ဘတ် အလွန်အကျွံ ရွေ့လျားမှုများကိုသာ ထိန်းချုပ်ရန် စီမံမည်ဟု ထိုင်းဗဟိုဘဏ် ပြောကြား


27 October, 2022

ဘတ် အလွန်အကျွံ ရွေ့လျားမှုများကိုသာ ထိန်းချုပ်ရန် စီမံမည်ဟု ထိုင်းဗဟိုဘဏ် ပြောကြား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ဘတ်ငွေက ဒေသတွင်း ငွေကြေးများနှင့် လိုက်လျောညီထွေ ရွေ့လျားနေပြီး မတည်ငြိမ်မှုကို စီမံခန့်ခွဲရန်အတွက် ပြင်ပအကြောင်းအချက်က အဓိက ဘောင်ခတ်ကန့်သတ်ထားကြောင်း ထိုင်းဗဟိုဘဏ် Bank of Thailand (BoT) အကြီးအကဲ Sethaput Suthiwartnarueput က ကြာသပတေးနေ့(အောက်တိုဘာ ၂၇) မှာ ပြောကြားခဲ့ပါတယ်။ 
ဘတ်ငွေသည် ဈေးကွက်ရဲ့ အားများနှင့် အညီ ရွေ့လျားနေသင့်ပြီး BoT က အလွန်အကျွံ ရွေ့လျားမှုများကိုသာ ထိန်းချုပ်ရန် စီမံမယ်လို့   Mr Sethaput  က သတင်းထောက်များကို ပြောကြားခဲ့သည်။
“ဘတ်ငွေမှာ မြင့်မားတဲ့ မတည်ငြိမ်မှုတွေကို ကျွန်တော်တို့ မမြင်ချင်ပါဘူး” လို့ သူက ပြောသည်။ 
  "အချို့သောကာလမျာမှာ မတည်ငြိမ်မှုများကို တားဆီးရန် လိုအပ်သော်လည်း စျေးကွက်ကို ဆန့်ကျင်ပြီးတော့ လုပ်ကိုင်ဖို့ မဟုတ်ဘူး" လို့ သူက ပြောကြားပါတယ်။
ဗဟိုဘဏ်အနေဖြင့် ပုဂ္ဂလိကကဏ္ဍအား ငွေကြေးများကြောင့် ဖြစ်ပေါ်တဲ့ ဆုံးရှုံးမယ့်အရေးများကို အရန်အတား လုပ်ထားကြဖို့  တိုက်တွန်းထားကြောင်း ၎င်းက ပြောကြားသည်။ 
 .
ဘတ်ငွေသည် ကြာသပတေးနေ့(အောက်တိုဘာ ၂၇) နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၃၇ ဒသမ ၈၁ ဘတ် ဖြင့် ရောင်းဝယ်ခဲ့ပါတယ်။ ဒေါ်လာနှင့် ငွေလဲနှုန်းတွင် ၁၆ နှစ်တာအတွင်း အနိမ့်ဆုံးအမှတ်အနီးမှာ ရောက်နေပါတယ်။ 
ယခုနှစ်တွင် ဒေါ်လာနှင့် ယှဉ်လျှင် ယခုအထိ ၁၁.၇% ခန့် တန်ဖိုးကျဆင်းခဲ့ပါတယ်။ 
BoT က ဘတ်ငွေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။
Source Bangkokpost
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 229 times