ပိုမိုသင့်တင့်ကောင်းမွန်သော မြေကမ္ဘာ ဤနေရာမှ စတင်


27 January, 2023

ပိုမိုသင့်တင့်ကောင်းမွန်သော မြေကမ္ဘာ ဤနေရာမှ စတင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 အရှေ့တောင်အာရှနှင့် အိုရှန်းနီးယားရှိ Samsung Electronics ၏ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲ‌စေရေး ကြိုးပမ်းမှုများကို တင်ပြထားပါသည်။

 

အစိုးရများ၊ အဖွဲ့အစည်းများနှင့် စားသုံးသူများ၏ ပြောဆိုမှုများနှင့် လုပ်ဆောင်ချက်များတွင် ရေရှည်တည်တံ့စေရေးသည် ယခင်ထက် ရှေ့တန်းသို့ ပိုရောက်နေသည်။

လက်ရှိဖြစ်ပေါ်နေသော ရာသီဥတု ဖောက်လွဲဖောက်ပြန်ဖြစ်ပေါ်နေသည့် အကျပ်အတည်းကို ဖြေရှင်းခြင်းနှင့် တစ်ဖန်ပြန်လည်သုံးစွဲပေးခြင်းဖြင့် သံသရာလည်စေသည့် စီးးပွားရေးတစ်ရပ် ထူထောင်ခြင်းတို့သည်  ယခုခေတ်ကာလ၏ အကြီးမားဆုံး၊ အပြင်းထန်ဆုံးသော စိန်ခေါ်မှုများထဲမှာ ပါဝင်နေပါသည်။ 

Samsung Electronics တွင် ယနေ့နှင့် အနာဂတ်မျိုးဆက်များအတွက် သဘာဝပတ်ဝန်းကျင်ပတ်ရေရှည်တည်တံ့မှုကို တစ်မူထူးခြားသည့် တက်ကြွသောခြေလှမ်းများကို လှမ်းနေပါသည်။

Samsung Electronics လုပ်ငန်း၏ ထူးခြားသောအရွယ်အစားနှင့် အမျိုးစုံ ရောထွေးယှက်တင်နေခြင်းနှင့်အတူ  အရွယ်အစားနှင့် အတိုင်းအတာသည် သဘာဝပတ်ဝန်းကျင် ကောင်းမွန်စေရေးအတွက် Samsung Electronics ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည့် ရင်းနှီးမြုပ်နှံမှုများသည် သိသာထင်ရှားသော အကျိုးသက်ရောက်မှုဖြစ်ထွန်းရန် အခွင့်အလမ်းရှိသည်ဟု ယုံကြည်ပါသည်။

ထို့ကြောင့် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် Samsung Electronics သည် အဖွဲ့အစည်းတစ်ခုအနေဖြင့် ရာသီဥတုပြောင်းလဲမှုကို လုံးလုံးလျားလျား ကိုင်တွယ်ဖြေရှင်းရန် ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မဟာဗျူဟာအသစ်ကို ကြေညာခဲ့ပါသည်။

 

 

ရလဒ်များကို အာရုံစိုက်၍ လုပ်ငန်း၏ နက်နဲရှုပ်ထွေးမှုကို အလေးအနက် နှိုင်းဆဆင်ခြင် ထားသော Samsung Electronics ၏  သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်နည်းကိုင်ဟန် အသစ်သည် ၂၀၅၀ ခုနှစ်တွင် လုပ်ငန်းတစ်ခုလုံး ကာဘွန် ထုတ်လွှတ်မှု အသားတင် သုည ဖြစ်ခြင်း လုံးဝရရှိရန် သံန္နိဋ္ဌာန်များအပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို တိုးချဲ့အသုံးပြုခြင်း၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့သော နည်းပညာသစ်များတွင် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုပြုခြင်းများ၊ အားလုံးအတွက် ပိုမိုသင့်တင့်ကောင်းမွန်သော မြေကမ္ဘာ ဖန်တီးရန် စသဖြင့်အရာအားလုံး အကျုံးဝင်ပါသည်။

၎င်းနည်းဗျူဟာအသစ်သည် ရာသီဥတု ဖောက်လွဲဖောက်ပြန် ပြောင်းလဲမှုနှင့်ပတ်သက်ပြီး Samsung Electronics ၏ လက်ရှိကြိုးပမ်းအားထုတ်မှုများအပေါ်တွင် တည်ဆောက်ထားပါသည်။

နောင်လာမည့် အစီအစဉ်များနှင့် ရင်းနှီးမြှုပ်နှံမှု နှစ်ခုလုံး၏ နယ်ပယ်တို့ကို သိသာထင်ရှားစွာ ချဲ့ထွင်နေပါသည်။

