နိုင်ငံကူးလက်မှတ်  ဗီဇာဩဇာ အဆင့်အတန်း


15 January, 2023

နိုင်ငံကူးလက်မှတ်  ဗီဇာဩဇာ အဆင့်အတန်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

နောက်ဆုံးထုတ်ပြန်သည့် Henley Passport Index အရ ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဗီဇာဩဇာအကြီးဆုံး နိုင်ငံကူးလက်မှတ်ဖြင့် ၂၀၂၃ ခုနှစ်ကို စတင်ခဲ့ပြီး နိုင်ငံ ၁၉၃ ခုသို့ ကြိုတင်ဗီဇာကင်းလွတ် ဝင်ရောက်ခွင့် ရရှိထားသည်။ 
ပြုခဲ့သည်။ ထိပ်ဆုံးနိုင်ငံ ဖြစ်နေသည်မှာ ၅ နှစ် ဆက်တိုက် ရှိပြီ ဖြစ်သည်။

၂၀၂၁ နှစ်ကုန်တွင် ဂျပန်နိုင်ငံကူးလက်မှတ် ၂၄ သန်း ထုတ်ပေးထားကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက အချက်အလက် ထုတ်ပြန်သည်။
၂၀၂၀ ထက် ခုရေ ၃ သန်း ပိုလျော့ကျခဲ့ပြီး နိုင်ငံလူဦးရေ၏ ၂၀% အောက်တွင်သာ ရှိနေသေးသည်။

၂၀၂၂ ဇူလိုင်လမှာ နိုင်ငံ ၁၃ ခုတွင်ပြုလုပ်ခဲ့သော Morning Consult စစ်တမ်းတွင် ဂျပန်နိုင်ငံရှိ အရွယ်ရောက်ပြီးသူ ဖြေဆိုသူ ၃၅% သည် အပန်းဖြေခရီးထွက်ရန် အစီအစဉ်မရှိတော့ကြောင်း ဖြေဆိုခဲ့ကြသည်။ ဒုတိယနေရာတွင် ရှိနေသော တောင်ကိုရီးယားတွင် ဖြေဆိုသူ ၂၅% ကသာ ပြည်ပအပန်းဖြေခရီး သွားဖို့ စိတ်ကူးမရှိကြောင်း ဖြေဆိုခဲ့သည်။ 
 
၂၀၂၂ ၏ ပထမ ၁၀ လအတွင်း ဂျပန်နိုင်ငံမှ ပြည်ပသို့ ခရီးသွားသူ ဦးရေ ၂ သန်းနီးပါး ရှိခဲ့ကြောင်း ဂျပန်အမျိုးသားခရီးသွားလုပ်ငန်းအဖွဲ့မှ အချက်အလက် ထုတ်ပြန်သည်။
ကိုဗစ်မတိုင်ခင် ၂၀၁၉ တွင် ပြည်ပသို့ ခရီးသွားသူ ဦးရေ သန်း ၂၀ ရှိခဲ့ပါသည်။


စင်ကာပူနှင့် တောင်ကိုးရီးယားတို့က  ပူးတွဲဒုတိယနေရာတွင် ဆက်လက်ရပ်တည်လျက် ရှိသည်။ ၎င်းတို့ပြီးလျှင် ဥရောပနိုင်ငံများ ဖြစ်ကြသည့် ဂျာမနီနှင့် စပိန်တို့ ရှိနေသည်။ ၁၉၁ နိုင်ငံသို့  ကြိုတင်ဗီဇာ ယူရန် မလိုဘဲ သွားနိုင်သည်။

အခြားဥရောပ နိုင်ငံများသည့် အဆင့် ၁၀၉ အထိ အတွင်းမှာ ရှိနေကြသည်။
အမေရိကန်ပြည်ထောင်စုသည် အဆင့် ၂၂ ကို ရရှိသည်။ ၁၈၆ နိုင်ငံသို့ ကြိုတင်ဗီဇာ ယူရန် မလိုဘဲ သွားနိုင်သည်။ ဆွစ်ဇာလန်၊ နယူးဇီလန်၊ နော်ဝေတို့နှင့် အတူတူ ဖြစ်သည်။
တရုတ်ပြည်မ နိုင်ငံကူးလက်မှတ်သည် နိုင်ငံ ၈၀ ခုသို့ ကြိုတင်ဗီဇာ ယူရန် မလိုဘဲ သွားနိုင်သည်။ ဘိုလီဗီးယားနှင့် အတူတူပင် ဖြစ်သည်။
အနည်းဆုံးများထဲတွင် အာဖဂန်နစ္စတန် ပါဝင်ပြီး ၂၇ နိုင်ငံသို့ ကြိုတင်ဗီဇာ ယူရန် မလိုဘဲ သွားနိုင်သည်။
 
