၂၀၂၂ မှာ ဗဟိုဘဏ်များ ၅၅ နှစ်တာအတွင်း ရွှေဝယ် အများဆုံးဖြစ်ခဲ့


30 December, 2022

၂၀၂၂ မှာ ဗဟိုဘဏ်များ ၅၅ နှစ်တာအတွင်း ရွှေဝယ် အများဆုံးဖြစ်ခဲ့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

တရုတ်နှင့် ရုရှားတို့သည် ၂၀၂၂ ခုနှစ်တွင် ရွှေ ဝယ်ယူစုဆောင်းမှု ကြီးမားခဲ့ကြသည်ဟု လေ့လာသုံးသပ်သူများကဆိုသည်။

 

၂၀၂၂ မှာ ဗဟိုဘဏ်များ ရွှေအဝယ်များသည့် ရေချိန်မျိုးကို ယခင်နောက်ဆုံးကြုံခဲ့ဖူးသည်မှာ ၁၉၆၇ ခုနှစ်တွင် ဖြစ်သည်။ ၎င်းနှစ်တွင် ကမ္ဘာ့ငွေကြေးစနစ် အချိုးအကွေ့ ပြောင်းလဲသဖြင့် ဗဟိုဘဏ်များ ရွှေအဝယ်များခဲ့သည်။

 

ယခုနှစ် ၂၀၂၂ ခုနှစ်သည်  ၁၉၆၇ ခုနှစ်နောက်ပိုင်း ဗဟိုဘဏ်များ ရွှေဝယ်ယူနှုန်း အမြန်ဆုံးနှစ် ဖြစ်သည်။

ယခုနှစ်တွင် အချို့သောနိုင်ငံများသည် ၎င်းတို့၏ အရန်ငွေများကို ကန်ဒေါ်လာအစား ရွှေကို ထားရှိကြရာ၌ တရုတ်နှင့် ရုရှားတို့သည် ကြီးမားသောဝယ်လက်များဖြစ်ခဲ့ကြသည်။

ကမ္ဘာ့ရွှေကောင်စီ World Gold Council မှ ပြုစုထားသော အချက်အလက်များအရ ရွှေသတ္တု ဝယ်လိုအားသည် လွန်ခဲ့သည့် ၅၅ နှစ်အတွင်း ယခုနှစ်သည် တစ်နှစ်တာ ဝယ်ယူသည့်ပမာဏ အများဆုံး ဖြစ်ခဲ့သည်။ စုစုပေါင်း ၆၇၃ တန် ရှိသည်ဟု WCG က ခန့်မှန်းသည်။

 

အနောက်နိုင်ငံအစိုးရတို့က ရုရှား၏ နိုင်ငံခြား အရံရန်ပုံငွေ ကန်ဒေါ်လာ ၃၀၀ ဘီလီယံကို သိမ်းဆည်းထားကြသည်။ 

သို့ဖြစ်ရာ ဗဟိုဘဏ်များသည် နိုင်ငံခြားငွေအစား ရွှေဝယ်ယူပြီး အရံရန်ပုံငွေ ထားရှိခြင်း ပိုများလာခဲ့သည်။ 

 

တတိယ၃လပတ်တွင် ဗဟိုဘဏ်များက တန်ချိန် ၄၀၀ နီးပါး ဝယ်ယူခဲ့သည်။ 

တရားဝင် ထုတ်ပြန်ပေးသော ဝယ်ယူမှုများတွင် တတိယ၃ လပတ်မှာ ရွှေအများဆုံးဝယ်ယူခဲ့သည့် ဗဟိုဘဏ်မှာ တူရကီ ဗဟိုဘဏ် ဖြစ်ပြီး ၃၁ တန် ဝယ်ယူခဲ့သည်။ ထားရှိသည့် အရန်ရန်ပုံငွေ၏ ၂၉% ကို ရွှေဖြင့် ထားရှိသည်။

ဥဇဘက်ကစ္စတန် ဗဟိုဘဏ်က ၂၆ တန် ဝယ်ယူခဲ့ပြီး ဒုတိယနေရာတွင် ရှိနေသည်။

ရုရှားနှင့် တရုတ်တို့မှ ဗဟိုဘဏ်များသည် ရွှေဝာ်ယူသည်ကို တရားဝင် ထုတ်ပြန်ခြင်း မပြုကြချေ။

 သို့သော် တရုတ် ဗဟိုဘဏ် People’s Bank of China (PBoC) သည် နိုဝင်ဘာလတွင် ထားရှိသည့် ရွှေပမာဏကို ထုတ်ပြန်ကြေညာခဲ့ရာ ၂၀၁၉ တွင် ယခင်နောက်ဆုံး ကြေညာခဲ့သည့် ပမာဏထက် ၃၂ တန် ပိုများသည်။ 

တကယ်ဝယ်ယူခဲ့သည်မှာ ထို့ထက်မက ပိုများသည်ဟု လေ့လာဆန်းစစ်သူတို့က တညီတညွှတ်တည်း ဆိုကြသည်။

Source ft.com

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Banking & Loan Read 358 times