 


 

ဆန်းသစ်သောနည်းပညာများဖြင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းမည့်  Samsung ၏ ပတ်ဝန်းကျင်ရေရှည်တည်တံ့မှုဆိုင်ရာ မဟာဗျူဟာအသစ်

(အကျဉ်းချုပ်တင်ပြသည့် အင်ဖိုဂရပ်ဖစ် ပုံကားချပ်)

https://www.myanmaritdirectory.com/knowledge/how-to/item/5


 Samsung Electronics သည် ကမ္ဘာလုံးဆိုင်ရာ ကော်ပိုရိတ်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ပဏာမခြေလှမ်းဖြစ်သည့် RE100 တွင်လည်း ပါဝင်ပါသည်။

ကိုရီးယားနိုင်ငံပြင်ပရှိ လုပ်ငန်းလည်ပတ်မှုအားလုံး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ငါးနှစ်အတွင်း လုပ်ဆောင်ရန် စီစဉ်ထားပါသည်။

 

အရှေ့တောင်အာရှနှင့် အိုရှန်းနီးယား Southeast Asia and Oceania (SEAO) တွင် Samsung Electronics သည် ၂၀၂၇ ခုနှစ်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် ထုတ်လုပ်သော လျှပ်စစ်ဓာတ်အား အသုံးပြုမှုအတွက် ပန်းတိုင်ကို အရောက်လှမ်းနိုင်မည့် လမ်းကြောင်းပေါ်တွင် ရှိနေပါသည်။

 

နည်းဗျူဟာအသစ်အရ ထုတ်ကုန် သက်တမ်းစက်ဝန်းတစ်လျှောက်လုံးတွင်  အီလက်ထရွန်နစ်ထုတ်ကုန်များ၏ အရင်းအမြစ် တစ်ဖန်ပြန်လည် သုံးစွဲပြီး သံသရာလည်စေခြင်းကို မြှင့်တင်ရန် စီစဉ်နေပါသည်။

Galaxy Z Fold4 နှင့် Flip4 တို့သည် စွန့်ပစ်ထားသော ငါးဖမ်းပိုက်များမှ တစ်ဖန်ပြန်လည်အသုံးပြုထားသော ပလတ်စတစ်များဖြင့် ပေါင်းစပ်ထုတ်လုပ်ထားပါသည်။ ၎င်းလုပ်ဆောင်ချက်ကို အခြားထုန်ကုန်များတွင်လည်း တိုးချဲ့သုံးစွဲသွားမည် ဖြစ်ပါသည်။

အိမ်သုံး အီလက်ထရွန်းနစ် ထုတ်ကုန် ခုနစ်ခု၏ အဓိက မော်ဒယ်များတွင် လျှပ်စစ်ပါဝါ သုံးစွဲမှု နည်းပါးသော နည်းပညာများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်သွားပါမည်။ ၎င်းအိမ်သုံး အီလက်ထရွန်းနစ် ထုတ်ကုန် ၇ မျိုးမှာ စမတ်ဖုန်းများ၊ ရေခဲသေတ္တာများ၊ အဝတ်လျှော်စက်များ၊ လေအေးပေးစက်များ၊ တီဗီများ၊ မော်နီတာများနှင့် တစ်ကိုယ်ရေသုံး ကွန်ပျူတာ PC များတို့ ဖြစ်ပါသည်။ ၎င်းထုတ်ကုန်များတွင် စွမ်းအင်သုံးစွဲမှု လျော့ကျစေမည် ဖြစ်ပါသည်။

ထို့အပြင် အီလက်ထရွန်းနစ် ပစ္စည်း စွန့်ပစ်အမှိုက် e-waste စုဆောင်းမှုစနစ်၏ နယ်ပယ်ကို ယနေ့ နိုင်ငံပေါင်း ၅၀ ဝန်းကျင်မှ ၂၀၃၀ ခုနှစ်တွင် နိုင်ငံပေါင်း ၁၈၀  ကျော်အထိ တိုးချဲ့သွားရန် စီစဉ်လျက်ရှိပါသည်။

တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့သည် လုပ်ငန်းကဏ္ဍ တစ်ရပ်လုံးအတွက် အမြင့်မားဆုံး ရည်မှန်းချက်များထဲမှ တစ်ခုဖြစ်သည့် ၂၀၀၉ မှ ၂၀၃၀ အတွင်း အီလက်ထရွန်းနစ်အမှိုက်တန်ချိန် ၁၀ သန်းကို စုဆောင်းရန် လုပ်ဆောင်နေပါသည်။

 

သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှုတွင် လူတိုင်း ပါဝင်ပတ်သက်ပါသည်

 