လန်ဒန်အခြေစိုက် လူဝင်မှုကြီးကြပ်ရေးအတိုင်ပင်ခံ Henley & Partners မှထုတ်ဝေသော အဆင့်သတ်မှတ်ချက်သည် အပြည်ပြည်ဆိုင်ရာလေကြောင်းပို့ဆောင်ရေးအသင်း Air Transport Association မှ အချက်အလက်များကို အသုံးပြုပြီး နိုင်ငံနှင့် ပိုင်နက်ဒေသ ၂၂၇  ခုသို့ နိုင်ငံကူးလက်မှတ် ၁၉၉ ခုတို့၏ ကြိုတင်ဗီဇာ ယူရန် မလိုဘဲ ပြည်ဝင်ခွင့် ရရှိသည့် နိုင်ငံများ စာရင်းကို ဆန်းစစ်ပြီး နိုင်ငံကူးလက်မှတ် အသီးသီး၏ ဗီဇာဩဇာ အဆင့် သတ်မှတ်ပေးထားသည်။

ဗီယက်နမ်နိုင်ငံကူးလက်မှတ်သည် ကြိုတင်ဗီဇာ ယူရန် မလိုဘဲ ၅၅ နိုင်ငံသို့ သွားနိုင်သည်။ အဆင့် ၈၈ ကို ရရှိသည်။
ကမ္ဘောဒီးယားသည် အဆင့် ၈၉၊ လာအို အဆင့် ၈၃၊ မြန်မာ အဆင့် ၉၆ အသီးသီး ရရှိသည်။

မြန်မာနိုင်ငံကူးလက်မှတ် ကြိုတင်ဗီဇာမယူဘဲ သွားနိုင်သော နိုင်ငံများ
*visa on arrival
**eTA

OCEANIA
Cook Islands
Micronesia
Niue
Samoa *
Tuvalu *

MIDDLE EAST
Armenia *
Iran *
Jordan *

CARIBBEAN
Dominica
Haiti
Montserrat
St. Vincent and the Grenadines

ASIA
Brunei
Cambodia *
Indonesia
Laos
Macao (SAR China) *
Maldives *
Nepal *
Philippines
Singapore
Sri Lanka **
Taiwan (Chinese Taipei) **
Thailand
Timor-Leste *
Vietnam

AMERICAS
Bolivia *
Ecuador
Nicaragua *

AFRICA
Burundi *
Cape Verde Islands *
Comoro Islands *
Guinea-Bissau *
Madagascar *
Malawi *
Mauritania *
Mauritius *
Mozambique *
Rwanda *
Senegal *
Seychelles *
Somalia *
St. Helena *
Tanzania *
Togo *
Uganda *
Zambia *
 

အရှေ့တောင်အာရှ နိုင်ငံများတွင် စင်ကာနှင့် မလေးရှားတို့သည် အဆင့်မြင့်မားသည်။ စင်ကာပူသည် ၁၉၂ နိုင်ငံဖြင့် ဒုတိယနေရာ ရရှိသည်။ မလေးရှားသည် ၁၇၉ နိုင်ငံဖြင့် အဆင့် ၁၄ ရရှိသည်။
ထိုင်းနိုင်ငံသည် အဆင့် ၆၈ တွင် ဘီလာရုစ်နှင့် ပူးတွဲနေရာယူထားပြီး ၇၈ နိုင်ငံသို့ ကြိုတင်ဗီဇာ ယူရန် မလိုဘဲ သွားနိုင်သည်။

ဗီဇာဩဇာ အနည်းပါးဆုံး နိုင်ငံများမှာ ယီမင်၊ ပါကစ္စတန်၊ ဆီးရီးယား၊ အီရတ်နှင့် အာဖဂန်နစ္စတန် တို့ ဖြစ်သည်။

SourceHenley Passport Index 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Laws and Regulations Read 2393 times