ယွမ်ဈေး ထိန်းဖို့  တရုတ်ဗဟိုဘဏ် သတိပေးချက် ထုတ်ပြန်


30 September, 2022

ယွမ်ဈေး ထိန်းဖို့  တရုတ်ဗဟိုဘဏ် သတိပေးချက် ထုတ်ပြန်

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

 

တရုတ်ပြည်တွင်း ရောင်းဝယ်တဲ့ ယွမ်ကို ကုန်တွင်းယွမ် onshore yuan လို သုံးနှုန်းကြပြီး ပြည်ပမှာ ရောင်းဝယ်ကြတဲ့ယွမ်ကို ကမ်းလွန်ယွမ် offshore yuan လို သုံးနှုန်းကြပါတယ်။
ပြည်တွင်းမှာ ဗဟိုဘဏ် ရည်ညွှန်းဈေး ±၂% ဘောင်အတွင်းမှာ ရောင်းဝယ်ကြရပါတယ်။
ဗဟိုဘဏ်ဖြစ်တဲ့ People’s Bank of China က ဗုဒ္ဓဟူးနေ့မှာ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ 
ဈေးကစားသူတွေဟာ ရေရှည်မှာ ငွေဆုံးရှုးမှာ သေချာကြောင်း၊ အဓိကစျေးကွက်တွင်ပါဝင်သူများသည် "အာဏာပိုင် ချမှတ်တဲ့ ဈေးနှုန်းကို ကာကွယ်ရန်" လိုအပ်ကြောင်း သတိပေးပါတယ်။
ကြာသပတေးနေ့မှာ ကန်ဒေါ်လာနှင့် ယွမ် လဲနှုန်းမှာ ယွမ်တန်ဖိုးကျနေတာ ရပ်သွားပြီး ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ပါတယ်။
ကုန်တွင်းယွမ် ကန်ဒေါ်လာနှင့်လဲနှုန်း ယခုနှစ်အတွင်း ၄% ဝန်းကျင် ကျဆင်းခဲ့ပါတယ်။
ငွေကြေးဈေးကွက်များမှာ ရောင်းဝယ်ကြတဲ့ ယွမ်များရဲ့ ၇၀% ဝန်းကျင်ဟာ ကမ်းလွန်ယွမ်များ ဖြစ်တာကြောင့် ပြည်တွင်းယွမ် ရောင်းဝယ်မှုက အရေးသိပ်မပါလှပါ။ 
ဗဟိုဘဏ် People’s Bank of China (PBOC) က နိုင်ငံပိုင်ဘဏ်ကြီးများကို ပြည်ပရှိ ဘဏ်ခွဲများက ကန်ဒေါ်လာကို ယွမ်ဖြင့် ရောင်းချဖို အဆင်သင့် ပြင်ခိုင်းထားတယ်လို ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ကမ်းလွန်ယွမ် ဈေးကွက်ထဲမှာ တစ်ချိန်တည်း တစ်ပြိုင်တည်း ကန်ဒေါ်လာတွေ ရောင်း‌ေနစဉ်ယွမ်‌ေတွကို ဝယ်ယူမှာ ဖြစ်ပါတယ်။

ဟောင်ကောင်၊ နယူးယောက်နှင့် လန်ဒန်အခြေစိုက် ကမ်းလွန်ဘဏ်ခွဲများအပါအဝင် နိုင်ငံပိုင်ဘဏ်ကြီးများရဲ့ ကမ်းလွန်ဘဏ်ခွဲများအား လက်ထဲရှိတဲ့ ငွေကြေးများကို ပြန်လည်စိစစ်ပြီး အမေရိကန် ဒေါ်လာ ထုတ်ရောင်းဖို အရန်ငွေများ အဆင်သင့်ဖြစ်ကြောင်း သေချာအောင် ဆောင်ရွက်ထားဖို ညွှန်ကြားထားပါတယ်။

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

အဖွားရဲ့ ကလေးတွေပေါ့ သားရဲ့

 

 

 

 

Banking & Loan Read 285 times