ငွေကြေးလွယ်ကူမှုအချိုးတွက်ချက်သည့်ပုံစံ ယာယီပြင်ဆင်သတ်မှတ်ချက် သက်တမ်းတိုး


06 August, 2021

ငွေကြေးလွယ်ကူမှုအချိုးတွက်ချက်သည့်ပုံစံအား ယာယီပြင်ဆင်သတ်မှတ်သည့် ညွှန်ကြားချက်အား ထပ်မံသက်တမ်းတိုးမြှင့်ခြင်း


၁။ COVID-19 နှင့်ဆက်စပ်သည့် သက်ရောက်မှုများ လျော့ပါးသက်သာစေရေးအတွက် ဘဏ်များအား ဖြေလျှော့ပေးသည့်အနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေကြေးလွယ်ကူမှုအချိုး တွက်ချက် ရာတွင် သက်တမ်းတစ်နှစ်ထက်ပို၍ ကျန်ရှိသော ငွေတိုက်စာချုပ်များတန်ဖိုး၏ ၅၀% ကို ထည့်သွင်း တွက်ချက်ရန် ခွင့်ပြုခဲ့ခြင်းအစား ၉၀% အထိ ထည့်သွင်းတွက်ချက်ခွင့်ပြုသည့် ယာယီပြင်ဆင် သတ်မှတ်ချက်ကို ရည်ညွှန်းချက်(၁)ပါ ညွှန်ကြားချက်ဖြင့် ၂၀-၄-၂၀၂၀ ရက်နေ့မှ ၃၀-၉-၂၀၂၀ ရက်နေ့ အထိလည်းကောင်း၊ ရည်ညွှန်းချက်(၂)ပါ ညွှန်ကြားချက်ဖြင့် ၁-၁၀-၂၀၂၀ ရက်နေ့မှ ၃၁-၃-၂၀၂၁ ရက်နေ့အထိလည်းကောင်း သက်တမ်းထပ်မံတိုးမြှင့်ပေးခဲ့ပါသည်။

၂။ ယခုအခါ ဘဏ်များ၏ ငွေကြေးလွယ်ကူမှုကို အလေးထားပံ့ပိုးပေးနိုင်ရန်အတွက် ငွေကြေး လွယ်ကူမှုအချိုးတွက်ချက်မှုပုံစံ ယာယီပြင်ဆင်သည့်ကာလအား ၁-၄-၂၀၂၁ ရက်နေ့မှ ၃၀-၉-၂၀၂၁ ရက်နေ့အထိ သက်တမ်းထပ်မံတိုးမြှင့် ပေးလိုက်သည်။

၃။ ငွေကြေးလွယ်ကူမှုအချိုးတွက်ချက်ခြင်း ယာယီပြင်ဆင်ချက်ကို ထပ်မံသက်တမ်းတိုးမြှင့် ပေးခြင်းမှအပ ငွေကြေးလွယ်ကူမှုအချိုးသတ်မှတ်ချက်ဆိုင်ရာစည်းမျဉ်းပါ ကျန်အချက်များသည် ယခင်အတိုင်း မပြောင်းလဲဘဲ ဆက်လက်တည်ရှိမည်ဖြစ်သည်။


 

Laws and Regulations Banking & Loan Read 151 times