နိုင်ငံခြားငွေ လွှဲပြောင်း၊ လက်ခံတဲ့အခါ ဘဏ်နာမည်ကို ဘယ်လိုထည့်သွင်းမလဲ


19 February, 2019

သွင်းကုန်နဲ့ ထုတ်ကုန် ကြေညာလွှာတွေ တင်သွင်းရာမှာ နိုင်ငံခြားငွေ လွှဲပြောင်း လက်ခံခြင်းဆိုင်ရာ ကိစ္စရပ်တွေအတွက် ဘဏ်နာမည် ( Bank Name ) ထည့်သွင်းတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး သတိထားရမယ့် အချက်တွေကို ဖော်ပြလိုက်ပါတယ်။

သွင်းကုန်ကြေညာလွှာ တင်သွင်းတဲ့အခါ Note 2 အကွက်မှာ မိမိ လွှဲပြောင်းပေးမယ့် ဘဏ်နာမည် တစ်ခုထဲကို တိကျစွာ ဖော်ပြနိုင်မယ်ဆိုရင် ဖော်ပြပေးတာ အကောင်းဆုံးပါ။ တကယ်လို့ မဖော်ပြနိုင်ဘူးဆိုရင် အသုံးပြုဖို့ ရည်ရွယ်ထားတဲ့ ဘဏ်နာမည်ကို အများဆုံး ၃ ခုထိ ဖော်ပြပေးဖို့ လိုပါတယ်။

ဥပမာ - Note 2 အကွက်မှာ UAB, CB, AYA စသဖြင့် မိမိ သုံးချင်တဲ့ ဘဏ်နာမည် ( ၃ ) ခုကို ဖော်ပြပေးရမှာ ဖြစ်ပါတယ်။

ထုတ်ကုန်ကြေညာလွှာ တင်သွင်းမှာ ဆိုရင်တော့ ဘဏ်အကောင့်နံပါတ် ( Bank Account No. ) ဆိုတဲ့ အကွက်မှာ ဘဏ်အကောင့်နံပါတ်ကို ထည့်သွင်းစရာ မလိုတော့ပဲ ငွေလွှဲပြောင်း ပေးပို့ရာမှာ အသုံးပြုမယ့် ဘဏ်နာမည် တစ်ခုထဲကို တိကျစွာ ဖော်ပြပေးလို့ ရပါတယ်။

တိကျစွာ ဖော်ပြမပေးနိုင်ဘူးဆိုရင် အပေါ်မှာ ပြောပြထားတဲ့ သွင်းကုန်ကြေညာလွှာ အတိုင်းပဲ မိမိ အသုံးပြုဖို့ ရည်ရွယ်ထားတဲ့ ဘဏ်နာမည်ကို အများဆုံး ၃ ခုထိ ဖြည့်သွင်းပေးရမှာပါ။

ဒီလို နိုင်ငံခြားငွေ လွှဲပြောင်း လက်ခံခြင်းဆိုင်ရာ ကိစ္စရပ်တွေအတွက် ဘဏ်နာမည် ( Bank Name ) ထည့်သွင်းတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး သတိထားရမယ့် အချက်တွေကို စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက သတိပေး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

သွင်းကုန်နဲ့ ထုတ်ကုန် ကြေညာလွှာ တင်သွင်းလိုတဲ့ သူတွေအနနဲ့ နိုင်ငံခြားငွေ လွှဲပြောင်း လက်ခံတဲ့အခါ သတိပြုပြီး အဆင်ပြေ လွယ်ကူစွာ တင်သွင်းနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

ဝန်ကြီးဌာနရဲ့ ထုတ်ပြန် ကြေညာချက်ကို အောက်ဖော်ပြပါ လင့်ခ်ကနေလည်း ဝင်ရောက် ကြည့်ရှုလို့ ရပါတယ်။

https://bit.ly/2EhES3A 

Banking & Loan How To Read 511 times