နေထိုင်ရာ  မြေကမ္ဘာအတွက်  အားလုံး တက်ညီလက်ညီဖြင့် လုပ်ငန်းကဏ္ဍတစ်ရပ်လုံး ကြိုးစားအားထုတ်ကြရမည် ဖြစ်သည်။

အရှေ့တောင်အာရှနှင့် အိုရှန်းနီးယား(SEAO) ဒေသတွင်းရှိ Samsung ဝန်ဆောင်မှုများ စင်တာအများစုတွင် ပေါင်းစပ်ထည့်သွင်းထားသော ကမ္ဘာလုံးဆိုင်ရာ သုံးစွဲသူဝန်ဆောင်မှုစနစ်နှင့်အတူ ဒေသအနှံ့ရှိ Samsung ဝန်ဆောင်မှုများ စင်တာ Center များတွင် ဂေဟအသိဝာရား လုပ်ထုံးလုပ်နည်းများကို ထည့်သွင်းထားပြီး ဖြစ်ပါသည်။

 Samsung Electronics သည် စက္ကူ သုံးစွဲမှု ကင်းစင်ရေးဆီသို့ ခြေလှမ်းများ လှမ်းနေပါသည်။

 ထုတ်ကုန်ပစ္စည်း ပြုပြင်မှုများ၊ ဝန်ဆောင်မှုမှတ်တမ်းများနှင့် ပြေစာများ အစရှိသည့် သုံးစွဲသူနှင့် စပ်လျဉ်းသည့် စာရွက်စာတမ်းများကို မက်ဆေ့ချ် သို့မဟုတ် အီးမေးလ်မှတစ်ဆင့် အီလက်ထရွန်နစ်စနစ်ဖြင့် မျှဝေပါသည်။

ထို့အပြင် ဩစတြေးလျ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံရှိ သုံးစွဲသူများသည် ဝန်ဆောင်မှုများနှင့်  ပြုပြင်ခြင်းအတွက် ၎င်းတို့ပေးပို့ထားသော မိုဘိုင်းလ်ဖုန်းများကို ၎င်းတို့ထံ ပြန်လည်ပေးပို့သည့်အခါ ဂေဟစနစ်နှင့် လိုက်လျောညီထွေဖြစ်စေသော ပစ္စည်းများဖြင့် ထုပ်ပိုးထားသည်ကို ယခုအခါ လက်ခံရရှိနေပြီဖြစ်သည်။

ဥပမာအားဖြင့် ဩစတြေးလျတွင် သုံးစွဲသူများသည် ၉၆% ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် ဂေဟစနစ်နှင့် လိုက်လျောညီထွေရှိသော ထုပ်ပိုးမှုကို ရရှိမည်ဖြစ်ပြီး ၎င်း ထုပ်ပိုးပစ္စည်း ကတ်ထူဘူးခွံကို  ပရိဘောဂအဖြစ် ပြန်လည်အသုံးပြုနိုင်သည်။

 

 

အီလက်ထရွန်းနစ် စွန့်ပစ်ပစ္စည်း E-waste ကို လျော့နည်းစေခြင်း

 

 ယခုအခါ E-waste စွန့်ပစ်ရန် ဂေဟပုံးများ SEAO တွင်  Samsung ဝန်ဆောင်မှုများ စင်တာ ၁၈၀ ခုမှာ ရနိုင်ပါသည်။ သုံးစွဲသူများသည် ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းဟောင်းများကို အဆင်ပြေပြေ စွန့်ပစ်ပြီး ၎င်းမိုဘိုင်းလ်ဖုန်းဟောင်းများကို သင့်လျော်သော နည်းလမ်းဖြင့် တစ်ဖန်  ပြန်လည်အသုံးပြုခွင့်ပေးခြင်း ဖြစ်သည်။

 e-waste လျှော့ချရန်အတွက် သုံးစွဲသူများသည် Eco Repair မှတစ်ဆင့် တပ်ဆင်မှု module များကို အစားထိုးလဲလှယ်မည့်အစား ချို့ယွင်းနေသော အစိတ်အပိုင်းများကိုသာ အစားထိုးလဲလှယ်နိုင်ပါသည်။

စွန့်ပစ်လိုက်သော စမတ်ဖုန်းများ၊ တီဗီများ၊ ရေခဲသေတ္တာများ အစရှိသည့် ပစ္စည်းကိရိယာမှ ရွှေ၊ ငွေ နှင့် အခြားသတ္တု အစိတ်အပိုင်းများကို ရယူပြီး တစ်ဖန်ပြန်လည် သုံးစွဲပါသည်။ 

 

