲ့သည်။

 

လမ်းဘေးတွင် စတိုင်ကျကျ လက်ဖက်ရည် ဖျော်ရောင်းသည့် အဖျော်ဆရာအကြောင်း မှတ်တမ်းဗီဒီယို တင်ပြခဲ့ရာ အိန္ဒိယတွင် သဘောကျ နှစ်ခြိုက်သူ များပြားခဲ့ပါသည်။ 

 

 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Global News Read 200 times