ဂျပန်ဗဟိုဘဏ် ဒစ်ဂျစ်တယ်ယန်း အင်တာနက်မပါ ငွေပေးချေမှု စမ်းသပ်မည်


24 November, 2022

ဂျပန်ဗဟိုဘဏ် ဒစ်ဂျစ်တယ်ယန်း အင်တာနက်မပါ ငွေပေးချေမှု စမ်းသပ်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


ဂျပန်ဗဟိုဘဏ်သည်  ဒစ်ဂျစ်တယ်ငွေကြေးကို ထုတ်ဝေရန် သင့်မသင့်ကို ၂၀၂၆ ခုနှစ်တွင် ဆုံးဖြတ်ချက်ချရန် စီစဉ်ထားသည်။
.
ဂျပန် ဗဟိုဘဏ် ဖြစ်သည့် Bank of Japan (BoJ) သည်  ဗဟိုဘဏ် ဒစ်ဂျစ်တယ် ငွေကြေး central bank digital currency (CBDC) ထုတ်ဝေရန် မသေချာ‌ေသးသော်လည်း အလားအလာရှိသော ဒစ်ဂျစ်တယ်ယန်းကို ဆက်လက်စမ်းသပ်နေဆဲ ဖြစ်သည်။
.
ဂျပန်ဗဟိုဘဏ်သည် CBDC ဖြင့် ငွေထုတ်ပေးခြင်းဆိုင်ရာ ရှေ့ပြေးလုပ်ဆောင်စမ်းသပ်မှုကို မဟာဘဏ်ကြီး သုံးခုနှင့် ဒေသတွင်းဘဏ်များနှင့် ပူးပေါင်းကာ စတင်‌ေနကြောင်း ဒေသတွင်းသတင်းအေဂျင်စီ Nikkei က သတင်းဖော်ပြခဲ့သည်။
.
ရှေ့ပြေးလုပ်ဆောင်စမ်းသပ်မှုသည် ၂၀၂၃ ခုနှစ် နွေဦးရာသီမှာ စတင်မည်။ ဂျပန်နိုင်ငံ၏ နိုင်ငံတော် ဒစ်ဂျစ်တယ်ငွေကြေးဖြစ်သော "ဒစ်ဂျစ်တယ်ယန်း" ထုတ်ပေးမှုအတွက် သရုပ်ပြစမ်းသပ်မှုများကို ပံ့ပိုးပေးရန် ရည်ရွယ်ပါသည်။
.
စမ်းသပ်မှု၏တစ်စိတ်တစ်ပိုင်းတွင် BoJ သည် ဖောက်သည်များ၏ အပ်ငွေများနှင့် ဘဏ်စာရင်းမှ ငွေထုတ်ခြင်းဆိုင်ရာ ပြဿနာများကို ရှာဖွေပြီး ၎င်းပြဿနာများအတွက် အဖြေများ ရှာဖွေဖြေရှင်းရန်အတွက် အဓိကကျသည့် ပုဂ္ဂလိကဘဏ်များနှင့် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်။ 
.
စမ်းသပ်မှုအမျိုးမျိုးတို့တွင် အင်တာနက်မပါဘဲ ငွေပေးချေမှုများကို စမ်းသပ်ခြင်းလည်း ပါဝင်မည် ဖြစ်သည်။  
ဂျပန်နိုင်ငံ၏  CBDC ကို အော့ဖ်လိုင်းလုပ်ဆောင်နိုင်စွမ်း စမ်းသပ်မည်ဖြစ်သည်။
.
ဂျပန်ဗဟိုဘဏ်သည်  CBDC စမ်းသပ်မှုကို ၂ နှစ်ခန့် ဆက်လက်လုပ်ဆောင်သွားရန် စီစဉ်ထားသည်။
ဒစ်ဂျစ်တယ်ငွေကြေးကို ထုတ်ပေးမပေး ဆိုသည်ကို ၂၀၂၆ ခုနှစ်တွင် ဆုံးဖြတ်ချက်ချမည်။
.
ကမ္ဘာတစ်ဝှမ်းရှိနိုင်ငံများသည် CBDC သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံချက်များကို ပိုမိုလုပ်ဆောင်လာကြသည်။တရုတ်နိုင်ငံသည်  CBDC တွင် ရှေ့ဆုံးမှ ဦးဆောင်နေသည်။
အိန္ဒိယနိုင်ငံ ဗဟိုဘဏ် Reserve Bank of India သည်လည်း ဒစ်ဂျစ်တယ်ရူပီကို လက်လီအရောင်းကဏ္ဍအတွက် စတင်စမ်းသပ်ရန် ပြင်ဆင်နေသည်။ State Bank of India အပါအဝင် အဓိကကျသည့် ပြည်တွင်းဘဏ်များနှင့် ပူးပေါင်းစမ်းသပ်မှုကို ဒီဇင်ဘာလတွင် ဆောင်ရွက်မည်။
အမေရိကန် ဗဟိုဘဏ်  Federal Reserve Bank of New York ၏ Innovation Center က CBDC ရှေ့ပြေးလုပ်ဆောင်စမ်းသပ်မှုကို BNY Mellon, Citi, HSBC အပါအဝင် မဟာဘဏ်လုပ်ငန်းကြီးများနှင့် သီတင်းပတ် ၁၂ ပတ် စမ်းသပ်မည်ဟု ကြေညာခဲ့ပါသည်။
Source cointelegraph
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 262 times