ကမ္ဘာ့စတုတ္ထအများဆုံး စက်ဘီး တင်ပို့သည့် ကမ္ဘောဒီးယား စက်ဘီးတင်ပို့မှု ၄၃ ရာခိုင်နှုန်းနီးပါး ကျဆင်း


17 October, 2023

ကမ္ဘာ့စတုတ္ထအများဆုံး စက်ဘီး တင်ပို့သည့် ကမ္ဘောဒီးယား စက်ဘီးတင်ပို့မှု ၄၃ ရာခိုင်နှုန်းနီးပါး ကျဆင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ကမ္ဘောဒီးယားသည် ကမ္ဘာပေါ်တွင် စက်ဘီးများ တင်ပို့ရောင်းချသည့် ထိပ်တန်းငါးနိုင်ငံထဲမှ တစ်ခုဖြစ်ပြီး စတုတ္ထနေရာမှာ ရပ်တည်နေသည်။


၂၀၂၂ ခုနှစ်တွင် -
ကန်ဒေါ်လာ ၆ ဘီလီယံဖိုး စက်ဘီးများ တင်ပို့သည့် တရုတ် (ထိုင်ဝမ်အပါအဝင်) သည် ကမ္ဘာ့စျေးကွက်ဝေစု ၅၁ ရာခိုင်နှုန်းကို ရရှိထားသည်။
ဒုတိယနေရာမှ နယ်သာလန်သည် ကန်‌ဒေါ်လာ သန်း ၉၆၀ ဖိုး တင်ပို့ပြီး ကမ္ဘာ့ဈေးကွက်ဝေစု ၈% ရရှိသည်။ 
တတိယနေရာမှ ဂျာမနီသည် ကန်ဒေါ်လာ သန်း ၇၇၀ ဖိုး တင်ပို့ပြီး ကမ္ဘာ့ဈေးကွက်ဝေစု ၆% ရရှိသည်။ 

ယခုနှစ်တွင် ကမ္ဘောဒီးယား စက်ဘီးတင်ပို့မှု ၄၂.၈% ကျဆင်းသည်။
ကမ္ဘောဒီးယားတွင် ထုတ်လုပ်သည့် Made-in-Cambodia စက်ဘီးများကို ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဂျပန်နှင့် တရုတ်တို့ထံ အဓိကအားဖြင့် တင်ပို့သည်။ 


ကမ္ဘောဒီးယားသည် ၂၀၂၃ ခုနှစ် ပထမ ကိုးလအတွင်း နိုင်ငံခြားဈေးကွက်သို့ ကန်ဒေါ်လာ ၄၂၄ သန်းတန်ဖိုးရှိ စက်ဘီးများ တင်ပို့ခဲ့သည်။
ယမန်နှစ် ပထမ ၈ လထက် ၄၂.၈% လျော့ကျသည်။

ရုရှား-ယူကရိန်းစစ်ပွဲ သက်ရောက်မှုကြောင့် စီးပွားရေး နှေးနေသဖြင့် အခြားနိုင်ငံများမှ မှာယူမှုများ ကျဆင်းခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ပြောကြားခဲ့သည်။

 "ကျွန်တော်တို့ရဲ့ စက်ဘီးတွေ အဓိက တင်ပို့တဲ့ နိုင်ငံတွေမှာ လူသုံးကုန်ပစ္စည်းများထက် စားရေးသောက်ရေးကို ပိုမို အလေးပေးနေကြရတယ်" ဟု  Sovicheat က ပြောကြားသည်။ 
နှစ်မကုန်ခင် ကျန်ရှိသည့် လအနည်းငယ်တွင် စက်ဘီး တင်ပို့မှု အလားအလာကောင်းမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားသည်။

"အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ဥရောပနိုင်ငံများမှာ ခရစ္စမတ်နှင့် အခြားရိုးရာပွဲတော်များကို ကျင်းပတဲ့ ရာသီဖြစ်တာကြောင့် ကမ္ဘောဒီးယားနှင့် အခြားနိုင်ငံများမှ စက်ဘီး အမြောက်အမြား မှာကြားလေ့ရှိပါတယ်" ဟု ၎င်းက ပြောကြားသည်။

ကမ္ဘောဒီးယားသည် ယခုနှစ် ပထမ ၉လအတွင်း ပြည်ပဈေးကွက်များသို့ ကန်ဒေါ်လာ ၁၈ ဒသမ ၅ သန်းတန်ဖိုးရှိ စက်ဘီးအပိုပစ္စည်းများကို တင်ပို့ခဲ့သည်။

ကမ္ဘောဒီးယား ကုန်ထုတ်လုပ်မှုကဏ္ဍမှ ပို့ကုန်များတွင် အဝတ်အထည်၊ ခြေစီး၊ ခရီးလာမှုဆိုင်ရာ ပစ္စည်းများ ထုတ်လုပ်ရေးကဏ္ဍ ပြီးလျှင် စက်ဘီး ထုတ်လုပ်ရေးကဏ္ဍမှ ပို့ကုန်များသည် ပို့ကုန်တန်ဖိုး ဒုတိယ အများဆုံး ဖြစ်သည်။ 

ကမ္ဘောဒီးယားစက်ဘီးများအတွက် အဓိကစျေးကွက်များမှာ အမေရိကန်၊ ဂျာမနီ၊ ဗြိတိန်၊ ဂျပန်၊ တရုတ်၊ အာဆီယံနိုင်ငံများ၊ ဘယ်လ်ဂျီယံ၊ ဟော်လန်၊ သြစတြီးယား၊ ဆွီဒင်၊ ဒိန်းမတ်၊ ဩစတြေးလျ၊ အီတလီ၊ ကိုလံဘီယာ၊ တောင်ကိုရီးယား၊ စပိန်၊ စလိုဗေးနီးယားနှင့် ကနေဒါတို့ ဖြစ်သည်။

ပြည်ပပို့ကုန် စက်ဘီးများကို ဗီယက်နမ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော Svay Rieng မြို့ရှိ အထူးစီးပွားရေးဇုန်များတွင်သာ ထုတ်လုပ်သည်။

လက်ရှိတွင် ကုမ္ပဏီငါးခုမှ စက်ဘီးများ တပ်ဆင်တင်ပို့လျက်ရှိသည်။  ၎င်းတို့မှာ 
• Evergrand Bicycle (Cambodia)
• Speedtech Industrial Co Ltd
• Smart Tech (Cambodia) Co Ltd
• A and J (Cambodia) Co Ltd
• XDS Bicycle (Cambodia) Co Ltd.
တို့ ဖြစ်ပါသည်။


Source khmertimeskh 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Export, Import Read 257 times