စင်ကာပူတွင် 'Go Green, Go Galaxy' အစီအစဉ်ကို စက်တင်ဘာလတွင် စတင်ခဲ့သည်။

Samsung စတိုးဆိုင်အတွင်းရှိ e-waste ပုံးများတွင် စမတ်နာရီဟောင်းနှင့် ကြိုးမဲ့နားကြပ်အဟောင်းများကို စွန့်ပစ်ပေးပါက Samsung Galaxy Watch5 စီးရီးနှင့် Galaxy Buds2 Pro တို့ကို အပိုလျှော့စျေးများ ပေးအပ်ပါသည်။

 

Samsung Electronics ၏ e-waste အော်ပရေတာလုပ်ဖော်ကိုင်ဖက်ဖြစ်သော Alba သည် ၎င်းပစ္စည်းဟောင်းများကို ရယူစုဆောင်းပြီး အဆိုပါပစ္စည်းဟောင်းများမှ ပြန်လည်ရရှိလာသော ကုန်ကြမ်းများကို သင့်လျော်သည့်နေရာတွင် သုံးစွဲရန် ပေးပို့ပါသည်။

 

သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေး၏ အရေးပါမှုနှင့်ပတ်သက်သည့် လူထုပညာပေးခြင်းသည် အနာဂတ်အတွက် အလွန်အရေးကြီးပါသည်။ အထူးသဖြင့် လူငယ်များ အကြားတွင် ဖြစ်ပါသည်။ ထို့အတွက် Solve for Tomorrow အပါအဝင် အစီအစဉ်များဖြင့် လူငယ်များကို ပုံမှန်လက်လှမ်း မီစေပါသည်။

သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲမှုအတွက် ဆန်းသစ်တီထွင်ဖန်တီးမှုများစွာတို့ Solve for Tomorrow မှ ပေါ်ထွက်ပါသည်။

နှစ်စဉ် စာသင်သားပြိုင်ပွဲသည် Science, Technology, Engineering and Mathematic (STEM) ကျွမ်းကျင်မှုကို စူးစိုက်ထားပါသည်။

 

အားလုံးအတွက် ပိုမိုကောင်းမွန်သော ဂြိုဟ်ကမ္ဘာ ဖန်တီးရန် ဆောင်ရွက်မှု

 

Samsung တွင် ပတ်ဝန်းကျင်ဆိုင်ရာတာဝန်များကို အလွန်အမင်း အလေးအနက်ထား ဆောင်ရွက်ပါသည်။

ကုမ္ပဏီ၏ မဟာဗျူဟာ တစ်ခုတည်းဖြင့် အားလုံးကို ဖြေရှင်းပေးနိုင်မည် မဟုတ်ကြောင်း သိထားသော်လည်း  Samsung သည် လူငယ်များနှင့် အနာဂတ်မျိုးဆက်များအတွက် ကမ္ဘာဂြိုဟ်ကာကွယ်မှုတွင် တက်ကြွစွာ ပါဝင်ကြောင်း သေချာစေရန် ရဲရဲရင့်ရင့် လုပ်ဆောင်နေပါသည်။

လာမည့်နှစ်တွင် ဒေသတွင်းစျေးကွက်များတစ်လျှောက် ရဲရင့်သော ပတ်ဝန်းကျင်ဆိုင်ရာလုပ်ဆောင်ချက်များနှင့် လျာထားချက်များကို  Samsung က လုပ်ဆောင်နေသဖြင့်  အမှန်တကယ် မြင်သာထင်သာရှိပြီး လက်ဆုပ်လက်ကိုင် ပြသနိုင်သောပြောင်းလဲမှုများကို မြင်တွေ့ရန် မျှော်လင့်နိုင်ပါသည်။

Samsung Electronics ၏ ဝန်ထမ်းများ၊ ဖောက်သည်များ၊ လုပ်ငန်းကဏ္ဍနှင့် အစိုးရလုပ်ဖော်ကိုင်ဖက်များနှင့် လက်တွဲလုပ်ဆောင်ခြင်းဖြင့် ပိုမိုကောင်းမွန်သောကမ္ဘာကို ဖော်ဆောင်နိုင်ရန်နှင့် အရှေ့တောင်အာရှနှင့်  အိုရှန်းနီးယား ဒေသတွင်းနှင့် ပြင်ပရှိ ဒေသများရှိ  စားသုံးသူများ၏ နေ့စဉ်ဘဝများတွင် အစိတ်အပိုင်းတစ်ခုအဖြစ် ရေရှည်တည်တံ့နိုင်စေရန် လုပ်ဆောင်နေသော အပြောင်းအလဲများနှင့် ပတ်သက်၍ အောင်မြင်ဖြစ်ထွန်းမည်ဟု အကောင်းမြင်ထားပါသည်။

Source Samsung Electronics


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

How To Read 232 times